Saturday 31 December 2011

၂၀၄၂ . . .

“ နှစ်သစ်ကူးလို့ ချစ်ဦးကိုရှာဖွေ . . .
 ဘယ်ရပ်ဌာနေ ဘယ်ဆီများသွားပါလိမ့် . . . နေစိမ့်တဲ့သူရေ . . .”

ချမ်းချမ်းဆီးဆီး ဆောင်းတွင်းကြီးမှာ ဦးဟန်ကြည်တစ်ယောက် တစ်ကိုယ်တော် သင်္ကြန်ကျနေခြင်း မဟုတ်ပါ။ နာရီပိုင်းအတွင်း ရောက်လာမယ့် ၂၀၁၂ နှစ်ဦးကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုဆိုဖို့ သီချင်းညည်းနေခြင်းပဲ ဖြစ်ပါရဲ့။ အသက်အရွယ်အရလည်း ဘိုးတော်အငယ်စားစာရင်းထဲကို ၀င်စပြုလာပြန်တဲ့အပြင် ခေတ်သီချင်း ဒိုးဒိုးဒေါင်ဒေါင်၊ ၀ူးဝူးဝါးဝါးတွေကိုလည်း နားကြားပြင်းကတ်သူဖြစ်တာမို့ ရင်ထဲကို စိမ့်ဝင်နေခဲ့တဲ့ အလင်္ကကျော်စွာ ဆရာမြို့မငြိမ်းရဲ့ “ နှစ်သစ်ချစ်ဦး ” နဲ့ပဲ ကြိုလိုက်ပါတော့တယ်။ နှစ်ဟောင်းချစ်ဦးက အိမ်ရှင်မရာထူးကို အမြိုင့်သားယူထားတာမို့ ဦးဟန်ကြ
ည်တစ်ယောက် နှစ်သစ်မှာ အချစ်ဦးရှာဖို့ စိုင်းပြင်းနေတယ်လို့တော့ အမှုကြီးအောင် မတွေးကြဖို့ မေတ္တာရပ်ခံထားပါရစေဦး။

အခါတိုင်းနှစ်တွေမှာတော့ နှစ်ဟောင်းက ဖာသိဖာသာကုန်သွားသလို နှစ်သစ်ကလည်း တိတ်တိတ်ဆိတ်ဆိတ်ကလေး အစားဝင်လာတာမို့ တစ်ခါမှ မှတ်မှတ်ရရ မဖြစ်မိပါ။ လုပ်ငန်းသဘာဝအရ ဒီနှစ်ကူးက ကိုယ်နဲ့သိပ်မဆိုင်တာကလည်း နှစ်ကူးနဲ့ခပ်စိမ်းစိမ်းဖြစ်စေရခြင်းရဲ့ အကြောင်းခံတစ်ရပ် ဖြစ်မယ်ထင်ပါရဲ့။ ဦးဟန်ကြည်တို့ရဲ့ ပညာရေးပြက္ခဒိန်ကလည်း မတ်လလယ်လောက်ရောက်မှပဲ နှစ်ဟောင်းကုန်ပေသကိုး။

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုရောက်လာတာကို ဦးဟန်ကြည်တို့ ရွှေမြန်မာတွေ ကြိုဆိုပုံက အင်မတန်မှသင်းပါသတဲ့။ င်္ဘီယာရေချိုးလို့ ၀ီစကီကိုမီးလှုံ အမြည်းတောင်လိုပုံအောင် သောက်သောက်လဲ ၀ှဲချီးဆင်နွှဲကြတဲ့ ရွှေ့ပြည်သားတွေကို ဆင်းရဲလှချေရဲ့လို့ သနားကြတဲ့ အနောက်ဟိုပြည်က မောင်တွေကို သနားစရာတောင်ကောင်းလှပါရဲ့။ ည ၇ နာရီဝန်းကျင်လောက်ကစလို့ လမ်းပေါ်မှာ ကားတ၀ီဝီ၊ ဆိုင်ကယ် တဒီဒီနဲ့ ငမူးပွဲတော်ဆင်နွှဲနေလိုက်ကြတာ အခု ည ၁၁ နာရီခွဲတဲ့အထိ မရပ်သေးပါ။ ၁၂ ရာသီပွဲတော်တွေနဲ့တင်အားမရဘဲ အစ်၊ ဒီပါဝလီ၊ ခရစ်စမတ်၊ နှစ်ကူးပါမကျန် မူးပွဲ၊ သောက်ပွဲကျင်းရမှ ကျေနပ်ပေသကိုး။ အနာဂတ်အတွက် အားထားရမယ့် ဦးဟန်ကြည်တို့ရဲ့ လူငယ်မျိုးဆက်သစ်တွေကတော့ ဘီယာဘူးတွေကို လက်မှာကိုင်လို့ အထီးရော၊ အမပါမကျန် မြိုင်လိုက်ရင်း နှစ်ကူးကြဖို့ ရည်ရွယ်ကြဟန်တူပါတယ်။ အမေ့အမွေပစ္စည်းတွေကို အရှိအရှိအတိုင်း ထုတ်ပြပြီး လမ်းသလားနေကြပါလေရဲ့။

အိမ်နားက ခွေးသူတောင်းစားတစ်အုပ်ကတော့ နားမခံသာစရာကောင်းတဲ့ သီချင်းပေါင်းစုံကို မိုင်ကုန်တင်ဖွင့်ပြီး အောက်တန်းစားဖြစ်ကြောင်း ကြေညာနေကြလေရဲ့။း ဆရာဝန်ဦးဟန်ကြည်တစ်ယောက် ရပ်ကွက်ကို သနားတာကြောင့် တိုးတိုးဖွင့်ဖို့ တောင်းပန်ပေမယ့် အားနာပါးနာနဲ့ ဟုတ်ကဲ့လို့ပြောပြီး ခဏပဲ အသံတိုးပြီး မိုင်ကုန်တင်မြဲတင်လျှက်ပဲ ရှိပါတယ်။ နှစ်ကူးဟာ ဒီလိုကလေက၀တွေပျော်တဲ့ ပွဲများလား။ ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာဆိုတဲ့ စကားက မှန်လှချေရဲ့။ ဦးဟန်ကြည်တို့ ရွှေပြည်က နွားတွေဟာ ဆင်းရဲငတ်ပြတ်နေမှ လူစိတ်ဝင်ကြဟန်တူပါရဲ့။ ဒီလိုစိတ်ဓာတ်၊ ဒီလို အကျင့်တွေနဲ့ ဒီမိုကရေစီကို အားမနာတမ်းတောင်းနေကြတာ ရင်နာစရာကောင်းလှချေရဲ့။ ဒီမိုကရေစီကို အသာထားဦး လူအချင်းချင်း ကိုယ်ချင်းစာတရားတောင်မရှိနိုင်တဲ့ ဒီနွားတွေကြားထဲမှာ လူစိတ်မွေးနေရတဲ့ ဦးဟန်ကြည်တို့ တိုင်းသူပြည်သားတွေကို အမောင်နိုင်ငံရေးသမားများ သနားစိတ်ဝင်တော်မူကြပါကုန်။

ဒီတိုင်းပြည်မှာ ပညာတတ်ဖြစ်ရတဲ့ ဘ၀ကို ဦးဟန်ကြည်တစ်ယောက် အင်မတန်စိတ်ကုန်နေပါပြီ။ ဘာခံယူချက်မှမရှိ၊ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘာတစ်ခုမှ လုပ်မပေးဘဲ လက်နက်အားကိုးနှဲ့ ဥပဒေကို ချိုးဖောက်ချင်တိုင်း ချိုးဖောက်ပြီး ချမ်းသာနေကြတဲ့ ဒီတိုင်းပြည်မှာ လူလာဖြစ်ရတာ ဦးဟန်ကြည်တစ်ယောက် စိတ်အပျက်ကြီးပျက်နေပါပြီ။ လူမျိုးရေးယောင်ယောင်၊ နိုင်ငံရေးယောင်ယောင် အဖွဲ့အစည်းတွေထဲဝင်ပြီး ဥပဒေရော၊ လူ့ကျင့်ဝတ်ရောပါ ချိုးဖောက်ချင်တိုင်း ချိုးဖောက်ပြီး အလကားရတဲ့ ပိုက်ဆံတွေနဲ့ အောက်တန်းကျချင်တိုင်းကျနေကြတဲ့ ဒီတိုင်းပြည်မှာ ဘာကြောင့်များ လူစိတ်ဝင်နေမိပါလိမ့်လို့ စဉ်းစားနေမိပါရဲ့။ ဖင်မှန်းခေါင်းမှန်းမသိတဲ့ နိုင်ငံရေးသမား ခွေးသူတောင်းစားတွေကလည်း အသံကောင်းဟစ်၊ နာမည်ကောင်းယူပြီး ဦးဟန်ကြည်တို့ တိုင်းသူပြည်သားတွေကို မသေသေအောင် သတ်နေကြပါသေးတယ်။ နိုင်ငံရေးသမား အားလုံးကို ဦးဟန်ကြည် ရွံပါတယ်၊ မုန်းပါတယ်။

ဒီနေ့ခေတ်လူငယ်တွေကို ကြည့်လိုက်ပါ။ ယောက်ျားလေးတွေက ဘောင်းဘီဖင်ကျပ်နဲ့ နံပိန်ဗလနဲ့ အချောက်ဏှာဘူးတွေ ဖြစ်နေကြပါပြီ။ မိန်းမတွေက ပိုက်ဆံမရဘဲ ကိုယ့်ပစ္စည်းကို ရောင်းစားနေကြပါပြီ။ ဘယ်နိုင်ငံရေးသမားကများ ဒီလူငယ်တွေအရေးကို အရေးယူ အာရုံစိုက်ပါသလဲ။ အသက်ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ ကိုယ်ချင်းစာတရားမရှိ၊ လူ့ကျင့်ဝတ်ကို တစ်စိုးတစ်စေ့မှ နားမလည်ကြတော့ပါ။ လင်တရူးဖို့။ မယားတရူးဖို့ အင်တိုက်အားတိုက် ကြိုးပမ်းကြတာကို ဘယ်သူကများ စကားထဲထည့်ပြောပါသလဲ။ ဗိုလ်ချုပ်ပြောခဲ့ဖူးတဲ့ “ ဖာနိုင်ငံကြီး ” မှာ ဦးဟန်ကြည်တို့ နေကြရပါသတဲ့။

ဦးဟန်ကြည်တို့ ဖွတ်ကြားတိုင်းသူပြည်သားတွေဟာ ဒီမိုကရေစိနဲ့များတန်လို့လား။ အမောင်စိတ်ကူးယဉ်သမား နိုင်ငံရေးသမားများ လူထဲကို နှံ့နှံ့စပ်စပ်ဝင်ပြီး လေ့လာတော်မူကြပါကုန်။ စိတ်ဓာတ်ရော အကျင့်စာရိတ္တပါ အောက်တန်းကျချင်တိုင်း ကျနေတဲ့ ဒီတိုင်းပြည်ဟာ အာဏာရှင်စနစ်တောင်မှ ဖြုတ်ထုတ်သတ်စနစ်နဲ့ပဲ ထိုက်တန်ပါရဲ့။ အခု ည ၁၂ နာရီထိုးကာနီးပါပြီ။ ခွေးသူတောင်းစားတစ်အုပ် သီချင်းမိုင်ကုန်တင်ဖွင့်နေတုန်းပါ။ မူးမူးရူးရူးနဲ့ မကြားဝံ့မနာသာ အော်ဟစ်နေကြတုန်းပါ။ လက်ထဲမှာ သေနတ်ရှိရင် ဒီနွားတွေကို ဦးဟန်ကြည် သေချာပေါက် ပစ်သတ်ပါတယ်။

လာမယ့်နှစ်ပေါင်း သုံးဆယ်မှာ ဦးဟန်ကြည်တို့ အိုပါလိမ့်မယ်။ ဒီခွေးသူတောင်းစားတွေရဲ့လက်ထဲမှာ ဦးဟန်ကြည်တို့တိုင်းပြည်ကို ထိုးအပ်ရပါဦးမယ်။ နိုင်ငံခြားကနေပြီး တိုင်းပြည်နဲ့ အစိုးရကို အပစ်တင်နေကြတဲ့ ဖွတ်ကြားများကရော ဒီကိစ္စကို ဘယ်လိုဖြေရှင်းပေးချင်ပါသလဲ။ အဝေးကနေ အသံကောင်းဟစ်ပြီး စိတ်ကူးယဉ်နေကြတာတွေ ရပ်တော်မူကြပါကုန်။ ဦးဟန်ကြည်လက်ထဲကို တိုင်းပြည်အာဏာရောက်မလာအောင် ဆုတောင်းကြပါကုန်။ ဦးဟန်ကြည်လက်ထဲမှာ တိုင်းပြည်အာဏာရလာရင်တော့ ကိုယ့်ကိုယ်ကိုယ်က အစထားလို့ မျိုးဆက်သုံးဆက်လောက်ကို အမြစ်ပြုတ်အောင် သတ်ပါလိမ့်မယ်။ အာဒံနဲ့ ဧ၀လို မျိုးကောင်းမျိုးသန့် တစ်စုံလောက်နဲ့ပဲ တိုင်းပြည်ကို အသစ်ပြန်တည်ဆောက်ပစ်ပါလိမ့်မယ်။ မကျေနပ်ရင်လည်း မတတ်နိုင်ပါ။ တိုင်းပြည်ကို ချစ်တဲ့ ဦးဟန်ကြည်တစ်ယောက် အောက်တန်းကျတဲ့ တိုင်းသူပြည်သားတွေကို ရွံပါတယ်၊ မုန်းပါတယ်။ မကျေနပ်ရင်လည်း မတတ်နိုင်ပါ။ ဒီတိုင်းသူပြည်သားတွေကြောင့် ဒီိတိုင်းပြည် သိက္ခာကျရတာကို ဘာကြောင့် မသိချင်ယောင် ဆောင်နေကြပါလိမ့်။ အဲဒီနိုင်ငံရေးသမားတွေကို ရှေ့မှာတွေ့ရင် အမှုန့်ကြိတ်ပစ်ဖို့ ရဲရဲကြီး အာမခံပါတယ်။ ဒီပို့စ်ကို လာဖတ်တဲ့ နိုင်ငံရေးသမားများလည်း သတိထားတော်မူကြပါကုန်။

ဒီနှစ်သစ်ကူးဟာ နားဒုက္ခ မျက်စိဒုက္ခပေါင်းများစွာနဲ့ စိတ်အဆင်းရဲကြီးဆင်းရဲပြီး လူသတ်ချင်စိတ် ဒေါသစိတ် ချောင်းချောင်းထရကြောင်း နိုင်ငံတကာရောက် ဘောလာ့ဖတ်သူများသိစေဖို့ သတင်းကောင်းပါအပ်ပါရဲ့။

ဟုတ်ကဲ့ ကျက်သရေယုတ်လှသော နှစ်ဟောင်း အမြန်ကုန်ပြီး နှစ်သစ်အမြန်ရောက်ပါစေတော့။ နားဒုက္ခသက်သာရင် ကျေနပ်ပါပြီ။

20 comments:

တောက်ပကြယ်စင် said...

ဟာ ဆရာ တကယ်ဒေါသထွက်နေတာပေါ့နော်...ဒေါသနောက်က သတိလေးလည်း ကပ်ပါပစေနော် ဆရာ...

အလင်းသစ် said...

ကိုယ်ပိုင် ယဉ်ကျေးမှုကိုလည်းဖျက်ဆီး၊ မွေးစားယဉ်ကျေးမှုကိုလည်း ဖျက်ဆီး၊ ဘာမှမကြီးပွား မတိုးတက်မယ့်ဘက်မှာပဲ အာရုံရောက်နေကြတဲ့ သူတွေအတွက် ဆရာနဲ့ထပ်တူ ဒေါသထွက်မိပါတယ်။။ လူတွေဖြစ်ပြီး လူလိုမသိတဲ့သူတွေ တော်တော်ကိုပေါလာကြပါပြီ။။ သူများဆီက လူ့အခွင့်အရေးဆိုတာ ကိုယ့်အတွက်ရော အများအတွက်ပါကြည့်ပြီး ကိုယ်လုပ်ချင်ပေမယ့် အများကိုထိခိုက်ရင် မလုပ်ကြပါဘူး။။ ဘာလို့များ ကိုယ်တွေဆီက လူ့အခွင့်အရေးကျတော့ ကိုယ်လုပ်ချင်ရာလုပ်မယ် ..ဒါလူ့အခွင့်အရေးပဲလို့ ဖြစ်သွားရတာလဲ။။ နားမလည်နိုင်အောင်ဖြစ်ရပါတယ်။။ ဒီခေတ်မှာ လူငယ်ဖြစ်ရတဲ့အတွက် ကိုယ့်ကိုကိုယ်လည်း တယ်မကျေနပ်လှပါဘူး..။။ ကိုယ်တိုင်ကလည်း ၆ ပြစ်ကင်း သဲလဲစင်မဟုတ်တဲ့အတွက် သတိလေး ပြန်လည်ပြီး၊ သုံးသပ်ပြုပြင်ရအောင် ဆရာဆဲတဲ့အထဲ ကျွန်တော့်ကိုပါ ထည့်ပေးပါလို့ပဲ...။။။။

Angelhlaing(May everybody be happy and healthy! said...

fb မှာထဲက တွေ့နေတာ :):) Happy New Year !!! :) :) ပျော်ရွင်ဖွယ် နှစ်သစ် မင်္ဂလာလေး ဖြစ်ပါစေ အကို ..

San San Htun said...

MRT ကိုစီးရရင်၊ ပညာရေးစနစ်၊ ကျန်းမားစနစ်ကောင်းကောင်း၊ အမှိုက်သိမ်းစနစ် ကောင်းကောင်း၊ ကျောင်းပိတ်ရက်မှာ အချိန်ပိုင်းလုပ်တိုင်း၊ လမ်းကောင်းကောင်း၊ အဆောက်အအုံကောင်းကောင်း၊ သဘာပတ်ဝန်းကျင်ကောင်းကောင်း ထိန်းသိမ်းထားတာ တွေ့ တိုင်း ဦးဟန်ကြည်လို စိတ်အဆင်းရဲကြီးဆင်းရဲပြီး လူသတ်ချင်စိတ် ဒေါသစိတ် ချောင်းချောင်းထတယ်

သတိုး said...

လူငယ်တွေချည်း မဟုတ်ပါဘူး ဆရာရယ်။ ခေါင်းဖြူစွယ်ကျိုးတွေကလည်း နှစ်သစ်ကို ခုတုံးလုပ်လို့် ကလန်ထချင်ကြတာပါပဲ။ သင်းတို့မွေးထုတ်လိုက်တဲ့ ဟာကလေးတွေကတော့ ခုလောက် အဖတ်ဆယ်ရနေတာတောင် ကံကောင်းလှပါပြီ။ ရွှေပြည်ရဲ့ မနက်ဖြန်ကို စေ့စေ့ပေါက်ပေါက်တွေးတတ်ရင် ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်ပေါက်လာလိမ့်မယ်...။း(

Candy said...

ကိုဟန်ကြည်တယောက် တကယ်ကြီး ပေါက်ကွဲနေတာပဲ.. မြန်မြန်လစ်မှ.. မီးကြောက်တယ် အဟိ :P :P

ဒီးဒိုး said...

့happy new year ပါ ဆရာ။

mstint said...

အစစအရာရာအဆင်ပြေချောမွေ့တဲ့အရာ
လူ့ဘောင်လောကမှာ မရှိသေးဘူးဦးဟန်ကြည်ရေ။
ပျော်ရွှင်ဖွယ်နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ပါး
အေးချမ်းစွာဖြင့် လောကီလောကုတ္တရာ
နှစ်လီနှစ်ဝ လိုအင်ဆန္ဒများ ပြီးပြည့်စုံပါစေ
Happy New Year !!!

မေတ္တာဖြင့်
အန်တီတင့်

ချစ်သူမောင် said...

အားရတယ်ဦးဟန်ကြည် ဦးဟန်ကြည်ပြောတဲ့အတိုင်းပဲ
ကဲဗျာ ၀မ်း...တူး...သရီး ဆဲကြစို့

ခင်မင်လေးစားလျှက်
ချစ်သူမောင်

ps Happy new year လို့ တိုးတိုးလေးပြောသွားသည်

ချော(အစိမ်းရောင်လွင်ပြင်) said...

နှစ်သစ်မှာပျော်ရွှင်ပါစေဆရာ
နှစ်သစ်အကူးမှာ ဒေါသတွေ တသီကြီးထွက်လိုက်ရတယ် ထင်ပါ့ ဆရာ။
ဒေါသတွေ ထားလိုက်ပြီး ပျော်ပျော်ပါးပါး မဒမ်နဲ့ ဟင်းကောင်းတွေ ချက်စားလိုက်ပါဆရာရယ်။း)
ဒေါသဖြစ်နေတယ်ဆိုလို့ စိတ်ပြေလက်ပျောက် ပြောတာပါ ဆရာ..
ဆရာရေ ဆရာ့လိုဘဲ တိုးတက်ဖွံ့ဖြိုးပြီး စည်းကမ်းရှိတဲ့ နိုင်ငံတော်ကြီးကို မြင်ချင်လှပါတယ်။

သူကြီးမင်း (တုံးဖလား) said...

ဒီဘက်က အသေခိုင်းလိုက်.. ဟိုဘက်က သေလိုက်နဲ့....။ ကောင်းစားတော့ အသေခိုင်းသူနှင့်အသေသတ်သူ။ အင်းးး နောက်ဆုံးတော့ တမလွန်က... အသက်စေတနာရှင်တွေ.. ကောင်းကောင်းမွန်မွန် နေရပါစေလို့ဘဲ ဆုတောင်းပေးရုံရှိတော့တာပေါ့။


နှစ်သစ်မှာ ဒေါသတွေ လျော့ ဆရာရေ... ဒေါသကြီးရင် ရုပ်ဆိုးတတ်တယ်တဲ့။ ရုပ်ဆိုးသွားရင် မဒမ် မချစ်ဘဲ နေဦးမယ်။ ဟာ ဟ။ ကြောက်တာနဲ့ ခြောက်ထားမှ။း)


မင်္ဂလာရှိတဲ့ နှစ်သစ်ဖြစ်ပါစေ ဆရာ။

Anonymous said...

ခံစားနားလည်ပါတယ်ဆရာ
မနေ့ ညကဘဲ ဒီအကြောင်းဒီမှာပြောဖြစ်သေးတယ်
ဒီကလူတွေကတော့ ဒီလိုမလုပ်ကြဘူးလို့ အဲဒီမှာလိုလုပ်ရင် DUI နဲ့ တစ်သက်လုံး နာမည်ပျက်စာရင်းဝင်မှာကြောက်ကြတယ် မူးပြီးမောင်းရင် လူတွေသေနိုင်လို့ အဲ့ဒီအမှု့ ကဒီမှာ အတော်ကြီးလေးတယ်လေ
နောက်အစိုးရကောင်းနဲ့ ဥပဒေကောင်းကောင်းနဲ့ ဆိုရင်အားလုံးကောင်းသွားမှာပါ
ဒီမှာက လူမျိုးပေါင်းစုံကို ဥပဒေ နဲ့ ဘဲထိန်းတယ် လုပ်ချင်ရင်လုပ် တရားစီရင်ရေးက ပြတ်သားပြီးသားမို့ ကြောက်ကြတယ်
ဒီမိုကရေစီ နိုင်ငံဖြစ်လာရင်ဥပဒေအသစ်ပြဌာန်းမှာပါလေ စိတ်မညစ်ပါနဲ့ ဆရာ အချိန်တန်တော့ နွားပိန်ကန်ပါလိမ့်မယ်

ညိမ်းနိုင် said...

ခေတ်ပြောင်း၊စနစ်ပြောင်းတစ်ခုမှာ မြေဇာပင်တွေဖြစ်ရတာ
က လူငယ်တွေပါဆရာ...၊မှန်ပါတယ်...၊ဆရာပြောသလို
ပါပဲ ယောင်္ကျားလေးတွေက နံပိန်ဗလ ချောက်နှာဘူးတွေ
ဖြစ်၊မိန်းမတွေက အလကားတွေဖြစ်...၊
စည်းကမ်းကျင့်ဝတ်တွေနားမလည်ကြ၊ဒါမှန်ပါတယ်...။
ဒါဘယ်သူ့မှာတာဝန်ရှိပါသလဲဆရာ...၊ဒီပို့စ်ကိုဖတ်နေရ
ချိန်မှာ သတိရမိတာက ဆရာမောင်စိန်ဝင်းရဲ့မိုးမခပင်တွေ
ကိုပါပဲ၊ဆရာလည်းဖတ်ဖူးမှာပါ။နောက် ဗိုလ်ချုပ်ပြောသွား
တဲ့စကားတစ်ခွန်း၊နိုင်ငံရေးဆိုတာအရမ်းမွန်မြတ်ပါတယ်
တဲ့၊သူခိုင်းနှိုင်းသွားတာက ဘုရင်ခံအိမ်နဲ့ဆရာ၊ဘုရင်ခံနေ
တော့ ဘုရင်ခံအိမ်ပဲ၊ဒါပေမယ့် မီးဖိုချောင်ထဲကို ခွေးဝဲစား
တစ်ကောင်တစ်လေတော့ဝင်နိုင်ပါတယ်တဲ့...။နောက်
သတိရမိတာက သပိတ်အိုင်ဆရာတော်ကြီးဟောတော်
မူတဲ့တရားတစ်ပိုင်းတစ်စပါ။ဆရာတော်ကြီးစာသင်သား
ဘဝက ဆွမ်းစားတုံးမောင်းခေါက်ရင် ကိုယ်တော်တွေ
ကျောင်းလက်ရမ်းကို ကျော်ကာခွကာနဲ့ ဧကသီမနိုင်၊
သင်းပိုင်မနိုင် ဆွမ်းစားကျောင်းကိုပြေးကြတဲ့အကြောင်း၊
ဟောခုတော့ ကျောင်းထိုင်ကြီးတွေဖြစ်တော့လည်း
အိနြေ္ဒရေ အပြည့်နဲ့...တဲ့...၊ကျွန်တော်သတိရမိတာ
လေးတွေချရေးမိတာပါဆရာ၊ဆရာ့ဒေါသကိုနားလည်
ကိုယ်ချင်းစာပါတယ်ဆရာရယ်...၊ဒါပေမယ့် နဲနဲတော့
လျော့ပါနော့....။

Anonymous said...

နားမခံသာအောင်ဆူညံပြီး သီချင်းဖွင့်ကခုန်နေကြတဲ့ အရပ်ကို ဆောင်းညချမ်းချမ်းမှာဝေးဝေးခွာပြီး ပေတရာလမ်းမပေါ် လမ်းထွက်လျှောက်နေလိုက်တယ် ဆြာ.....

အဲဒီချိန်မှာ တခုခုပြောမိရင် ရိုက်ပွဲဖြစ်နိုင်တာမို့ပါ ....

လွဲနေတဲ့ တုပမှုတွေများနေတယ် ဆြာ


မောင်ဘကြိုင်

မဒမ်ကိုး said...

ဆရာရေပိုစ့်မတက်လို့ ခုမှမြင်ပါတယ်
နှစ်သစ်ကူးဆုတောင်းတောင်နောက်ကျနေပါပေါ့

မတတ်နိုင်ဘူး ခုဘဲပေးခဲ့မယ်
ဆရာနဲ့ မဒမ် 2012 မှာပျော်ရွှင်ကံကောင်းခြင်းမှစလို့ ရတနာလေးများထွန်းကားပါစေ ဟိဟိ

မြန်မာပြည်ရဲ့နှစ်သစ်ကူးကတော့အိုဗာနှစ်ကူးမို့လို့နားမခံနိုင်ပေါင် ဆရာရေး)

ခင်မင်လျှက်

kokoseinygn said...

စာလာဖတ်တယ်ဆရာ....
နှစ်သစ်မှာလိုရာဆန္ဒတွေပြည့်စုံပါစေ။

ဆူးသစ် said...

တော်တော်ပေါက်ကွဲနေပါလား ကိုဟန်ကြည်။ ကိုယ်ချင်းစာပါတယ်ဗျာ။ ကျွန်တော်ရန်ကုန်မှာရှိတုန်းက ညဘက်အိပ်ပျော်နေမှ Happy New Year ဆိုတဲ့ အသံကြီးကြောင့် လန့်နိုးခဲ့ရတယ်။ မခံစားတတ်တာတော့ မဟုတ်ပါဘူးဗျာ။ လူငယ်ဆိုတာကို နားလည်ပါတယ်။ ဒါပေမဲ့ စည်းမရှိကြတော့ဘူးဗျာ။ ကိုဟန်ကြည်ပြောတဲ့အချက်တွေကို နားလည်ပါတယ်။ မိန်းမတွေက ပိုက်ဆံမရဘဲကိုယ့်ပစ္စည်းကိုယ်ရောင်းစားနေတယ်ဆိုတဲ့ အသုံးကို သဘောကျလှတယ်ဗျာ။ ကျွန်တော့်ငယ်သူငယ်ချင်းတစ်ယောက်လည်း အဲဒီသဘောမျိုးပြောဖူးတယ်ဗျ။ ခေတ်က အဲဒီလိုဖြစ်နေပြီထင်ပါရဲ့။ ရွဲ့ပြောရရင် နောက်လူတွေကံကောင်းတယ်ပေါ့ဗျာ။ မ၀ယ်ဘဲ မြည်းလို့ရနေတာကိုး။ နှစ်သစ်မှာ အားလုံးအဆင်ပြေပါစေဗျာ။ ကိုဟန်ကြည်ဘယ်မှာနေတယ် မသိတာနဲ့ ကျွန်တော်များ မြန်မာပြည်ပြန်နေတဲ့နေ့ကျရင် ဆုံတော့ဆုံချင်မိသားဗျာ။

မြစ်ကျိုးအင်း said...

၂၀၁၂ နှစ်ကူးရောက်ရင်လည်း ဒါမျိုး ထပ်ကြုံအုံးမယ် ဆရာဟန်ရေ...။ အချိန်မှီသာ ကိုယ့်ဆေးကိုယ်ဖော်ထားဖို့လိုမယ်။ ဝေးရာ လွတ်ရာမှာသာ ရှောင်နေရမယ့်ကိန်းပဲ။ ရသမျှ အခွင့်အရေးထက် ပိုလိုချင်တဲ့ လူ့အခွင့်အရေး နားမလည်သူတွေ ပိုပိုတိုးလာတာကို ရင်လေးမိပါရဲ့။

နွေတေးရှင် (မင်းဧရာ) said...

ဆရာ....
စာကိုဖတ်သွားတယ်ဆိုတာထက် နာကြားသင့် နာကြားထိုက်တာကို နားထောင်ခဲ့ရတယ်လို့ ပြောပါရစေဗျာ။

ဆရာ ပြောခဲ့တာတွေ အားလုံးမှန်နေလွန်တယ်
လက်တစ်ဆုပ်စာတောင် မရှိတဲ့အတွေးတွေနဲ့ နိုင်ငံရေးလို့ကြွေးကြော်ကြ ဟိုရေးဒီရေးနဲ့ ဘာမှမသိတဲ့လူထုကို ဒုက္ခ ပေးလို့ပေး ရင်လေးလွန်းလှတယ်ဗျာ။

ကျွန်တော်ဆိုရင်လည်း အဲဒီကိစ္စတွေနဲ့ လူ့ကန့်လန့် ကိုဖြစ်လို့ပေါ့ ဆရာ့မနားလေးက တော်အုံးမယ် ဒီမှာတော့ ကျွန်တော်တို့ နိုင်ငံကို ကောင်းကောင်းကြီး သိက္ခာချကြလို့ ကျွန်တော့် နားရွက်တွေတောင် အသားကျနေပါပြီ။

မေဓာဝီ said...

ဟိုရှေ့က ဆူဆူညံ
ဘာသံတဲ့လဲ။
နှစ်သစ်ကို အကြောင်းပြ
မူးကြတဲ့ပွဲ။

ဒီနားက ပူညံညံ
ဘာသံများလဲ။
ဆရာဟန် ဒေါသူပုန်ထ
ဘလော့ပေါ်က ဆဲ။ :))

စိတ်ထိန်းပါ ဦးဟန်ကြည်ရယ် ... နောက်နှစ်ကူးအတွက် နားထဲထည့်တဲ့ ပလပ်လေး လက်ဆောင်ပို့ပေးလိုက်ပါမယ်။ :D

ဦးဟန်ကြည် ဒီပို့စ်စတင်ကတည်းက ဒီကွန်မန့်ကို ရေးထားတာ ဘယ်လိုမှ တင်လို့မရလို့ သိမ်းထားပြီး ခုမှ တင်လိုက်ရတယ်။ တော်တော်တောင် နောက်ကျသွားပြီ။ :))

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger