Wednesday 24 October 2012

ကိုင်း…နှောလိုက်ဦးမယ် နတ်သံ . . .

ဦးဟန်ကြည်တစ်ယောက် 
 အလကားမတ်တင်းရတဲ့ ဘလော့လေးဆောက်ပြီး ကိုယ်စိတ်ထင်တာလေးတွေ ချောက်ချီးချောက်ချက် စပြီးရေးပဟေ့ဆိုတဲ့ အချိန်ကတည်းက တစ်လကို အနည်းဆုံး ပို့စ်တစ်ခုလောက်ကတော့ မပျက်မကွက် တင်ဖြစ်ခဲ့သပေါ့။ သို့ပေမင့် လွန်ခဲ့တဲ့ လေးလ၀န်းကျင်လောက်ကတည်းက ဘလော့လည်းမဂင်းဖြစ်၊ ဖွဘွတ်လည်း ဟုတ်ဟုတ်ငြားငြား မသုံးဖြစ်လေတော့ ဘလော့ရွာကြီး ဘာတွေဖြစ်လို့ ဘာတွေပျက်ကုန်ပြီဆိုတာ နကမ္ပတ္တိ နကန်းတစ်လုံးမှကို မသိဘဲဖြစ်နေပါရောလား။ ၀ါဆိုဦးကတည်းက အနှီလို ပျောက်ချက်သားကောင်းလိုက်တာ အခုလို သီတင်းကျွတ်ကာနီးမှ ဆိုင်းမဆင့်၊ ဗုံမပါ ပြန်ပေါ်လာတော့တာမို့ ဦးဟန်ကြည်တစ်ယောက်ဖြင့် လူ့ပြည်ညည်းလို့ နတ်ထီးစံ ( ဟုတ်ပေါင် . . . )  လောကီညည်းလို့ မြိုင်ကြီးစံတယ်လို့များ အထင်တော် မမှားကြဖို့ သတင်းမပျက်အောင် ရှင်းချက်ကလေးတော့ အရင်ဆောင်ရဦးမယ် ထင်ရဲ့။

ချစ်လှစွာသော မဒမ်ဟန်ကြည်ကို ခင်ပွန်းဝတ္တရားငါးပါးနဲ့ အညီပြုစုလုပ်ကျွေးဖို့ တာဝန်ကြီးရှိနေတဲ့ ဦးဟန်ကြည်ခမျာ တောထွက်ဖို့ နေနေသာသာ တစ်နေ့တာ အလုပ်ချိန်ပြီးရင်တောင် ဟိုဟိုသည်သည် သဝေမထိုးရဲဘဲ အချိန်တန်ရင် ချည်တိုင် ( ဟုတ်ပေါင် . . .  ) အိမ်ပြန်ရပါသဗျား။ တရားရဖို့အတွက်ကိုတော့ တောထွက်စရာမလိုဘဲ ရွှေပြည်က လူကြီးသူမတွေရဲ့ လုပ်ရပ်တွေ၊ စိတ်ဓာတ်တွေကို ထိုင်ကြည့်ရင်း၊ နားထောင်ရင်းနဲ့တင် တရားတင်မကဘဲ၊ သံဝေဂပါအဆစ်ရရှာတဲ့ ရွှေပြည်သားစစ်စစ်ကြီး မဟုတ်ပါလား မိတ်ဆွေတို့ရေ။ အနှီလို မျက်စိတစ်ချက်ဝေ့ရုံနဲ့တင် စိတ်အကြံမြောက်၊ အဓိဋ္ဌာန်ပေါက်ပြီး အဆင်သင့်ရင် အရှင်လတ်လတ် နိဗ္ဗာန်ပါရောက်နိုင်တဲ့ ပါရမီထူး၊ ဓာတ်ခံထူးတွေ ပွင့်ဖူးစည်ပင်ရာ ရွှေပြည်မဟာကို တမြတ်တနိုး ရှိလွန်းလို့လည်း ဖောရင်းမလားဘူးတဲ့ တောတွင်းသားဦးဟန်ကြည်အဖြစ်ကို သည်နေ့သည်အချိန်အထိ ကျားပိန်တွယ် တွယ်ထားရရှာပါသဗျား။

စာမရေးရရင် စားမ၀င်အိပ်မပျော်ချင်တဲ့ ၀ဋ်နာကံနာဆိုးကြီး မွေးကတည်းက ပါလာရှာတဲ့ ဦးဟန်ကြည်ကို ဘယ်ဒင်းသော ပါပဂြိုဟ်စီးဂြိုဟ်နင်းများက ကူညီကာဝိုင်းပြီး မှိုင်းမတော်မူကြရှာရော့သလား၊ ဒါမှမဟုတ် မွေးသမိခင်နဲ့ မွေးသဖခင်က တဖွဖွနားချနေတဲ့ကြားက မြန်မာပီသနိုင်သမျှပီသအောင်ဆိုတဲ့ ဆင်ခြေကြီး တစ်ခွဲသားနဲ့ ကွမ်းတဖွတ်ဖွတ်ဝါးနေတဲ့ အကျင့်ဆိုးကြီးကို အမြစ်က ကျွတ်စေချင်တဲ့ သမ္မာဒေ၀နတ်အပေါင်းတို့ကပဲ အကြောင်းညီညွတ်အောင်၊ ဘောင်းဘီချွတ်ပေးတော်မူကြသလား မပြောတတ်ပေါင်ဗျာ။ စာသင်ချိန်မှာ နက်ဘွတ်ကလေးနဲ့ မေးခွန်းထုတ်နေရင်း ကွမ်းတံတွေးထွေးဖို့ ထွေးခံအယူမှာ ကီးပက်ပေါ်ကို ကွမ်းတံတွေး သုံးလေးစက်မှောက်ပြီး ရှိစုမဲ့စု နက်ဘွတ်ကလေးက ကီးသုံးလုံး မာလကီးယားပါလေရော။ တိုင်းခြားက ဘလော့ဂါ၊ ဘလော့ဂီများဆိုရင်တော့ ကီးပက်တစ်ခုပျက်၊ တစ်ခုဝယ်စွပ်လိုက်ဖို့ လွယ်ပေမင့် ရွှေပြည်သားကျောမွဲ ဦးဟန်ကြည်အဖို့မှာတော့ အနှီလောက် ဘယ်လွယ်လိမ့်တုန်း။ မျက်နှာလေးကို ဇီးရွက်လောက်ဖြစ်အောင် ရှုံ့နိုင်သမျှ ရှုံ့ပြီး  မြို့ထဲက ကွန်ပျူတာဆိုင်သွားပြီး ကယ်ပါဇာတ်ခင်းယူရတာကိုး။ ရွှေပြည်က နည်းပညာအရောင်းဆိုင်များကလည်း ၀န်ဆောင်မှု ဘာကောင်းသလဲ မေးတော်မမူနဲ့။ ဦးဟန်ကြည်ရဲ့ နက်ဘွတ်ပိစိညှောက်တောက်ကလေးကို တစ်ချက်လောက် ကြည့်ချင်ယောင်ဆောင်ပြီး “ ဘာမှမပူနဲ့ ဆရာရေ . . . ကီးပက်ကတော့ပြင်လို့ မရတော့ဘူး . . . ” လုပ်ပါလေရော။

အံမယ် အနှီလောက်ကတော့ ဦးဟန်ကြည်တို့က ဘယ်ဖြုံလိမ့်တုန်း။ အွန်လိုင်းပေါ် တောင်မွှေမြောက်မွှေလုပ်ပြီး ကွန်ပျူတာရောင်းတဲ့ ၀က်ဆိုဒ်၊ ကြက်ဆိုဒ်တွေမှာ ဈေးနှုန်းတွေ စုံစမ်းထားပြီးသား မဟုတ်လား။ အနှာနဲ့ “ ကွာ  . . . ပြင်လို့မရလည်း အသစ်ဝယ်ထည့်တာပေါ့ကွာ . . . ကီးပက်အသစ်တစ်ခု ဘယ်လောက်ရှိတာမှတ်လို့ . . . ” ဆိုတဲ့စကားနဲ့ ခပ်ဖိန်းဖိန်းလေး ဥပစာယ လုပ်လိုက်မိမှပဲ မောင်မင်းကြီးသားက “ မထင်နဲ့ဆရာရေ . . . ဆရာ့နက်ဘွတ်အမျိုးအစားက ကီးပက်အတော်ရှားသဗျား . . . အကောင်းဆုံးကတော့ နောက်ထပ်ကွန်ပျူတာတစ်လုံး အသစ်သာ ၀ယ်ပေရော့ . . . ” လို့ စေတနာဗလပွနဲ့ ဦးဟန်ကြည်လည်း အသစ်ရ၊ သူ့ဆိုင်လည်း အမြတ်ရအောင် အချွန်နဲ့ မ-တော်မူလိုက်တာ နဂိုက ဇီးရွက်သာသာမျက်နှာခမျာ ထင်ရှူးရွက်လောက်ပဲ ကျန်ပါလေရော။ အနှီထင်းရှူးရွက်ကို အီးမှန်တဲ့ မျက်ခွက်နဲ့ အောင့်သက်သက်အိမ်ပြန်ပြီး နက်ဘွတ်ကို ချောင်ထိုးပြီး ရွှေပြည်သားဖြစ်ရခြင်းရဲ့ ကောင်းကျိုးတွေကို အနုလုံပဋိလုံ ထိုင်စဉ်းစားနေလိုက်တာ ဘာပြောကောင်းမလဲ တစ်လကျော်ကြာတဲ့အထိတောင် သောက်ကျိုးနည်းကောင်းကွက်တွေ ကုန်တောင် မကုန်နိုင်ဘဲကိုး။

သည်ကြားထဲမှာ တွေ့သမျှ ကွန်ပျူတာအရောင်းဆိုင်၊ အပြင်ဆိုင်တွေသာမက နည်းပညာသမား ကြီး၊ ငယ်၊ လတ်မရွေးဆီမှာပါမကျန် ကီးပက်ကို ပြင်လို့ရရင် ပြင်ပေးတော်မူကြဖို့၊ ပြင်လို့မရရင်လည်း အသစ်မှာရင်မှာပေးတော်မူကြဖို့ ကိုယ့်ပစ္စည်း၊ ကိုယ့်ငွေနဲ့ကို အောက်ကျနောက်ကျ နတ်သံနှောရတာများ ကြာတော့ အရေမရ၊ အဖတ်မရတဲ့ စာရေးတဲ့အလုပ်ကိုပဲ ဇွဲမျိုးကြီးလွန်းတဲ့ ကိုယ့်ကိုယ်ကိုပါ သောက်မြင်ကတ်ပြီး ဖင်ပိတ်ကန်စိတ် ပေါ်လာတဲ့အထိ။ စာမရေးရမနေနိုင်ပြန်လို့ အိမ်ရှင်မရဲ့ desk top ကို သူအလစ်မှာ အပိုင်စီးပြီး စာရေးပြန်တော့လည်း နုနုရွရွ နက်ဘွတ်ကီးပက်နဲ့ အထာကျနေတဲ့ လက်ချောင်းများက တဂျောင်းဂျောင်းအသံမြည်တဲ့ ကီးဘုတ်မာမာကြီးကို ဖင်ခေါင်းကျယ်တော်မူကြပြန်လေရောဗျား။ သည်ကြားထဲမှာ ညကြီးသန်းခေါင်သန်းလွဲမှာ ပီစီက ကီးဘုတ်ကြီးကို တဂျောင်းဂျောင်းမြည်အောင် ရိုက်ရပြန်တော့ မဒမ်ဟန်ကြည်က အိပ်ရေးပျက်ရန်ကောဆိုပြီး မျက်စောင်းက ထိုးပြန်ပါလေရော။ နဂါးမျက်စောင်းက အကြောင်းသုံးပါးပဲ မရွေးတာ၊ မဒမ်ဟန်ကြည့်မျက်စောင်းက အကြောင်းတစ်သိန်းလောက်မရွေးမှန်း ကိုယ်တွေ့သိထားတဲ့ ဦးဟန်ကြည်ခမျာ ကွန်ပျူတာနဲ့စာရေးခြင်းအမှုကို ဝေရာမဏိလုပ်ပြီး ရှေးမူမပျက် စာရွက်နဲ့ဘောပင်ကိုင်ပြီး ရသေ့စိတ်ဖြေလုပ်ရရှာသပေါ့။ ( ကတောက် . . . ရေးနေရင်းနဲ့တောင် ကိုယ့်ကိုယ်ကို အတော်သနားလာပါရောလား . . . )

တစ်နေ့သားမှာတော့ ရေးနေကျစာမရေးရလို့ နေမထိ၊ ထိုင်မသာဖြစ်နေတဲ့ ဦးဟန်ကြည်ကို ကြည့်ရင်း မဒမ်ဟန်ကြည်ခမျာ သနားသွားဟန်တူရဲ့ ( သောက်ညင်ကတ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်သပဗျာ . . . ဒါပေမယ့် ကောင်းတဲ့ဘက်ကပဲ တွေးကြစတမ်း . . . ) နေပြည်တော်က သူ့မတ်တော်မောင် ကွန်ပျူတာသမားကို လှမ်းပြီးအပူကပ်ပေးပါလေရော။ ( အနှီလိုကျပြန်တော့ မဒမ်ဟန်ကြည်က ချစ်စရာ တယ်ကောင်းသကိုး . . . သူကြီးမင်း၊ ကိုဘကြိုင်၊ မောင်မျိုး၊ မင်းဧရာတို့ကဲ့သို့သော ဘလော့ဂါလူပြိုသိုးများ အားကျမုဒိတာပွားတော်မူကြကုန် . . .  ) မဒမ်ဟန်ကြည်ရဲ့ ညီမကို ယူထားမိရှာတဲ့ မတ်တော်မောင်ခမျာလည်း သူ့မရီးကို မျက်နှာလုပ်ဖို့ သမိုင်းပေးတာဝန်က ရှိလေတော့ “ စိတ်သာချ . . . ရစေရမယ် ” လို့ အာမဘန္တေခံပါလေရော။ အနှီလိုနဲ့ ရန်ကုန်ရွှေမြို့တော်ကြီးက သူ့အဆက်အသွယ် ကွန်ပျူတာပစ္စည်းဆိုင်မှာ အကူအညီတောင်းလိုက်တာ တစ်လအလိုမှာ ကီးပက်ရပြီလို့ အကြောင်းပြန်ပါလေရော။ အနှာပေမယ့် မဟာရန်ကုန်မြို့ကနေ ဦးဟန်ကြည်မှီတင်းနေထိုင်တဲ့ သူတော်ကောင်း၊ သူမြတ်လောင်းတို့ ကြီးစိုးမင်းမူရာ ဖွတ်ကြောပြာစုမြို့ကို လှမ်းပို့ဖို့ လမ်းကြောက ရှာလို့ မရ ဖြစ်ပြန်ပါရော။ အနှီလိုနဲ့ မောင်မင်းကြီးသား ကီးပက်ခမျာ ၁၅ ရက်ကြာအောင် စောင့်ရတဲ့ လူကြုံနဲ့ နေပြည်တော်သွားတောလားရွတ်ပြီး နေပြည်တော်ဒေသမြတ်ကို လားပြန်ချေသပေါ့။

အနှီနေပြည်တော်က ကီးပက် ဦးဟန်ကြည်လက်ထဲရောက်ဖို့ မော်ရွှေမြိုင်မြို့က မိတ်ဆွေတွေကို ဖုန်းတဂွမ်ဂွမ်ဆက်၊ အပူကပ်ပြီး နေပြည်တော်ကနေ ရွှေမြိုင်ကို ကားတစ်ဆင့်၊ ရွှေမြိုင်မြို့ကနေ ဦးဟန်ကြည်နေတဲ့ အနှီဖွတ်ကြောပြာစုမြို့ကို ကားတစ်ဆင့် ငွေလမ်းခင်းပြီး တစ်လိမ့်ချင်းရောက်တော်မူပါရော။ အနှီလောက် အဆင်ပြေချောမွေ့တော်မူပါတဲ့ ရွှေပြည်ရဲ့ DHL ကြီးတွေကိုး။ အနှာတောင်မှ မဒမ်ဟန်ကြည်ရဲ့ မတ်တော်မောင်က သူ့မယားညီအစ်ကို ဦးဟန်ကြည်အတွက် စေတနာဗလပွနဲ့ ကီးပက်ဖိုး မြန်မာကျပ်ငွေ သုံးသောင်းခုနစ်ထောင်တိတိကို အလကားမတ်တင်း အလှူဒါန ပြုလိုက်ပေလို့ ထိုက်သင့်သလောက် ဖွတ်ကလိဒင်္ဂါးကုန် သက်သာရချေသေး။

လွန်ခဲ့တဲ့လထဲက ကီးပက်ရောက်လာတော့ စာသင်ချိန်မှာ ဇောကပ်နေတဲ့ ဦးဟန်ကြည် ကြိုကြိုတင်တင် ၀မ်းသာရအောင် မဒမ်ဟန်ကြည်က ဖုန်းဆက်ပြီး သတင်းပေးပါလေရော။ ( အနှီလောက် ချစ်စရာကောင်းတဲ့ မဒမ်ဟန်ကြည်ကိုး . . .  ) အံမယ်မင်း အနှီနေ့က နာရီလက်တံများ နှေးချက်။ တော်တော်နဲ့ကို ညကိုးနာရီမခွဲနိုင်ဘူးဗျား။ စာသင်ချိန်ပြီးတာနဲ့ အိမ်ကို ၀ရုန်းသုန်းကားပြန်ပြေးပြီး ပါဆယ်ထုပ်ကိုဖွင့် ကီးပက်အသစ်ကို ကြည့်လိုက်မိပါမှပဲ ဦးဟန်ကြည်ခမျာ ခဲလေသမျှ ပဲရေပွပါလေရောလား။ သူ့ကီးပက်က ဦးဟန်ကြည်ရဲ့ နက်ဘွတ်နဲ့ ကီးမှမကိုက်ဘဲကိုး။ အံမယ်မင်း . . . ပါဆယ်ထုပ်ပေါ်မှာတော့ Ben Q Joybook lite U 106 လို့ အကျအနရေးထားပေမယ့် အထဲမှာကျတော့ ဘယ်ဒင်းက ကီးပက်ကြီးမှန်း မသိတဲ့ သကောင့်သားကြီး ဖြစ်နေပါရောလား။ ဦးဟန်ကြည်ခမျာ မင်္ဂလာဦးညမှာ သတို့သမီးနောက်လင်ယူသွားတဲ့ သတို့သား အသစ်စက်စက်လို ငိုရမလို၊ ရယ်ရမလို ဖြစ်ပါလေရော အရပ်ကတို့ရေ။

အနှီလောက်တောင် အိုးတော်လုပ် ဖုတ်ရင်းကမကျက်ဖြစ်ပါများလွန်းတော့ ဘာမထီ၊ ဇာနည် ဦးဟန်ကြည်ကတော့ ရွှေပြည်သားပီပီ ယောနိသောမနသိကာယ ဆိုတဲ့ ရှင်တော်ဘုရားရဲ့ “ သင့်တင့်လျှောက်ပတ်စွာ နှလုံးသွင်းဆင်ခြင်ခြင်း ” ဆိုတဲ့ တရားတော်ကို အတိအကျလိုက်နာလိုက်ရပါလေရော။ ခပ်ပြောင်ပြောင်ပြောရရင်တော့ “ အိမ်း. . . ရွှေပြည်သားဖြစ်ပါလျက်ကနဲ့ ရွှေပြည်သားလိုမနေမိတဲ့ ငမိုက်သား  . . . တရားရလေရော့  . . . ” လို့ ကိုယ့်ကိုယ်ကို တရားချယူရတာကိုး။ အနှာပေမယ့် မဒမ်ဟန်ကြည်ကတော့ ဇွဲကောင်းသဗျား။ နေပြည်တော်က သူ့ညီမနဲ့ တစ်မိနစ်ကို မြန်မာကျပ်ငွေ ခြောက်ဆယ်၊ ဖုန်းကဒ်တစ်ကဒ်ကို မြန်မာကျပ်ငွေ တစ်သောင်းကျပ်တိတိနဲ့ အလွန်တရာမှ ဈေးသက်သာပြီး လိုင်းဆွဲအား ကောင်းလွန်လွန်းလို့ ခေါင်းကဆံပင်တွေပါ အချောင်းလိုက် မိုးပေါ်ထောင်တဲ့ MPT မြန်မာစီဒီအမ်အေဖုန်းကို သုံးရက်အတွင်း ဖုန်းကဒ်နှစ်ကဒ်ကုန်အောင် ကွန်တက်ယူပြီး ဆုံးခန်းမတိုင်သေးတဲ့ ကီးပက်အရေးတော်ပုံကြီးကို ဆက်လှုပ်ရှားပြန်ပါလေရော။ သူတို့ချင်း ဘယ်ဒင်းက ဘယ်လို ဆက်သွယ်လိုက်မှန်းမသိဘဲ ဦးဟန်ကြည်တို့ ဖွတ်ကြောပြာစုမြို့ကို ကုန်ဆင်းဝယ်တဲ့ နေပြည်တော်က ကုန်သည်တစ်ယောက်အပြန်မှာ ကီးပက်အမှားကို ပြန်ထည့်ပေးပြီး ကီးပက်အသစ်နဲ့ ပြန်လဲဖို့ စီမံပြန်သဗျား။

ဒါတင်အားမရသေးဘဲ ရန်ကုန်ရွှေမြို့တော်ကြီးကို ကိစ္စတစ်ခုနဲ့ ခရီးသွားမယ့် မိတ်ဆွေတစ်ယောက်နဲ့အတူ ဦးဟန်ကြည်ရဲ့ ကီးပက်အဟောင်းကို ထည့်ပေးပြီး ရှာဝယ်ပေးဖို့ အကူအညီတောင်းပေးပြန်ရဲ့။ ( အင်း . . . ရေးနေရင်းကပဲ မဒမ်ဟန်ကြည်ရဲ့ ကျေးဇူး အတော်များနေတာ သတိထားမိပါသေး . . . ) အနှီမိတ်ဆွေကလည်း မဒမ်ဟန်ကြည်ရဲ့ အမှာစကားကို အတော်လေး နားစိုက်ဟန်တူရဲ့။ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ရန်ကုန်ကပြန်ရောက်လာပေမယ့် သူ့သားအတွက် ကွန်ပျူတာဝယ်ဖို့ စုံစမ်းရင်း ကီးပက်ကိစ္စမေ့လာပါသတဲ့ဗျား။ အင်း . . . ဆွမ်းခံစားရတာ ချက်စားရသလောက် ဘယ်ဝလိမ့်တုန်း။ မဒမ်ဟန်ကြည်ရဲ့ ညီမ လွှတ်ပေးလိုက်တဲ့ လူကြုံကတော့ နောက်သုံးလေးရက်ဆိုရင် ရန်ကုန်ရောက်မယ်ဆိုရဲ့။ ကီးပက်လဲလို့မရရင် အသစ်ဝယ်ဖို့ မဒမ်ဟန်ကြည်က သူ့ညီမကို တစ်ချက်လွှတ်အမိန့်တော်ချလိုက်ပါသတဲ့။ အင်း . . . ကီးပက်တစ်ခုနဲ့တင် သက်ဆိုင်ရာ သက်ဆိုင်ကြောင်းတွေလည်း အတော်ခေါင်းခဲကြရရှာမှာ စဉ်းစားရင်းနဲ့တင် စာရေးချင်စိတ် လွန်လွန်းကဲလွန်းတဲ့ ကိုယ့်ဝသီကိုတောင် ပြန်ဆန်းစစ်မိပါရောလား။

ကီးပက်မရတဲ့အတောအတွင်း မဒမ်ဟန်ကြည်တစ်ယောက် သူ့ညီမနဲ့ ကွန်တက်မပြတ်ရေး အရေးကြီးနေတဲ့ကြားမှာ ဖွတ်ကြောပြာစုမြို့က ဦးဟန်ကြည်တို့ ကျောမွဲရပ်ကွက်ကို မီးပေးတဲ့ ထရန်စဖော်မာ ဂန့်သွားပြန်တာကြောင့် မီးမမြင်ရတာ သည်နေ့ဆိုရင် လေးရက်မြောက်ပါရောလား။ ဖွတ်ကြောပြာစုမြို့ကို မီးပေးဖို့ လေလံယူထားတဲ့ ဘာဘာညာညာရဲ့ မကင်းရာမကင်းကြောင်း သူတော်ကောင်းမမရဲ့ ဖြူစင်မွန်မြတ်တဲ့ ပရဟိတစိတ်ဓာတ်နဲ့ လူကြီးလူကောင်းစိတ်ထားကို ရာနှုန်းပြည့်ယုံကြည်ပြီးသား ဦးဟန်ကြည်ကတော့ တစ်လနီးပါးလောက် အက်ဒီဆင်ကြီးကို ဂုဏ်ပြုရကိန်းမြင်ကြောင်း တစ်ထစ်ချ ယုံကြည်ထားလိုက်ရသေးသဗျား။ အနှီတော့ ရွှေပြည်သား ဦးဟန်ကြည်ခမျာ နေ့လည်ဘက်စာသင်သွားရင် ဘာဘာညာညာရဲ့ မကင်းရာမကင်းကြောင်း ပုဂ္ဂိုလ်တွေကြီးစိုးတဲ့ လမ်းကုမ္ပဏီက ကွန်ကရစ်လမ်းအပေါက်တွေကို မြေဖို့ပြုပြင်ခြင်းဆိုတဲ့ ကမ္ဘာမှာမရှိတဲ့ လမ်းပြုပြင်ခြင်း နည်းပညာအသစ်နဲ့ လမ်းပြင်ထားတာကြောင့် အညာတောပိုင်းအလွမ်းပြေ ဖုန်လုံးကြီးတွေ တလိမ့်လိမ့်တက်နေတဲ့ မြို့ရဲ့အထင်ကရလမ်းမကြီးပေါ်မှာ ရှိရှိသမျှ ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ အားသွင်းမီးအိမ်တွေ တနင့်တပိုးသယ်ပြီး လုံးခနဲ၊ လုံးခနဲထနေတဲ့ ဖုန်လုံးကြီးတွေ ပါးစပ်ထဲမ၀င်အောင် surgical mask တစ်ခုတပ်လို့ ရှိစုမယ့်စု ဖွတ်ကလိဒင်္ဂါးလေးနဲ့ ခြစ်ခြစ်ကုတ်ကုတ်ဝယ်ထားတဲ့ ဆိုင်ကယ်လေးကို စမ်းတ၀ါးဝါးမောင်းရင်း မီးရှိတဲ့နေရာက မီးသယ်တဲ့လုပ်ငန်းကို သည်ရက်ပတ်အတွင်းမှာ တတပ်တအားလုပ်နေရပြန်ပါကြောင်း နတ်သံနှောလိုက်ရပါရဲ့ ဘလော့ဂါအပေါင်းတို့ရေ။

စာကြွင်း။            
အနှီပို့စ်ကို အနောက်ရွာကို မြန်မာမှုပြုထားတဲ့ စတိုင်အရ နက်ဘုတ်မှာ desk top ကီးပက်အကြီးကြီး တပ်ပြီး ဖယောင်းတိုင်တစ်တိုင်နဲ့ ရေးလိုက်ပါသဗျား။ နောက်တစ်ပတ်ကြာလို့မှ ရန်ကုန်ကကီးပက်မရောက်ရင် ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်ဝန်ကိုယ်ထမ်းရမယ့် ရွှေပြည်သားထုံးကို နှလုံးမူလို့ မိထွေးတော်တိုင်းပြည်ဘက်ချီတက်ပြီး ကီးပက်အရေးတော်ပုံဆင်နွှဲမယ့်အကြောင်း ကြေငြာမောင်းခတ်လိုက်ပါကြောင်း . . .။                

44 comments:

AH said...

ဆရာဟန်ရယ်... ဖြစ်သမျှအကြောင်း နတ်သံနှောသွားတာ အတော့်ကို ရယ်ရသဗျိုး... နက်ဘုတ်နဲ့ ဒက်စတော့ ကီးဘုတ်ကြီးနဲ့ ဖယောင်းတိုင်းထွန်းပြီး ရေးနေတဲ့ ဆရာဟန့် ပုံစံကို အတိုင်းသားကို မြင်ရသဗျိုး... မည်သို့ပင်ဖြစ်စေ... များမကြာခင် အဆင်ပြေပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ခင်ဗျာ။

ကိုကိုမောင်(ပန်းရနံ့) said...

သူကြီးသား ပေါက်ကြီးမဟုတ်ဘဲ နတ်ဒိုးနဲ့ ထွက်လာပါရောလား ဆရာကြည်။
ဝါကျွတ်ရင်တော့ ပို့စ်တွေ တစ်ရွှတ်ရွှတ် တက်လာတော့မယ် ထင်ပါ့။
ခပ်သွက်သွက် စာလေးတွေ မဖတ်ရတာ ကြာတော့ လွမ်းတော့လွမ်းမိသား။

ဒါနဲ့ ပေါက်ကြီးကိုလဲ ပစ်မထားနဲ့ဦး။

မဒမ်ကြည်က ဆရာ့ကို သနားလို့လား ဒါမှမဟုတ် ကီးပက်ကြီးရောက်လာရင် စာရေးကုန်းရိုက်နေမှာ ကြိုမြင်ယောင်ပြီး ကီးပက်ကြီးမြန်မြန်ရောက်လာလေ ပိုကောင်းလေ. ဒါမှ မျက်စိနှောက် နားနှောက် သက်သာမှာဆိုပြီး ကြိုတင်စီမံချက်နဲ့များလားတော့ မသိ.. ဆရာ့ကီးပက်ရရေးတော့ အတော်ကူညီပေးရှာသကိုး။း))

တောက်ပကြယ်စင် said...

ဆရာကိုဟန်ကြည်တစ်ယောက် ပျောက်လှချည်လားလို့ ကွမ်းတံတွေးနဲ့ သင်္ကြန်ကျခံလိုက်ရတဲ့ ကီးပက်ကြောင့်ကိုး။ ကီးပက်ဒုက္ခလည်း မသေးပါလားနော်။ သုံးလေးလဆိုပေမယ့် အလွမ်းပင်လေးတောင် အသီးတွေသီးတော့မလို့။ ဟုတ်ပါ့၊ ဆွမ်းခံရတာ ကိုယ်ချက်တာလောက်တော့ ဘယ်ဝပါ့မလဲတဲ့။ ဘုန်းဘုန်းတောက်ရန်ကုန်မှာ စရောက်တဲ့အချိန်တုန်းကဆိုရင် တစ်ရက်တစ်လေ ဆွမ်းမ၀ခဲ့ဘူး။ ဆွမ်းမ၀ရရင် အီးမှန်ထားတဲ့မျက်နှာမျိုးနဲ့ နေမထိထိုင်မသာကို ဖြစ်လို့။ (ဆရာ့လေသံ)။ ဟာဟ (သူကြီးမင်းလေသံ)
ခင်မင်တဲ့

PhyoPhyo said...

ဆရာလည်းပျောက်လိုက်တာလို့ ထင်နေတာ၊ ဒီလိုဒီလိုတွေကြောင့်ကိုး။
ဒီမှာလည်း ကော်ဖီသောက်ရင်မှောက်ကျလို့ keypad တပြုံလုံးလဲလိုက်ရပါရောလား။ လိုမယ့်ပစ္စည်းလေးတောင်ရှာပေးချင်လာပြီ။ ဒီဘက်က ပို့ရတာကလည်းမလွယ်လို့သာ။
အမြန်ဆုံးအဆင်ပြေပါစေ ဆရာရေ။

ချစ်စံအိမ် said...

ဆရာဒါကြောင့်ပျောက်နေတာကိုးးးးးးးးးးးးးးးးးးးး

လွင်ပြင်လှိုင်းငယ် said...

ဒီအကြောင်းတွေကြောင့် ဆရာတစ်ယောက်ပျောက်နေတာကို ။အချိန်ရရင် ပေါက်ကြီးဇာတ်လေးလဲ ဆက်ပါအုံး
မျှော်နေတာ

Cameron said...

ဆရာဟန်ရဲ့ ပျောက်ချက်ကောင်းပုံပို့စ်အသစ်စက်စက်ကလေးကိုလာရောက်ဖတ်ရှုသွားပါတယ် ဆရာ့ရဲ့နတ်ဒိုးနှောသံလေး မကြားရတာကြာပါ့ရောလား..

စံပယ်ချို said...

ဆရာဘာပိုစ့်မှ မတင်လို့
စဉ်းစားနေတာ သို့လော သို့လောပါပဲဆရာ
ခုမှပဲအကြောင်းစုံသိလိုက်ရပါတော့တယ်
အစစ အရာရာ အဆင်ပြေပါစေရှင်
ခင်မင်တဲ့ jasmine

Angelhlaing(May everybody be happy and healthy! said...

အကို ပျောက်နေတာ ဒါကြောင့်ကိုး...:)

chocothazin said...

ဖြစ်ရမယ် အစ်ကိုဟန်ကြည့်ရေ ..။
ကီးပတ်အသစ် အမြန်ရပါစေ .. ဒါမှမဟုတ် နတ်ဘွတ်အသစ်ဝယ်ပေးတဲ့လူ အမြန်တွေ့ပါစေး)

ုကိုပီတာ said...

မနိုင်၍သီးခံရခြင်းသည်လည်း တရားသဘောပါပဲဗျာ...

မင်းဧရာ said...

ပေါ်တော်မူ ပါပေါ့လား ဆရာ.....

နတ်သံနှော ပြောသွားလို့ ရယ်မောလို့ကို မဆုံးဘူးဗျာ
ပိုစ့်တွေ မဖတ်ရတာ အတော့်ကို ကြာသွားပြီမို့
အမြန်သာ အဆင်ပြေပါစေ ဆရာ.....။

ညိမ်းနိုင် said...

အစစအဆင်ပြေစွာဖြင့် စာများဆက်လက်ရေးသားနိုင်ပါ
စေကြောင်းးးးးးးးးး

မေဓာဝီ said...

အဲဒီတော့ ကွမ်းပြတ်ပြီလား ဆြာဟန် :)

sosegado said...

ဖြစ်မှဖြစ်ရလေ ဆရာကြည်ရယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

သီတင်းကျွတ်မှ ပေါ်လာတယ်ဆိုလို့ ဦးဟန်ကြည်များ မင်္ဂလာဆောင်တော့မလား မှတ်တာ
(မဒမ်ကြည် ဗိုက်ခေါက်ဆွဲလိမ်ရင်တော့ ကိုယ့်ဖာကိုယ်ရှင်းနော် ) :P
ကြုံရ ဆုံရ ဒုက္ခတွေကလည်း များလှပါလား ဆရာ..
ကီးပက်ကြီးရလာရင်တောင် မီးပျက်နေရင် စိတ်မကောင်းဖြစ်နေရဦးမယ်...
ခုနေ ရောက်မလာသေးတာ ခပ်ကောင်းကောင်းထင်ပါရဲ့ :)

blackroze said...

ဆရာပျောက်နေတယ်လို့ထင်နေတာ
လက်စသတ်တော့
ဒါကြောင့်ကိုးးးး
ကြိုးစားပါဆရာ
မကြာခင်အားလုံးအဆင်ပြေသွားပါလိမ့်မယ်..

အိမ်မက်စေရာ said...

စာဖတ်ရင်း မျက်လုံးထဲ ဦးဟန်ကြည်ရဲ့ ဇီးရွှက်လောက်မျက်နှာလေး မြင်မြင်လာတယ်..
မြန်မြန်လေး အဆင်ပြေပါစေ ဒါမှ ပို့စ်အသစ်လေးတွေ များများ ဖတ်ရမှာမို့ အားမလျှော့ပဲ ရှာကြည့်ပါဦး ဆရာရေ..

အိမ်မက်

San San Htun said...

ဆြာဟန်ရဲ့  နတ်ဒိုးလေးကို တပြုံးပြုံးနဲ့  ဖတ်သွားကြောင်းဗျား..နက်ဘုတ်မှာ ဒက်စ်တော့ ကီးပတ်အကြီးကြီး တပ်ကာ ဖယောင်းတိုင်မီးထွန်းပြီး တဂျောင်းဂျောင်းရိုက်နေတဲ့ ဆြာဟန်ပုံစံကို မြင်ယောင်ပြီး ပြုံးမိစေးတယ်..ရွှေပြည်ကြီးရဲ့  ကြုံရဆုံရ ဘုံဘဝတွေပေါ့..ကီးပတ်အသစ်ကြီး ရှာပုံတော်ဖွင့်ပုံ ရေးဦးနော် ဆြာဟန်..

ကူးကူးလှိုင် said...

အသစ်တင်ပြီလားလို့ ခဏခဏလာချောင်းဖြစ်ပါတယ် ခုမှပဲ အကြောင်းရင်းသိရတော့တယ်...

ဆူးသစ် said...

ကျလည်းကျပါ့ဗျား။တော်တော်ဇွဲကောင်းလှချည်လား။စိတ်ရှည်လက်စနဲ့သာရှည်တော့ပေါ့ကိုဟန်ကြည်။ကျွန်တော်တောင်မတွေ့လို့နတ်သမီးကိုမေးနေတာ။သူကဂျီတော့ကနေအော်ပေးပါမယ်တဲ့။မရေးတာကြာလို့ထင်ပါရဲ့။စာတွေကေကောင်းတုန်းပဲဗျ။ပြုံးမိပါသေးတယ်။သူများဒုက္ခဖြစ်နေတာပြုံးတာမဟုတ်ဘူးဗျို့။ရေးတာရယ်ရလို့ပါ။

Anonymous said...

buy tramadol cod overnight buy tramadol hcl 50mg - buy tramadol overnight with mastercard

Anonymous said...

viagra online pharmacy buy viagra for women online - buy genuine viagra no prescription

Anonymous said...

viagra online without prescription viagra dosage erectile dysfunction - cheap generic viagra overnight delivery

Anonymous said...

order tramadol tramadol 50 mg 180 tabs - tramadol no prescription legal

Anonymous said...

soma online buy soma cheap no prescription - soma 350 mg side effects

Anonymous said...

buy soma online buy watson soma online - buy generic soma

Anonymous said...

buy soma soma san diego enter shikari - soma juice

Anonymous said...

soma price generic soma compound - soma 350 pills

Anonymous said...

buy soma 350mg where to buy soma online - cheap soma online no prescription

Anonymous said...

buy soma online cheap soma apartments san francisco - buy somatropin south africa

Anonymous said...

soma online aura soma online free reading - ver argento soma online

Anonymous said...

buy generic soma soma restaurant san francisco - radiohead soma san diego

Anonymous said...

generic cialis buy cialis viagra levitra - generic cialis us pharmacy

Anonymous said...

soma carisoprodol soma 150 pills - buy somatropin growth hormone

Anonymous said...

buy tramadol online reviews where can i buy tramadol for my dog - tramadol drug interactions

Anonymous said...

buy tramadol online tramadol for dogs panting - order tramadol from usa

Anonymous said...

xanax without a perscription xanax dosage extreme anxiety - xanax withdrawal loss of appetite

Anonymous said...

buy cialis online cialis online apotheke holland - cialis online legitimate

Anonymous said...

buy cialis from canada cialis daily and bph - cialis everyday price

Anonymous said...

cialis online buy cialis soft cheap - cialis online store

Anonymous said...

learn how to buy tramdadol 50 mg tramadol vs 10 mg hydrocodone - tramadol for dogs pain relief

Anonymous said...

buy klonopin online klonopin withdrawal cold turkey - klonopin withdrawal and seizures

Anonymous said...

12, [url=http://www.solarcraftaudio.com/]neurontin sale[/url] - cheap gabapentin - order gabapentin http://www.solarcraftaudio.com/ .

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger