Friday 22 April 2011

ပြန်ရောက်ပြီ . . .

 မတ်လ ၂၈ ရက်နေ့ကတည်းက အပန်းဖြေခရီးထွက်ခဲ့တဲ့ ဦးဟန်ကြည်တစ်ယောက်
မနေ့ညနေကမှ ကိုယ့်အိမ်ကိုယ့်ယာ ပြန်ရောက်ပါတော့တယ်။ နေပြည်တော်မှာ တစ်ပတ်၊ ပုဂံမှာ ၁၂ ရက် နေခဲ့တဲ့အပြင် နေ့တိုင်းလိုလို အပြင်ထွက်ပြီး လေ့လာရေးဆင်းဖြစ်တာမို့ ဓာတ်ပုံတွေ တစ်ပုံတစ်ပင်၊ ပြောစရာ ရေးစရာတွေကလည်း တစ်ပုံတစ်ပင် ပါခဲ့ပါတယ်။

တစ်နေ့တာသွားသမျှ ခရီးစဉ်ကို ညရောက်တိုင်း နေ့စဉ်မှတ်တမ်းရေးဖြစ်တာမို့ တစ်လနီးပါးစာ မှတ်တမ်းကြီးလည်း ပါလာခဲ့ပါတော့တယ်။ ဒီမှတ်တမ်းကိုပဲ ဖြုတ်သင့်တာဖြုတ် ဖြည့်သင့်တာဖြည့်ပြီး နေပြည်တော်နဲ့ ပုဂံခရီးသွားလမ်းညွှန်ဖြစ်အောင် ရေးဖို့စိတ်ကူးထားပါတယ်။

ခရီးကပြန်ရောက်ရောက်ချင်းပဲ စာသင်နှစ်သစ်အတွက် ကျောင်းသားတွေ လာအပ်နေကြပြီမို့ အားလပ်ရက်တွေ ကုန်သွားပြီလို့ သတ်မှတ်ရပါတော့မယ်။ ဘာပဲဖြစ်ဖြစ် စာသင်နှစ်အစပိုင်းကတော့ ပြောလောက်အောင် အလုပ်မပိသေးတာမို့ ခရီးသွားမှတ်တမ်းကို ကျကျနနဖြစ်အောင် ပြင်ဆင်ပြီး စာဖတ်သူမငြီးငွေ့မချင်း (ငြီးငွေ့လည်း တင်မှာပါပဲ) မှတ်တမ်းဓာတ်ပုံတွေနဲ့ နေ့တိုင်းတင်ပါတော့မယ်လို့ ကြော်ငြာမောင်းခတ်လိုက်ရပါကြောင်း။     ။ 

4 comments:

rose said...

ပာုတ်ကဲ့ပါ... ဆရာရေ...။ ခရီးသွား ဆောင်းပါးလေး ဖတ်ဖို့ မျှော်နေပါ့မယ်။ ကိုယ်တိုင် မရောက်နိုင်သေးတော့လည်း အဲ့ဒီလို ဓာတ်ပုံနဲ့ အကြောင်းအရာလေး ဖတ်ရတော့ တော်သေးတာပေါ့း)

ကိုဇော် said...

မျှော်လျက်ပါပဲ ဆရာ . . .

မောင်မျိုး said...

ဘာတွေ ပါသေးလည်းဆရာ လာမွှေမလို့း)))

အဖြူရောင်နတ်သမီး said...

ပြန်လာရင် လက်ဆောင်ပေး..
ဒါပဲ...

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger