Pages
29 ယောက်အကြံပြုသွားတယ်:
-
လမ်းခုံးပေါ် ဖြတ်ကျော်တဲ့ ကားစီးရတာ ခေါင်းအရမ်းမူးတယ်။ ပျို့အန်ချင်သလိုလိုကြီး။ ဘုလေးတွေ လုပ်တာတော့ ကောင်းပါတယ်။ များလွန်းရင်တော့ တစ်မျိုးပေါ့လေ။ ဘာဘဲ လုပ်လုပ် သတိပေးဆိုင်းဘုဒ်တော့ ကြိုတင်မြင်သာတဲ့ နေရာမှာ ကပ်ထားသင့်ပါတယ်။ ဘု လုပ်ထားတာက ကားသမားကော ရပ်ကွက်နေသူကော နှစ်ဦးနှစ်ဘက်လုံး ကောင်းဖို့ဖြစ်သင့်ပါတယ်။ နှစ်ဘက်လုံး နစ်နာမဲ့ဟာမျိုးကတော့ လုံးဝလုံးဝ မကောင်းပါဘူး။
ကလေးများတဲ့ ရပ်ကွက်တွင်းတော့ ဘုလေးတွေ တကယ်ရှိသင့်ပါတယ်။ ရွှေနိုင်ငံက မော်တော်ယာဉ်ပိုင်ရှင်များကလဲ ဆောင့်ကြွားကြွားနဲ့ လေဗာကို မိုင်ကုန်နင်းရမှ ဂုဏ်ရှိတာလို့ ထင်ကြလေတကား။
ကောင်းကောင်းမွန်မွန်ဘုကလေးတွေဆို ကြိုဆိုရမှာပါ။
ခင်မင်လျှက်
-
အင်း....ဆရာရေ.....ရွှေပြည်ကြီးက အလွဲတွေကတော့
မပြောချင်တော့ပါဘူး....။လမ်းခုံးတွေက ထားသင့်ပေမယ့်
ဆရာပြောသလိုပါပဲ....လိုတာထက်ပိုတော့လည်း....အင်း..
ဆရာဘာပြောချင်သလဲဆိုတာ တွေးနေမိတယ်....။
-
ဆြာကြည်ရေး)
ပြောချင်တာတွေတော့အများသားဗျို့
ဆြာကြည် ရေ ပြောတော့ဖူးနော်း)
လမ်းဖောက်တာတွေ လမ်းမကြီးတွေ အဝေးပြေးလမ်းတွေ ကြည့်ပြီး လိုအပ်တာတွေ လွဲနေတာတွေမြင်မှာပေါ့နော်း)
(အင်ဂျင်နီယာတွေကိုစော်ကားသလိုဖြစ်မှာစိုးလို့ မပြောောတ့ဖူး )
ပို့စ်တခုတော့ရေးအုံးမယ် တွေးထားတယ် မရေးဖြစ်သေးဖူး အလွဲလေးတွေပေါ့ ဆြာရယ်
မောင်ဘကြိုင်
-
ဦးဟန်ကြည်ရဲ့ ပေါက်ကွဲမှုလေးကိုဖတ်ပြီး ကိုယ်ချင်းစာမိပါတယ်။ slow down တွေရဲ့ အတိုင်းအတာတွေ လွန်ကဲမှုကြောင့် ကားဝမ်းဗိုက်တွေလည်း ဒဏ်ရာတွေများနေပါပြီး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
-
ဆရာရေ..စိတ်မညစ်နဲ့နောင်ဆိုရင်ဒီထက်
ဆိုးမယ်ထင်တယ်...အတုမယူသင့်တာတွေ
တော့သူတို့ကအတုယူပြီးလုပ်နေတာ
ဒီမှာက ကျောင်းရှိတဲ့နေရာ.ဆေးရုံဆေးခန်း
.လူအိုရုံ..ကစားကွင်းရှိတဲ့နေရာ လမ်းခုံးတွေရှိတယ်
လမ်းတွေကလဲ ဖြူးနေတာပဲ
ချိုင့်တွေဘာတွေဘာမှမရှိဘူးလေ.
နောင်ဒီလိုမပေါက်ကွဲရအောင် အမျိုးသမီးကိုခေါ်ပြီး
နိုင်ငံခြားကိုထွက်ခဲ့ပါတော့ဆရာရေ....
ချမ်းမြေ့စွာနဲ့ စာတွေဆက်ရေးနိုင်ပါစေ။
jasmine
-
"တခြမ်းပဲ ခင်းတော့ သွားရ အလွန်ခက်သည်"...အမှန်ပဲ ဦးဟန်ကြည်ကြီးရေ...၂၀၁၀ ဒီဇင်ဘာ ရန်ကုန်ပြန်တော့ မြို့ လည် ဆူးလေနားမှာ တွေ့ ခဲ့တာ..ဓာတ်ပုံရိုက်ချင်တာများ လက်ကို ယားနေတာပဲ...း)
-
ှဆရာ......
လမ်းပေါ်မှာ ခုံးလေးတွေတော့ရှိသင့်ပါရဲ့
သို့ပေမယ့် အရမ်းနီးတာတို့
အရမ်းမြင့်တာတို့ကြတော့ မကောင်းဘူးပေါ့
ဆရာ ပြောသလိုပါဘဲ အတိုင်းအတာထက်လွန်တော့
အန္တရာယ် များတာပေါ့ ကားတွေအောက်ပိုင်းနာသလို
ဆိုင်ကယ်တွေဆို အင်ဂျင်တောင် ပွင့်သားနိုင်တယ်
ဒါတောင် ထိမ်းစီးမှနော် နို့မို့တော့ ဆိုင်ကယ်တခြား လူတခြားဖြစ်သွားမှာ။
-
ဒါ ဂင်းနစ်စံချိန်တင်မဲ့ ဘုပဲ ဆရာရေ..
ရှာဖတ်ကြည့်အုံးမယ်..
ဒီလောက်ဆိုရင်..ကမ္ဘာ့ အမြင့်ဆုံး လမ်ခုံး ဘုများ ဆိုပြီးစာရင်းတောင် တို့ပြီး လောက်ပြီထင်တယ်...:D
အေးချမ်းပါစေ ဆရာရေ..
-
အဲဒီလမ်းခုံးမြင့်မြင့်တွေကို သိပ်စိတ်ညစ်တာ.. ကားဗိုက်တွေ တဒုန်းဒုန်းစောင့်ပြီးတိုက်လွန်းလို့။ ဒီခမာပြည်မှာတော့ ဟိုင်းဝေးတွေမှာ အကျယ်လက်တစ်ဝါး အမြင့် ၁လက်မခွဲသာသာလောက်ရှိတဲ့ တုံးသေးသေးလေးတွေကို တစ်တုံးနဲ့တစ်တုံး ၆လက်မလောက်စီခြားပြီး ၁၀တုံးလောက် ဆက်တိုက်ခင်းထားတတ်တယ်။ ခေါင်မိုးသွပ်ပြားလိုမျိုးပေါ့ဆရာရေ။ အဲဒီပေါ်ဖြတ်ရင် ဒုတ်ဒုတ် ဒုတ်ဒုတ်နဲ့တော့နေတယ် ဒါပေမယ့် သိပ်အရှိန်လျှော့စရာမလိုဘူး။ အတော်လေး အဆင်ပြေတယ်။ အန္တရာယ်လဲကင်းတယ်။
-
အတွေးရော အရေးပါ ထိထိမိမိပါလားအကို :):) မရောက်တာကြာလို့ မေ့နေပြီလား....နိုလိုက်မှာနော် :P:P
-
ဘိလပ်မှာလဲ လမ်းခုံးတွေ ပေါပါ့ ဦးဟန်ကြည်ရေ။
ကျမဦးရီးတော်ဆို အဲဒီလမ်းတွေကို ရှောင်မောင်းတယ်။ လမ်းခုံးရှိတဲ့လမ်းက ကားမောင်းရတာ အဆင်မပြေလို့ မကြိုက်ဘူးတဲ့။
ဒီမှာ နောက်တမျိုးရှိသေးတယ်၊ ကျဉ်းလိုက် ကျယ်လိုက် လမ်းတွေ။ ကားအရှိန်လျှော့အောင် လမ်းကို တ၀က် ကျဉ်းထားတာ။ တဘက်ကလာတဲ့ကားက ရပ်စောင့်နေရတယ်။ ကျမတော့ အဲဒါမျိုးလဲ သဘောမကျပါဘူး။
ဒီမှာကတော့ ကောင်စီက ပိုက်ဆံတွေ ပိုနေရင်တို့၊ ရပ်ကွက်ကလူတွေ ကွန်ပလိမ်းတက်ရင်တို့ လျှောက်လုပ်နေကြတာပါပဲ။
ဘာပဲဖြစ်ဖြစ် လမ်းတိုင်း ဖြောင့်ဖြူးစေချင်ပါတယ်ရှင် ...
-
အခုတလော ဆရာဦးဟန်ကြည်စိတ်ထဲမှာ ကျလိကျလိတွေ အရမ်းများနေပါ၏.. ဟိဟိ... :P..
ခင်မင်လျက်
နေ၀သန်
-
လမ်းခုံးလေးတစ်ခုအကြောင်းကနေ ဦးဟန်ကြည်ပေးချင်တဲ့ မက်ဆေ့ ပြောချင်တဲ့ စကားတွေ ကြားလိုက်မိသလိုပါဘဲ။
လိုတာထက်ပိုရင် ဘယ်အရာမှ မကောင်းဘူးဆိုသလိုပေါ့နော်။
သတ်မှတ်စံချိန်စံညွှန်းနဲ့အညီ လုပ်နိုင်ခဲ့ရင် စည်းကမ်းလည်းထုတ်နိုင်ပြီး အများကလည်း လိုက်နာနိုင်ပါတယ်။ မဟုတ်ရင်တော့ လမ်းခုံးလေးလို သိပ်မြင့်နေတဲ့ အခုံးလေးအတိုင်း စည်းကမ်းဥပဒေဆိုတာလည်း လိုအပ်တာထက် လိုက်နာဖို့ ခက်ခဲပါတယ်။
-
ကျွန်တော်နားလည်းသလောက် အဲဒီလမ်းခုံးတွေက စာသင်ကျောင်းနားနီးတဲ့နေရာတွေမှာဆို ထားလေ့ရှိပါတယ်။ ကလေးတွေကို ကာကွယ်ဖို့ပါ။ ကျွန်တော်တို့ဆီမှာတော့ လိုတာထက်ပိုလုပ်နေကြတာပါ။ ဒါကို ကိုရွှေထူး(ပြည်)တောင် သရော်ဖူးတယ်။ ကိုမောင်တင့်က သူ့အိမ်ရှေ့နား အဲဒီလိုလမ်းခုံးလာလုပ်သွားတာ ပထမတော့ ဟုတ်သလိုလိုနဲ့ နောက်တော့ ကားမောင်းတဲ့သူတွေက အရှိန်တော့ရှော့ပါရဲ့။ အိမ်နားရောက်ရင် သူ့မိန်းမကိုပါလှည့်ငမ်းသွားလို့။ တင်းတာလေ။
-
ရှိသင့်တဲ့ နေရာမှာရှိတာတော့ ရှိပါစေတော့။ ခက်တာက နေရာတကာလိုလို လိုက်ဘု နေတာ ကိုး :))
-
အင်မတန်မှစိတ်ပျက်စရာအခြေအနေတွေပါဆရာ။ဒီပုံအတိုင်းဆိုရင်
ဘယ်တော့များမှအဆင့်မှီတဲ့လမ်းပန်းဆက်သွယ်ရေးတွေဖြစ်ပေါ်လာ
ပါ့မလဲလို့သက်မမောချရင်း.....(ခင်မင်လေးစားလျက်)
-
ဘာပဲပြောပြော ဖတ်လို့တော့ကောင်းတယ်ဆရာရေ
ကိုယ့်နဲ့မရင်းနှီုးသေးတော့ လမ်းခုံးအကြောင်း
မဝေဖန်ချင်သေးဘူးဆရာ.. မဝေဖန်ချင်ဆို
ဆရာကမှ ဆိုင်ကယ်ကြီးရှီသေးတယ် အနော်က
ဆိုင်ကယ်ကို အသာထား..
စက်ဘီးကိုမဆိုသေးနှင့် ..ဖိနပ်တောင် အပိုမရှီသေးလို့.
ဟိဟိ.. အနော် ကားကြီး စီးနိုင် ခဲ့ရင်တော့
အဲလိုလမ်းခုံးတွေအကြောင်း သမ္မတကြီးစီကို
ကွန်ပလိန်း တက်ပစ်မယ် ဆရာ ..;p;p;p
လေးစားခင်မင်လျှက်
(ဒုတိယ)
-
ဦးဟန်ကြည်ခင်ဗျာ အကြံပြုခဲ့ပါ့မယ်
ကိုယ်ကမှမတတ်နိုင်တာ ကျော်သွားအောင်လုပ်ရမှာပေါ့ဗျာ
ဆိုင်ကယ်ဆိုယင် YAMAHA DT သာဝယ်စီးပါဗျာ
ကားဆိုယင်တော့ ဟိုးအယင်ကပေါ်ခဲ့တဲ့ ခုလေလံပြန်ထွက်တဲ့ ဗောက်စ၀က်ဂွန် (UNICEF)လိုဟာမျိုး
သာစီးပါဆရာ အရှိန်လျှော့စရာမလိုတာတွေ့ရပါလိမ့်မယ်
ကျွန်တော်တိုကအယင်ကကိုယ့်နည်းကိုယ့်ဟန်နဲ့
ကျော်ခွပြီးဘလော့ရေးခဲ့ကြသလိုပေါ့ဗျာ
အစဉ်လေးစားချစ်ခင်လျှက်
ချစ်သူမောင်
-
ဒါကြောင့်လည်း ရွှေမြန်မာပြည်ကြီးရယ်လို့ ထူးထွေသည် အံ့ရာသော် ဖြစ်နေတာပေါ့ဗျာ။
-
ချစ်သူမောင်ရေ...Wagon လေးတွေကိုတော့ သဘောကျပါတယ်...ဒါပေမယ့် Yamaha ကိုတော့ သိပ်မကြိုက်ပါ...နည်းနည်း အမြင်ဆိုးတယ်လို့ စိတ်ထဲမှာ ခံစားမိလို့ပါ...အကြံပေးတာ ကျေးဇူးတင်ပါတယ်...
ဒုတိယရေ...ဦးဟန်ကြည်ကိုလည်း အဲဒီလောက်ထိ အထင်မကြီးပါနဲ့ဦး...စားစရာမရှိလို့ နှစ်ရက်လောက် ပဲလှော်ဝါးပြီး ရေသောက်နေခဲ့ရတဲ့ ကာလတွေကို မသိလို့ထင်ပါရဲ့...းးး)))
-
ဆရာရေ ဘုန်းဘုန်းပြောချင်တဲ့ မက်ဆေ့ခ်ျက ပန်းရနံ့ပြောတာနဲ့ တူသွားပြီမို့။ အဲဒီအတိုင်းပဲနော်။ ဟိ။ ဘယ်အရာမှာမဆို မဇ္ဈိမပဋိပဒါထဲ အကျုံးဝင်ဖို့ ကောင်းပါတယ်။ အလယ်အလတ်ပေါ့နော်။ သူ့ဘက်ကိုယ့်ဘက်ကြည့်ပြိးတော့ပဲ ချမှတ်သင့်ပါတယ်။
-
ဟုတ်ပ ဆရာရေ
လမ်းခုံး တွေ ကိုမုန်းလိုက်တာ
ရွှေစင်ဦး
-
စာလာဖတ်သွားပါတယ်ဆရာ
-
မှန်ပါတယ်ခင်ဗျာ။ လမ်းညွှန်ဆိုင်းဘုတ်နဲ့ သတိပေးဆိုင်းဘုတ်က မြို့တိုင်း၊ ရွာတိုင်းမှာ ထားရှိသင့်ပါတယ်ခင်ဗျာ။ မဟုတ်ရင် ယဉ်မောင်းသူကို အလွန်ဒုက္ခရောက်စေပါတယ်ခင်ဗျာ။ အစ်ကိုကြီးတွေးသလို သူတို့လည်းတွေးမိပါစေလို့ ဆုတောင်းမိပါရဲ့။
-
ဆရာကြည်ရေ...
Slow Down ဆိုတော့လည်း Slow Down ပေါ့ ရှင်။ သိနေသူတွေ ရှုး တိုးတိုး.....ကျယ်လာရင် ဒဏ်ငွေ ရိုက်မည်။။အဟီး...စတာနော်။။ မဒမ်လေးနဲ့ ကိုရင် ကတော့ ဘယ်နားကြည့်ကြည့်ပါတယ်နော်။ ကိုရင်ကို လည်းကျောင်းမှာဘဲ ထားခဲ့ပါ ဆရာကြည်။ပျော်ရွှင်ပါစေ ရှင့်
-
တကယ် ထိရောက်တဲ့ အတားအဆီးမျိုးမှ တန်ဖိုးရှိတာမျိုး။ အခုလို ဆင်ခြင်ဥာဏ်မရှိဘဲ မတွက်မချက်ဘဲနဲ့ လုပ်နေရင် ဒါဟာ ကိုယ့်ရဲ့ လူမှန်နေရာမှန် မရှိမှုကို ထုတ်ပြနေတာနဲ့ အတူတူပါပဲ။
-
အောက်ဆုံးစာကြောင်းလေးက ပွဲသိမ်းရိုက်ချက်ပါပဲ။ သဘောကျပါ့။
-
ဟုတ်ပါ့ဆရာရယ်။ ကြုံဖူးပေါင် ဂုဏ်ထူးဆောင်ဘွဲ့ပေးရမယ့် လမ်းခုံးတွေပါပဲ။ လိပ်ကျောကုန်းကြီးတွေထက်တောင် ဆိုးသေး။ ကားဗိုက်နဲ့ ရိုက်ရိုက်သွားတာ ကားလေးများဆို မြင်ရက်စရာတောင်မရှိဘူး။
ခရီးသွားနေလို့ ကွန်မန့်နောက်ကျတာ ခွင့်လွှတ်ပါဆရာရေ့။
ခင်တဲ့
မေသိမ့်






1 October 2011 06:28
ဆရာအကိုရေ
ကျဉ်းထဲကျပ်ထဲနေ..နေရတာ
ဒီလောက်ဘဲကြာနေပြီဟာ..
စကားမစပ်..
ကိုရင်အနိုင်ကျင့်တယ်..ပစ်ပစ်ကို..
ဆုံးမပေးပါ..ဆရာ..
သူ့စီပုံးမှာအရုပ်လေးတွေ
စုံလို့သွားဆော့မိတာ..သူများကိုအနိုင်ကျင့်တယ်..
ပေးမဆော့ဘူး..
ဂျယ်ရီပစ်ပစ်