Tuesday 14 June 2011

ဖိစီးမှု ဒီဂရီ . . .

 ကားကြုံလိုက်စီးတဲ့ လှတပတ ကောင်မလေးတစ်ယောက်ကို ခင်ဗျားရဲ့ကားပေါ်မှာ တင်ခေါ်လာမိတယ်။ မကြာခင်ပဲ အဲဒီမိန်းကလေးဟာ ရုတ်တရက်ဆိုသလို ကားပေါ်မှာ သတိလစ်မေ့မြောသွားတာကြောင့် အနီးဆုံးဆေးရုံတစ်ရုံဆီ ခင်ဗျား အမြန်မောင်းသွားလိုက်ရတယ်။

ခင်ဗျား စိတ်ဖိစီးပြီး စိုးရိမ်စပြုလာပြီ...

ဆေးရုံရောက်တဲ့အခါမှာ ဆရာဝန်တွေ၊ သူနာပြုတွေက မိန်းကလေးကို စမ်းသပ်စစ်ဆေးပြီး ကိုယ်ဝန်ရှိနေတာကို တွေ့ကြရတဲ့အတွက် ခင်ဗျားကို ချီးမွမ်းကြမယ်။ ဖအေတစ်ယောက်အဖြစ်ကို ရောက်ရတော့မှာမို့ ခင်ဗျားအတွက် ၀မ်းမြောက်ဂုဏ်ယူတယ်လို့ ၀ိုင်းပြောကြမယ်။

ခင်ဗျားကလည်း ခင်ဗျားဟာ ဒီကလေးရဲ့အဖေမဟုတ်ကြောင်း ပြောပြမယ်။ ဒါပေမယ့် သတိရလာတဲ့မိန်းကလေးက ခင်ဗျားဟာ ကလေးအဖေဖြစ်တဲ့အကြောင်းကိုပဲ ထပ်တလဲလဲ
ပြောနေမယ်။

ခင်ဗျား တော်တော်လေး စိတ်ဖိစီးပြီး စိုးရိမ်နေရပြီ...

ဒါနဲ့ပဲ ခင်ဗျားဟာ ဒီကလေးရဲ့အဖေမဟုတ်ကြောင်း သက်သေပြနိုင်ဖို့ မျိုးဗီဇဆိုင်ရာ စစ်ဆေးမှုတွေ လုပ်ပေးဖို့  ဆေးအဖွဲ့ကို ခင်ဗျားက တောင်းဆိုမယ်။ 

သက်ဆိုင်ရာ စစ်ဆေးမှုတွေ ကျကျနနလုပ်ပြီးတဲ့ အခါမှာ ဆရာဝန်က ခင်ဗျားဟာကလေးမရနိုင်တဲ့သူဖြစ်ကြောင်း၊ ဒါဟာမွေးရာပါချို့ယွင်းချက်ဖြစ်နိုင်ကြောင်း ရှင်းပြမယ်။

ခင်ဗျား တော်တော်ကြီး စိတ်ဖိစီး၊ စိုးရိမ်သွားမယ်...
ဒါပေမယ့် မကြာခင်မှာ စိတ်သက်သာရာရသွားမယ်...

ဆေးရုံကနေအိမ်ကို ကားမောင်းပြီးပြန်လာရင်း ခင်ဗျားရဲ့ကလေးသုံးယောက်အကြောင်းကို သွားစဉ်းစားမိမယ်။

အဲဒီမှာတင် တကယ့်ကို ကြီးအကျယ် စိတ်ဖိစီးပြီး၊ စိုးရိမ်စရာနဲ့ သွားတွေ့တော့တာပါပဲ...

( အင်တာနက်ပေါ်တက်ပြီး တွေ့သမျှစာကို မွှေနှောက်ဖတ်ရင်း သဘောကျတဲ့ ဟာသလေးတစ်ခုကို  ပြန်ပြီးဖောက်သည်ချလိုက်ပါတယ် )

10 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟင် .. သုံးယောက်ကြီးတောင်လား
လွန်တာပေါ့ ဆရာရယ်း)

မအိမ်သူ said...

:D :D နောက်ဆုံးစိတ်ဖိစီးမှုကတော့ အဆိုးဆုံးဖြစ်လိမ့်မယ် ထင်တယ်ဆရာရေ.. ဝေမျှပေးတာ ကျေးဇူးပါရှင်။

တောက်ပကြယ်စင် said...

ဟင်..............ကျေးဇူးနော်။ ကျန်းမာပျော်ရွှင်ပါစေဗျာ

နေ၀သန် said...

:)))... မြန်မာပြည်ကနေ အင်တာနက်ပေါ်မှာ မွှေနိုင်တာတော့ ချီးကျူးပါပေ့.. ဆရာဟန်ကြည်...


ခင်မင်လျက်
နေ၀ဿန်

sosegado said...

နောက်ဆုံးးကအထိဆုံးဖြစ်သွားတာပေါ့

Angelhlaing(May everybody be happy and healthy! said...

တော်တော်နောက်တဲ့အကိုပဲ...:):)

မင်းဧရာ said...

အဲဒါတွေ တွေး ရင်လေးတယ်ဆရာ.........

mstint said...

ခေတ်နဲ့ အခါနဲ့ ကိုက်ညီတဲ့ စိတ်ဖိစီးပြီး စိုးရိမ်မှုလေးတွေ ဆိုင်ရာ အတွေးစလေးတွေ ဖတ်သွားပါတယ်။

မေတ္တာဖြင့်
အန်တီတင့်

သူကြီးမင်း (တုံးဖလား) said...

အော် ဖြစ်ရလေ ကားဆရာရယ်။း)))

ခင်မင်လျက်

မြစ်ကျိုးအင်း said...

စိတ်ဖိစီးမှု အရှိန်ကတော့ တက်ပြီးရင်း တက်ပါပဲလားဗျာ

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger