မလာနဲ့ခင်
နွေရင်ခွင်ထဲ ပူလောင်ဆဲမို့...
မလွမ်းနဲ့ခင်
မေ့တတ်ရင်လည်း ကျေနပ်ဆဲမို့...
မငိုနဲ့ခင်
နှောင်တွယ်ငင်ခြင်း ကင်းကြစို့...
ခင်ထားရာနေ ခင်စေရာသွား
ခင့်အနားတွင် ခစားဝပ်စင်း
ချစ်ခြင်း၏ကျွန် သောက၀န်ထမ်း
မောင်ပင်ပန်းပြီ...
မျက်နှာတော်ဦး မော်မဖူးချင်
ကြည်ချိုရွှင်ပြ စကားလှတို့
တမ်းတတတ်ခြင်း နှောင်တွယ်ကင်းစွာ
နေလိုပါလည်း...
ရစ်ချည်နှောင်ဖွဲ့ ငြိ မိခဲ့သော
ထိုသံယောဇဉ် နွယ်တစ်မျှင်ကြောင့်
ခင်စေသမျှ လိုတရသော
မှော်ရုံတောဝယ် မျက်စိလည်ရင်း
ချစ်ခြင်းများကြောင့်
ရူးခဲ့ပြီ...။ ။
ဟန်ကြည်
၁၉.၉.၂၀၁၃ ( ကြာသပတေးနေ့ )
သမုဒယကဗျာတွေ မရေးဖြစ်တာ
အတော်ကြာနေပါပြီ။ ဒီနေ့တော့ အမှတ်မထင် ကဗျာတစ်ပုဒ် စိမ့်ထွက်လာတာမို့ အမိအရ
ဖမ်းထားလိုက်မိပါတယ်။ လူကြမ်းကြီးဦးဟန်ကြည်ရဲ့ အနုသယနှောတဲ့ ရှားပါးကဗျာလို့
ဆိုနိုင်ကောင်းပါရဲ့။
image credit to
Nude Descending a Staircase, No.2 - Marcel Duchamp -
WikiPaintings.
wikipaintings.org
http://uploads4.wikipaintings.org/images/marcel-duchamp/nude-descending-a-staircase-no-2-1912.jpg
15 comments:
အထင်ကြမ်းပေမယ့် အမြင်နူးညံ့ပါတယ် ဆရာဟန်ကြည်ရယ် ..း)
နွံဆိုမှတော့ ကျွံဘို့မှတစ်ပါး အခြားမရှိပြီပေါ့နော် ..
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဟိုက်ရှားပါး...လူကြမ်းကြီးဆီက အနုအလှ ကဗျာတပုဒ် ထွက်လာပါရောလား..း)
ကာရန်နဘေတွေနဲ့ ..Template ပြောင်းလိုက်တယ်နော်..
အိုး...........
ဆရာ မောင်စိန်ဝင်း လား
မှတ်ရတယ်ဗျာ ။
သိပ်ကောင်းတယ် ဆရာရေ.....
ဟိုအရင် ... ဆရာဝန်နဲ့ကျောင်းသူ ဇာတ်လိုမျိုး
အချစ်ဝတ္ထုလေးတွေ ဖတ်ချင်သေးတယ် ဆရာရေ
အခု ဆရာရဲ့ နွံမှာ နစ်သွားပါကြောင်း
ဟိုက်ရှာလဘတ်ရည်...
အဲလေ...ဟိုက်ရှားပါးစ်..
ဒို့ ဆရာကွ။
မိုက်တယ် မိုက်တယ်။
ကျမလည်းမောင်စိန်ဝင်းပုတီးကုန်းကဗျာလားလို့ တွေးမိတဲ့အတွက်တောင်းပန်ပါတယ်။
နောက်ဆိုဆရာဟန်ကြည့်ကဗျာလားလို့ အရင်တွေးမိတော့မှာပါ။ အကြမ်းတွေပဲဖတ်ဖူးနေတော့ပိုနုတာပေါ့။
သဘောကျပါတယ်။
အိုင်အိုရာ
ပစ်ပစ် လာသွားပါတယ် ဆာဟန်..
ကဗျာ လာဖတ်ပါတယ် ခင်ဗျာ ...
ဆရာဟန်ရဲ့ နွံကဗျာလေးကို သဘောကျမိတယ်။
မလေးလည်း ကဗျာလေးတွေဖတ်ရတာ သဘောကျတယ်။
ခင်မင်စွာဖြင့်
မလေးမြတ်
ဆရာဟန် ရေ ကဗျာလေးဖတ်သွားတယ်။
ရှားရှားပါးပါးပေမယ့် အဖိုးတန်ကဗျာလေးပါဆရာ..
ကဗျာလေး တကယ်ကောင်းတယ်။
လူကြမ်းကြီးအသဲကွဲတော့ ယုံမှာလား....လို့မေးရ
မလိုဖြစ်နေပါရောလား...ဆရာ...:D
ဟိုတုန်းက ဆရာမောင်စိန်ဝင်းတို့၊ဆရာငြိမ်းကျော်တို့
ကဗျာလေးတွေကိုပြန်ဖတ်လိုက်ရသလိုပါပဲဗျာ....။
ဘူပြောလဲ ဆရာ့ကို လူကြမ်းလို့
ဟိုက်..ရှားဘားစ်.... အရမ်းကြိုက်တယ်
ချစ်ခြင်း၏ကျွန် သောက၀န်ထမ်းေ
မာင်ပင်ပန်းပီ.....
တစိမ့်စိမ့်ရွတ်၍ ပြန်ပါသည်။
ကဗျာချစ်သူ.. နောင်ဂျိန်တို့မောင်နှံ
ကဗျာလေးက အရမ်းကို လှတယ် ဆရာရေ။ အရေးအသားကတော့ ထူးပြီးချီးကျူးစရာ မလိုတော့အောင်ကိုပါ။ ( မြတ်ကတောင် ဆရာ့ရေးဟန်တွေကို ကြည့်ပြီး သင်ယူနေရတာမို့ )။ ဒီကဗျာလေးကို အရမ်းပဲ နှစ်သက်မိပါတယ်။
ဒီကဗျာလေးအရမ်းသဘောကျတယ်ဗျာ့ ပြန်လည်ဖော်ထုတ်လိုက်ပါဦးဟဟ
Post a Comment