Pages
16 ယောက်အကြံပြုသွားတယ်:
-
ဆရာ ကဗျာတွေ ရွတ်ပြတုန်းက ကျနော်က ကဗျာဆို သိပ်မသိဘူးဗျလို့ပြောမိတာလေး သတိရတယ်း))
ကျနော်သာ လေးချိုးစပ်လိုက်လို့ကတော့လား စာလုံးပေါင်းကမှား နဘေက မထိနဲ့တော့ဖတ်ကောင်းမယ့်ဖြစ်ခြင်းး)) ဒါနဲ့ စာလုံးပေါင်းသတ်ပုံကျမ်းတွေ့ရင် ၀ယ်ထားပေးအုံးနော် ကျနော် စာလုံးပေါင်းတွေ သတိထားပြင်ရအောင် ဟဟား
-
ကျေးဇူးပါ ခင်ဗျာ... ဆရာဟန်ရှင်းပြတဲ့ လးချိုး၊ ဒွေးချိုးနဲ့ ကာရံ အကြောင်း မှတ်သားသွားပါတယ် ခင်ဗျာ.... နွယ် ကတော့ ကောင်းတယ်... တစ်ချိန်လုံးကို နွယ်နေတာပဲ :)
-
ကဗျာဖွဲ့ထုံးလေး ကြိုရှင်းပြတာ ကောင်းတယ်ဆရာဟန်။
ဖတ်နေရင်းနဲ့ ရေးဟန်ကို ပြန်တိုက်ပြီး အရသာ ပိုတွေ့ရသလို ဒီလိုရေးဖွဲ့ရပါလားဆိုပြီးလည်း သုတ တိုးရတယ်။
-
ဒါထက် ဒီည မန်ယူရဲ့ ယူရိုလိဂ် အရသာလေး မြည်းစမ်းဖို့ မမေ့နဲ့အုံးနော်။ တခါတလေ အောက်ဆင်း ကန်ရတုန်းလေး :)
-
ဒီနှောင်ကြိုးတွေကြောင့်အချစ်တွေတိုးပြီးရင်းတိုးလို့
ရင်ဘတ်ထဲမှာဒဏ်ရာဆိုးတွေနဲ့ပြည့်ခဲ့ရပြီဆိုပြီးကျွန်မ
ရေးခဲ့ဖူးတယ်ဆရာရေ--------ကြာခဲ့ပါပြီ
ဆရာကဗျာလိုအနှစ်သာရမရှိဘူး....
ဆရာကဗျာက တစ်ကယ့်အနှစ်ပဲ
ခင်ခင်မင်မင် jasmine
-
အဲ့ဒီလို သိတဲ့လူတွေ ရှားကုန်ပီ..
ခေတ်ရဲ့ အလိုအတိုင်း နေမှာပါ ဆရာရေ.. :)
-
ရှင်းပြပေးတာ ကျေးဇူး ဆရာဟန်ရေ..
-
း).. လေးချိုးကဗျာအဓိပ္ပါယ်ကိုကြည့်ရင်း ကိုးတန်းတုန်းက စိတ်ကြိုက်မြန်မာစာ အစမ်း ၂ ပတ်တာကာလကို သတိရသွားတယ်... ကဗျာဥာဏ်ထွက်တဲ့သူများကျတော့ ထွက်တယ်.... နေ၀သန်တို့မှာတော့ ဖြစ်ညှစ်ရင်တောင် မထွက်.. :P..
ခင်မင်လျက်
နေ၀သန်
-
အဲဒီလိုလည်း မဟုတ်သေးပါဘူး ဂျက်ရယ်...
ကဗျာဆိုတာ ဖွဲ့ထုံးမတူတာပဲ ရှိပါလိမ့်မယ်...တစ်ခုခုကို ပေးချင်တဲ့ စေတနာနဲ့ ရသကတော့ အတူတူပဲမို့ ကဗျာတိုင်းမှာ သူ့အနှစ်သာရနဲ့သူ ပြည့်နေတာပါပဲ...
ရှေးရိုးကဗျာက တစ်မျိုးလှသလို ခေတ်ပေါ်ကဗျာတွေကလည်း တစ်ဘာသာ လှတာပါပဲ...လှယဉ်ကျေးမယ်နဲ့ မော်ဒယ်ဂဲလ်လိုပေါ့လေး)
-
ကဗျာတွေကိုလေ့လာဦးမှဘဲ ၀ါသနာမပါတာလဲပါတယ် ဖတ်ယုံခံစားယုံလောက်ပဲရယ်
ဆရာရှင်းပြတော့လဲဟုတ်သားနော်
-
ဆရာကြီးတစ်ယောက်ရေးထားတာဖတ်ဖူးတယ်
ကဗျာမှာ ကြိုးလို့ရေးလိုက်တာနဲ့ ကဗျာဖတ်သူက မြွေကို ဆိုလိုကြောင်းနားလည်ရမယ်တဲ့
မြန်မာကဗျာရဲ့အတိမ်နက်ကို လေ့လာမဆုံးသလို ခက်ခဲလွန်းတယ် မြန်မာကဗျာတွေရေးချင်တယ် ဒါပေမယ့် ဆြာရယ် အခြေခံမပိုင်တော့ မလွယ်ဖူး
အားကျဆုံးကတော့ မန်လည်ပျို့တွေပေါ့ဆြာ ရေ
-
နွယ်ဆိုမှတော့
ရုန်းရင်းငြိတွယ်
တလည်လည်ပါပဲ ဆရာရယ်။း)
ခင်မင်သော...သတိုး
-
ဆရာ...
ဖြစ်နိုင်ရင်တော့ များများရှင်ပြပေးစေချင်တယ်ဗျာ။
ရေးသာရေးနေရတယ် လာဖတ်တဲ့သူတွေကိုလည်း အားနာလှပြီ ကိုယ့်ကိုကိုယ်လည်း ရှက်လှပါပြီ။
ဘာဆိုဘာမှ နားမလည်ပါဘဲ ကိုယ့်ရင်ထဲရောက်လာရင် ရေးချင်မိတဲ့ အဲဒီစိတ်ကြောင့် ခက်ရတာပေါ့ ဆရာ...။
အဲဒါကြောင့်များများရေးပြီး များများရှင်းပြပေးစေချင်ပါတယ် ဆရာ။
-
မင်းဧရာရေ...
စိတ်ပျက်စကား အပြောမစောစမ်းပါနဲ့ဦးလား...မင်းဧရာ ရေးထားတဲ့ကဗျာတွေ ကောင်းလွန်းလို့ တစ်ချို့ကဗျာများဆိုရင် ကော်ပီတောင် ကူးထားမိသေးတာပဲ...
ကဗျာကောင်းကင်ဆိုတာ လွတ်လပ်ကျယ်ပြောတဲ့ နယ်ပယ်ပါ...အနုပညာဆိုတာကလည်း ကိုယ်ယုံကြည်သလို၊ ကိုယ်ခံစားရသလို စိတ်ကြိုက်တင်ပြခွင့်ရှိတာပါပဲ...မင်းဧရာ ကြိုက်သလို ရေးနိုင်၊ ဖွဲ့နိုင်ပါတယ်...စာသမားတစ်ယောက်ရဲ့ စေတနာကို စာဖတ်သူတိုင်း ခံစားနိုင်တာမို့ မင်းဧရာရဲ့ ကဗျာတွေထဲက စေတနာတွေ ကဗျာဝိညာဉ်တွေကို နားလည်ကြတဲ့သူတွေချည်းပါ...
ဆရာ ရှင်းပြဖြစ်တယ်ဆိုတာကလည်း မြန်မာကဗျာဖွဲ့ထုံးကို ဗဟုသုတအနေနဲ့ သိစေချင်တဲ့ ဆန္ဒနဲ့ပါ...ဒီပုံစံဖွဲ့မှ ကဗျာမည်တယ်လို့ ကန့်သတ်ချင်တဲ့ သဘောလည်း မဟုတ်ပါဘူးလေ...တစ်ခါတစ်ခါကျတော့လည်း ပုံသဏ္ဍာန်နဲ့ ဖွဲ့စည်းပုံနောက်ကိုလိုက်ရင်း အကြောင်းအရာပိုင်းမှာ အားနည်းသွားတတ်သေးတာမို့ ဘောင်ကြီးထဲမှာလည်း ထည့်မထားစေချင်ဘူး...
နောက်ကဗျာတွေ တင်ဖြစ်ရင်လည်း နိုင်သလောက်တော့ ရှင်းပြသွားပါဦးမယ်...မင်းဧရာက မြန်မာရနံ့ကဗျာတွေကို မြတ်မြတ်နိုးနိုး ရှိလွန်းတာမို့ တစ်ခုခု မေးချင်မြန်းချင်ရင်လည်း ဆရာ့မေးလ်ကို အက်ထားဖို့ အကြံပေးပါရစေ...ဆရာတတ်သလောက် ဖတ်ထားသလောက်တော့ အကြံပေးနိုင်ပါလိမ့်မယ်...
-
ရှားရှားပါးပါး ကိုဟန်ကြည့်ဆီက ကဗျာဖတ်ရတယ်လို့ထင်ပါတယ်။ ကောင်းပါတယ်ဗျာ။ နောက်ထပ် နွယ် ပေါ့။ အဲဒီလိုလေးတွေ သေသေချာချာရှင်းပြတာလည်း မသိတဲ့သူတွေ လေ့လာလို့ရတာပေါ့။ ဆက်လက်အားထုတ်နိုင်ပါစေဗျာ။ ကဗျာချစ်သူတစ်ဦးအနေနဲ့ကတော့ ဘယ်ကဗျာဖတ်ရဖတ်ရ ၀င်စားမိတာပါပဲ။ ဆက်ရေးပါဗျာ။






16 February 2012 03:43
မြန်မာ ကဗျာစစ်စစ်ရဲ့ ကာရံတွေကို နှစ်သက်ပေမယ့် စမ်းရေးကြည့်တိုင်း တလွဲကြီးမို့... ကိုယ်တိုင် အဖြစ်မရှိတာ..သိလိုက်ရတယ် :) ခံစားအားပေးသွားတယ်အကို ..