credit to Google |
ဦးဟန်ကြည် ဖျားနေသည်။
တရားကပ်နိုင်ခဲသော
လူ့အန္ဓတို့၏ ထုံးဟောင်းကို လိုက်နာ၍
ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော်လုပ်ရလျှင် ဦးဟန်ကြည်သည် တော်ရုံတန်ရုံဖြင့် ဖျားတတ်နာတတ်သူမဟုတ်။ ပုလုကွေးအရွယ်က တစ်မိသားစုလုံး တုပ်ကွေးမိချိန်တွင်ပင် မဖျားဘူးခဲ့။ အရွယ်ရောက်လာ၍ ငှက်ဖျားတောတွင် ကျင်လည်သွားလာနေခဲ့သော်လည်း နှာစေး ချောင်းဆိုးမှလွဲ၍ ကြီးကြီးမားမား မဖျားစဖူး။ ဖျားလျှင်လည်း ထိုအဖျားသည် တစ်ရက်နှစ်ရက်ထက် ပို၍မကြာ။ သို့သော် အရွယ်ရလာသည်နှင့်အမျှ ခန္ဓာကိုယ်သည် ယိုယွင်းလာလေပြီ။ လွန်ခဲ့သော သုံးလေးနှစ်ခန့်မှစ၍ တစ်နှစ်လျှင် တစ်ကြိမ် မှန်မှန်ကြီး ဖျားလေတော့သည်။ ဖျားလိုက်လျှင်လည်း မသက်သာ။ တစ်ရက်လျှင် လေးငါးခြောက်နာရီ မိုးတိုးမတ်တပ်ဖြင့် စာသင်ခဲ့ရသော ဒဏ်တို့က ဖျားပဟေ့ဆိုလျှင် ဒဏ်ပြန်ပေါ်လေတော့သည်။ ခြေဆစ်လက်ဆစ်တို့ ကိုက်ခဲပြီး တဟီးဟီး ညည်းရလေတော့သည်။ မိုးလင်းမှ မိုးချုပ် အနားမပေးဘဲ မညှာမတာ အခိုင်းခံခဲ့ရသော မျက်လုံးအစုံကလည်း ဖျားသည်နှင့် တပြိုင်တည်း ဦးဟန်ကြည်ကို ပညာပေးပြန်လေသည်။ မျက်ရိုးကိုက်လိုက်သည်မှာလည်း ပေါက်ထွက်မတတ်။ အအိပ်အနေကို မဆင်ခြင်သော ဒဏ်ကလည်း ခံရသေးသည်။ဖျားပြီဆိုသည်နှင့် ခေါင်းကိုက်လိုက်သည်မှာ ငယ်ထိပ်ကို ဆယ်ပေါင်တူနှင့် ထုနေသည်နှင့်ပင် တူတော့သည်။ ငယ်နုစဉ်က တစ်ရက်နှစ်ရက်ဖြင့် နာလန်ထနိုင်ခဲ့သော မောင်ဟန်ကြည် မဟုတ်တော့ပြီ။ နာလန်ထဖို့ သုံးလေးရက် အရှိန်ယူရသော ဦးဟန်ကြည် ဖြစ်နေလေပြီ။ သည်ကရှေ့တွင် ပို၍ပင် ဆိုးပေဦးတော့မည်။ တမြတ်တနိုး ကျွေးမွေးသုတ်သင်ပြုစုထားခဲ့ရသော ခန္ဓာကိုယ်ကြီးက တစ်နှစ်ထက်တစ်နှစ် ပို၍သစ္စာဖောက်ပေဦးတော့မည် မဟုတ်ပါလား။
ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော်လုပ်ရလျှင် ဦးဟန်ကြည်သည် တော်ရုံတန်ရုံဖြင့် ဖျားတတ်နာတတ်သူမဟုတ်။ ပုလုကွေးအရွယ်က တစ်မိသားစုလုံး တုပ်ကွေးမိချိန်တွင်ပင် မဖျားဘူးခဲ့။ အရွယ်ရောက်လာ၍ ငှက်ဖျားတောတွင် ကျင်လည်သွားလာနေခဲ့သော်လည်း နှာစေး ချောင်းဆိုးမှလွဲ၍ ကြီးကြီးမားမား မဖျားစဖူး။ ဖျားလျှင်လည်း ထိုအဖျားသည် တစ်ရက်နှစ်ရက်ထက် ပို၍မကြာ။ သို့သော် အရွယ်ရလာသည်နှင့်အမျှ ခန္ဓာကိုယ်သည် ယိုယွင်းလာလေပြီ။ လွန်ခဲ့သော သုံးလေးနှစ်ခန့်မှစ၍ တစ်နှစ်လျှင် တစ်ကြိမ် မှန်မှန်ကြီး ဖျားလေတော့သည်။ ဖျားလိုက်လျှင်လည်း မသက်သာ။ တစ်ရက်လျှင် လေးငါးခြောက်နာရီ မိုးတိုးမတ်တပ်ဖြင့် စာသင်ခဲ့ရသော ဒဏ်တို့က ဖျားပဟေ့ဆိုလျှင် ဒဏ်ပြန်ပေါ်လေတော့သည်။ ခြေဆစ်လက်ဆစ်တို့ ကိုက်ခဲပြီး တဟီးဟီး ညည်းရလေတော့သည်။ မိုးလင်းမှ မိုးချုပ် အနားမပေးဘဲ မညှာမတာ အခိုင်းခံခဲ့ရသော မျက်လုံးအစုံကလည်း ဖျားသည်နှင့် တပြိုင်တည်း ဦးဟန်ကြည်ကို ပညာပေးပြန်လေသည်။ မျက်ရိုးကိုက်လိုက်သည်မှာလည်း ပေါက်ထွက်မတတ်။ အအိပ်အနေကို မဆင်ခြင်သော ဒဏ်ကလည်း ခံရသေးသည်။ဖျားပြီဆိုသည်နှင့် ခေါင်းကိုက်လိုက်သည်မှာ ငယ်ထိပ်ကို ဆယ်ပေါင်တူနှင့် ထုနေသည်နှင့်ပင် တူတော့သည်။ ငယ်နုစဉ်က တစ်ရက်နှစ်ရက်ဖြင့် နာလန်ထနိုင်ခဲ့သော မောင်ဟန်ကြည် မဟုတ်တော့ပြီ။ နာလန်ထဖို့ သုံးလေးရက် အရှိန်ယူရသော ဦးဟန်ကြည် ဖြစ်နေလေပြီ။ သည်ကရှေ့တွင် ပို၍ပင် ဆိုးပေဦးတော့မည်။ တမြတ်တနိုး ကျွေးမွေးသုတ်သင်ပြုစုထားခဲ့ရသော ခန္ဓာကိုယ်ကြီးက တစ်နှစ်ထက်တစ်နှစ် ပို၍သစ္စာဖောက်ပေဦးတော့မည် မဟုတ်ပါလား။
မနေ့မနက်က
အိပ်ရာထလိုက်ချိန်တွင် ဦးဟန်ကြည် အခြေအနေမကောင်း။ တစ်ကိုယ်လုံး ကိုက်ခဲနေသည်။ တကျွတ်ကျွတ်
စုတ်သပ်ပြီး အိပ်ရာမှ ထရ၏။ ခေါင်းကလည်း မကြည်။ ရီဝေေ၀ မူးနောက်နောက်နှင့် မသောက်ရဘဲ
မူးနေ၏။ အိပ်ရာထက်တွင် လှဲနေချင်သော်လည်း မလှဲနိုင်။ လစဉ်လတိုင်း၏ ပထမပတ်သည် ဦးဟန်ကြည်၏
သင်တန်းသားများအတွက် စာမေးပွဲ သီတင်းပတ် မဟုတ်ပါလား။ ကိုက်နေသော မျက်လုံးအစုံကို မရမက
ပြူးပြဲဖွင့်ပြီး မေးခွန်းထုတ်ရသည်။ ခေါင်းနောက်နောက်ဖြင့် မည်သည့်ပုစ္ဆာများကို မည်သို့မေးလိုက်မိမှန်းပင်
မစဉ်းစားနိုင်တော့။ မေးခွန်းထုတ်ခြင်း၏ အခြေခံမူဝါဒတို့ကိုလည်း မစဉ်းစားနိုင်။
Bloom’s Taxonomy သည်လည်း ဘယ်ပြေးမှန်း မသိတော့။ မတတ်နိုင်။ ကိုယ်မချိလျှင် အမိသော်လည်း
သားတော်ခဲသည် မဟုတ်လား။ စာသင်ချိန်သို့ရောက်၍ ကျောင်းသားများကို မေးခွန်းနှင့် အဖြေလွှာများ
ဝေပြီးလျှင် ဦးဟန်ကြည် မဟန်နိုင်တော့ပြီ။ မကြည်နိုင်တော့ပြီ။ Dream bed တစ်လုံးပေါ်တွင်
စန့်ရင်း တဟီးဟီး ညည်းရလေတော့သည်။ မျက်စိမှိတ်ရင်း အဖျားတက်နေသော်လည်း ဇိမ်ရှိရှိ မဖျားရ။
ဆယ်မိနစ်တစ်ခါလောက် မျက်စိဖွင့်ပြီး စာမေးပွဲဖြေနေသော ကျောင်းသားများကို ကြည့်ရလေသည်။
ဆရာအိပ်မနေကြောင်း သင်းကလေးတို့ သိစေရန် အသံပေးရပြန်လေသည်။ စိတ်ညစ်ဖွယ် ကောင်းလေစွ။
စာမေးပွဲဖြေပြီးလျှင် သင်လက်စ သင်ခန်းစာကို ဆက်သင်ရသေးသည်။ ခေါင်းကိုက်ကိုက်နှင့် သင်္ချာပုစ္ဆာရှင်းပြရသည်မှာ
အရသာ တစ်စက်ကလေးမျှ မရှိ။ Geometric progression သင်ခန်းစာသည် ကျန်းမာလန်းဖြာနေသောအချိန်တွင်
သင်ကြားရသည်မှာ အင်မတန်အရသာရှိသော သင်ခန်းစာ။ ပုစ္ဆာ၏ လှပသော လှည့်ကွက်များကို ကျောင်းသားများ
သဘောပေါက်စေရန် ရှင်းပြရသည်မှာ အလွန်အာတွေ့ဖို့ကောင်းသည်။ သို့သော် ဖျားနေချိန်တွင်မူကား
ထိုသင်ခန်းစာသည် အင်မတန်မှပင် မုန်းဖို့ကောင်းလှ၏။ ခက်ခက်ခဲခဲ ပုစ္ဆာဆင်ထားသော ရွှေဥာဏ်ရှင်များကိုပင်
စိတ်ထဲမှ ကျိန်ဆဲမိတော့သည်။
စာသင်ချိန်တစ်ချိန်ပြီးအောင်
ဇွဲခတ်၍ သင်ပြီးလျှင် ဦးဟန်ကြည် ချာဂျင်ခန်းလေပြီ။ မတ်တပ်ပင် ကောင်းကောင်း မရပ်နိုင်တော့။
နောက်တစ်ချိန်ကို အနားပေးပြီး အိမ်ပြန်၍ အနားယူလိုလှသည်။ သို့သော် ကျောင်းသားသစ်နှစ်ယောက်
လာအပ်ထားသည်က ရှိသေးသည်။ ကျောင်းသားသစ်က ပထမဆုံး စာသင်ချိန် လာတက်ချိန်တွင် ဆရာဖြစ်သူက
ကျောင်းပျက်နေလျှင် သဘာဝမကျ။ ထို့ကြောင့်ပင် စာသင်ချိန်ကို မရောက်ရောက်အောင် ဦးဟန်ကြည်
ကုန်းရုန်းသွားရပေဦးတော့မည်။ သည်ကြားထဲတွင် ရာသီဥတုက ဦးဟန်ကြည်ဘက်မပါ။ တစ်နေ့ခင်းလုံး
ကြည်ကြည်လင်လင်ရှိနေရာမှ ပထမစာသင်ချိန်အပြီးတွင် ရွာလိုက်သည့်မိုးက သည်းကြီးမည်းကြီး။
မတတ်နိုင်။ မိုးကာအင်္ကျီကို ထုတ်ဝတ်ပြီး စီးတော်ဆိုင်ကယ်ကိုခွ၍ နောက်တစ်ဝိုင်း ကူးရလေတော့သည်။
ဖျားရသည့်ကြားတွင် မိုးမိသည်မှာ အခံရဆိုးပေစွ။ ချမ်းလိုက်သည်မှာလည်း မေးချင်းရိုက်မတတ်။
ဒုတိယ၀ိုင်းမှ ကျောင်းသားများကား သူရို့ဆရာကို ရုပ်အတော်ဖမ်းယူရပေလိမ့်မည်။ မျက်လုံးအစုံ
နီရဲနေသည့် ခေါင်းစုတ်ဖွားနှင့် ဦးဟန်ကြည်ကား အခါတိုင်းကဲ့သို့ စတိုင်မတင်းနိုင်တော့ပြီကိုး။
ဖျားရသည့်ကြားတွင် သင်ရသည့် သင်ခန်းစာကလည်း လေအတော်ကုန်ပြန်သည်။ ကျောင်းသားသစ် နှစ်ယောက်ကလည်း
ဘုရားစူး ဆယ်တန်းဟု ခေါ်ရပေချိမ့်။ ကျောင်းသားဟောင်းများကား ဦးဟန်ကြည်၏ သင်နည်းစနစ်နှင့်
အသားကျနေ၍ မထောင်းတာသော်လည်း ကျောင်းသားသစ်နှစ်ယောက်က မျက်စိသူငယ်နှင့်။ သင်းကလေးတို့နှစ်ယောက်
စိတ်ဓာတ်မကျစေရန် တစ်ယောက်ချင်းစီ ပြန်ရှင်းပြ ပြန်သင်ရပြန်သည်။ သောက်ထားသော Paracetamol
တစ်လုံးကပဲ စွမ်းလေသလော မောင်ကျောင်းသားတို့ကပဲ စွမ်းလေသလော မပြောတတ်တော့ စာသင်ချိန်
တစ်နာရီ မပြည့်ခင်ပင် ဦးဟန်ကြည် ချွေးစို့လာချေပြီ။ ဆရာတစ်ယောက်၏ အဖျားဖြတ်ဆေးကား
စာသင်ကြားခြင်းပင် ဖြစ်မည်ထင်၏။
ချွေးစို့၍
အထိုက်အလျောက် အဖျားသက်သာသွားသော်လည်း ခြေဆစ်လက်ဆစ်တို့ ကိုက်သည့်ဒဏ်က မသက်သာသေး။ အခါတိုင်းကဲ့သို့
စာသင်ချိန်အပြည့် မသင်နိုင်။ ပုံမှန်စာသင်ချိန်ထက် တစ်နာရီစော၍ ကျောင်းလွှတ်ပေးလိုက်ရတော့သည်။
မောင်ကျောင်းသားများကား အတော်ပင် မြူးသွားကြလေသည်။ ဦးဟန်ကြည် နေ့တိုင်းဖျားပါစေဟုများ
စိတ်တွင်းမှ ဆုတောင်းနေကြမည်လား မပြောတတ်။ စာသင်ရာမှ အိမ်အပြန်လမ်းတွင်ကား ဦးဟန်ကြည်
ဟန်မဆောင်နိုင်တော့ပြီ။ ဆိုင်ကယ်ပေါ်တွင်ပင် တဟီးဟီး ညည်းရလေတော့သည်။ အိမ်ပြန်ရောက်လျှင်
မဒမ်ဟန်ကြည်လည်း ပုံပျက်ပန်းပျက်ဖြစ်လာသော ဦးဟန်ကြည်ကို ကြည့်ရင်း ခြေမကိုင်မိ လက်မကိုင်မိ။
ဦးဟန်ကြည်ကလည်း ဖျားနေလျှင် ဒေါသကြီးတတ်ပြန်လေရာ မဒမ်ဟန်ကြည် ပျာယာခတ်မည်ဆိုလည်း ခတ်စရာပင်။
မဒမ်ဟန်ကြည် နှိပ်နယ်ပေးသောကြောင့် အကိုက်အခဲ အတန်အသင့် သက်သာသော်လည်း ခေါင်းကမထူနိုင်။
မူးလိုက်ဝေလိုက်သည်မှာလည်း ဆိုဖွယ်ရာပင်မရှိ။ စောစောစီးစီး အိပ်ရာမ၀င်ဖြစ်သည်မှာ ဆယ်စုနှစ်တစ်ခုမျှ
ရှိသော အကျင့်ဆိုးကြီးက တစ်ဒုက္ခဖြစ်ပြန်သည်။ ဖျားနေသောကြောင့် အိပ်ပျော်လိုသော်လည်း
အိပ်မပျော်။ အိပ်ပျော်သွားမည်ကိုလည်း မသိစိတ်က ကြောက်နေပြန်သည်။ ငယ်စဉ်ကတည်းက ဖျားပဟေ့ဆိုလျှင်
အိပ်မက်ဆိုးများ မက်တတ်သည် မဟုတ်ပါလား။ နိုးလာလျှင် တစ်လုံးတစ်ပါဒမျှ မမှတ်မိသော ထိုအိပ်မက်ဆိုးကား
မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို မမှန်းနိုင်။ ထိုအိပ်မက်ကြီး မက်ပြီးလျှင် အပြင်းအထန်
အဖျားတက်၍ ကော့နေအောင် အန်ရသည်မှာ အမြဲလိုလို ဖြစ်သည်။ ယခုတစ်ခါ အိပ်ပျော်သွားလျှင်လည်း
ဖျားနေကျ ထုံးစံအတိုင်း အိပ်မက် မက်ပြန်သည်။ သို့သော် အခါတိုင်း မက်နေကျ အိပ်မက်ဆိုး
မဟုတ်တော့။ အိပ်မက်ထဲတွင် ဦးဟန်ကြည် လူကြီးဖြစ်နေသည်။ ဟိုလူ့ကို ဟိုနေရာပို့ သည်လူ့ကို
သည်နေရာပို့ လုပ်နေသည်မှာ တစ်ညလုံးပင်။ ဟိုပို့သည်ပို့ လုပ်၍ အားရလျှင် လန့်နိုးပြန်သည်။
ပြန်အိပ်ပျော်သွားလျှင် ဟိုပို့သည်ပို့ လုပ်ပြန်၏။ မပို့ချင်လျှင်လည်း မရ။ အိပ်မက်ကို
ဦးဟန်ကြည်မှ မပိုင်ဘဲ။
မနက်မိုးလင်းလျှင်
အဖျားအတော်ကျသွားလေပြီ။ သောက်ထားသော ဆေးစွမ်းကြောင့်လား၊ မဒမ်ဟန်ကြည် နှိပ်နယ်ပေးသောကြောင့်လား၊
ဟိုပို့သည်ပို့ လုပ်ခဲ့သော အိပ်မက်ကြောင့်လားတော့ မပြောတတ်။ အိပ်ရာမှထလျှင် မေးခွန်းထုတ်သည်။
စာသင်ချိန်သို့ သွားသည်။ ဆရာဖြစ်သူက ဖျားနေသည့်ကြားမှ ကုန်းရုန်း၍ စာသင်ချိန်သို့ ရောက်လာပါလျှက်
ကျောင်းသား သုံးယောက်က ကျောင်းပျက်နေပြန်သည်။ စာမေးပွဲသီတင်းပတ်တွင် ကျောင်းပျက်ခြင်းသည်
ဦးဟန်ကြည်၏ သင်တန်းတွင် အကြီးမားဆုံး ပစ်မှုကျူးလွန်ခြင်း ဖြစ်တော့သည်။ ကျန်းကျန်းမာမာရှိနေလျှင်
ဦးဟန်ကြည်၏ ဒေါသယမ်းအိုးကား မီးခိုးမဆုံး မိုးမဆုံး ပေါက်ကွဲပေဦးတော့မည်။ ယခုမူကား
သင်းကလေးတို့အရေးထက် ကိုယ့်အရေးကို ပဓာနထားနေရသောကြောင့် ဒေါသမထွက်နိုင်။ အဖျားကောင်းကောင်း
မပျောက်ခင် ဒေါသထွက်မိလျှင် ခေါင်းကိုက်ဦးမည်မှာ မုချ။ ထို့ကြောင့်ပင် နင်မလာရင်လည်း
နင်စာမရရုံပေါ့ဟယ်ဟု ခပ်ပြတ်ပြတ်ပင် တွေးပစ်လိုက်သည်။ မတတ်နိုင်။ တစ်ခါတစ်ရံတွင်လည်း
ဆရာဖြစ်သူက ကိုယ့်ဘက်ကို ကြည့်ပါဦးမှ။ သင်းကလေးတို့ဘက်ချည်း ကြည့်ရင်း ငဲ့ရင်း ကိုယ့်ကိုယ်ကို
ဘာကောင်မှန်းပင် မသိတော့သော အကြိမ်ပေါင်းက မနည်းတော့ပြီကိုး။ စာမေးပွဲစစ်ပြီးလျှင်
စာသင်ချိန်မဆက်နိုင်တော့ပြီ။ နာလန်ထအချိန်ကား အင်မတန် နုံး၏။ ကျောင်းသားများကို တန်းဖြုတ်ပေးလိုက်လျှင်
တဟေးဟေး တဟားဟားဖြင့် ပျော်ကြလေတော့သည်။ ကလေးများကား သည်လိုချည်းပင် ဖြစ်သည်။ နောက်တစ်ချိန်ကိုလည်း
မသွားနိုင်တော့ပြီ။ ညနေစောင်းလျှင် အဖျားတက်ချင်သည် မဟုတ်လား။ အိမ်ပြန်၍ တီဗီရှေ့ထိုင်ကာ
သီချင်းကလေး နားထောင်ရင်း အားမွေးရန် စိတ်ကူးသည်။
အိမ်ပြန်ရောက်လျှင်
တီဗီရှေ့တွင် ဦးဟန်ကြည် နေရာမရ။ မဒမ်ဟန်ကြည်နှင့် သူ့ကွန်ပျူတာသင်တန်းသားတို့က နေရာဦးပြီးနေလေပြီ။
ဘာတွေ သင်နေသည် မသိ။ မဒမ်ဟန်ကြည်ကလည်း လင်မယားချင်းပင် မာနအတော်ကြီးသည်။ သူစာသင်နေလျှင်
ဦးဟန်ကြည် မကြည့်ရ။ သူသင်တာ မှန်သည် မှားသည် ဖြစ်ချင်ရာဖြစ် ဦးဟန်ကြည် ၀င်မပါရ။ သူမှားနေ၍
ဦးဟန်ကြည် ထောက်ပြလျှင်လည်း လက်မခံ။ ဟုတ်ကဲ့ အေးပါ လုပ်မှ ကျေနပ်လေသည်။ ကောင်းပါလေ့။
သီချင်းနားမထောင်ဘဲ အိပ်ရာထဲမှာ လှဲနေလိုက်ရင်လည်း အားပြည့်သွားမှာပါပဲလေဟု ဦးဟန်ကြည်
အတွေးပြောင်းလိုက်ရသည်။ အိပ်ခန်းထဲဝင်၍ နှပ်နေလိုက်ရသော်လည်း ခေါင်းက သိပ်မကြည်သေး။
ဘယ်ကြည်လိမ့်တုန်း။ အိပ်ရန် ပြန်လာခဲ့သည်မှ မဟုတ်ဘဲကိုး။ စာအုပ်တစ်အုပ်ယူ၍ ဖတ်သော်လည်း
စာထဲတွင် အာရုံမရ။ အိပ်သော်လည်း မပျော်။ ခဏကြာလျှင် မဒမ်ဟန်ကြည်က ဆန်ပြုတ်တစ်ပန်းကန်
လာပို့သည်။ မသောက်ချင်ဟု ငြင်း၍လည်း မရ။ ဦးဟန်ကြည် ဘယ်သောက်ချင်မလဲ။ ခံတွင်းပျက်သည်မှ
မဟုတ်ဘဲကိုး။ ရှိစေတော့ သဒ္ဓါနှင့်ကျွေးလျှင် သေဆေးတောင် စားရသေးသည် မဟုတ်လား။ တစ်ပန်းကန်ကုန်အောင်
ဖျစ်ညှစ်၍ သောက်လိုက်ရသည်။ သမီးတော် ချီလီကို ကုတင်ပေါ် ကောက်တင်ထားလိုက်သည်။ သမီးတော်
ခင်နန့်နန့်စိန်ကလည်း မျောက်ခြောက်ချက်က ကမ်းကုန်သည်။ ဦးဟန်ကြည် ဖျားနေသည်ကိုလည်း
သင်းကလေးမသိ။ ကိုက်လိုက်ခဲလိုက် ဆွဲလိုက်နှင့် အားရအောင် ကမြင်း၍ အားရမှ ခုတင်ပေါ်မှ
ဆင်းသွားလေ၏။ ချီလီဆင်းသွားမှ ဦးဟန်ကြည်လည်း အိပ်ကောင်းခြင်း အိပ်ရတော့သည်။ အိပ်ရာမှတရေးနိုးလျှင်
တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲရွှဲစိုနေလေပြီ။ တစ်နှစ်တစ်ခါ ဖျားမြဲထုံးစံကို မည်သည့်နည်းနှင့်မျှ
အပျက်မခံသော ဦးဟန်ကြည်၏ ရာသီဖျားကား လွန်မြောက်ခဲ့ချေပြီတည်း။
အိပ်ခန်းတွင်းမှ
အပြင်သို့ထွက်လိုက်လျှင် ကွန်ပျူတာ သင်တန်းသား မရှိတော့။ ဦးဟန်ကြည် သီချင်းနားထောင်ရန်
အခွင့်သာပေပြီ။ အွန်လိုင်းပေါ်မှ စိတ်ကြိုက်ရွေးချယ်ပြီး ဒေါင်းယူထားသော သီချင်းများစုစည်းထားသည့်
Memory stick ကို evd player တွင်တပ်သည်။ မာမာအေး၏ မြို့မသီချင်းများကို သာယာနာပျော်ဖွယ်ဖြစ်အောင်
အသံကိုညှိ၍ဖွင့်သည်။ ပြီးလျှင် တီဗီရှေ့တွင် dream bed ကို သက်တောင့်သက်သာဖြစ်အောင်
ခင်း၍ ကျကျနနကြီး ကျောခင်းချလိုက်လေတော့သည်။ အဖျားကြောင့် ယုတ်လျော့ကုန်ဆုံးသွားခဲ့သော
ဦးဟန်ကြည်၏ ကိုယ်ခံအားများကို အလင်္ကာကျော်စွာ ဆရာငြိမ်းက အလင်္ကာဂီတစွမ်းဖြင့် တစ်မုဟုတ်ချင်း
ဖြည့်ပေးပေလိမ့်မည်။ မြန်မာ့ဂီတသည် ဦးဟန်ကြည်အတွက် နှလုံးသား၏ ဓာတ်စာပင် မဟုတ်ပါလား။
ထိုအချိန်တွင်
ချစ်စွာသော မဒမ်ဟန်ကြည်ကား မြန်မာသီချင်းများကို ဦးဟန်ကြည်ဖွင့်တိုင်း လုပ်မြဲလမ်းစဉ်ကို
လိုက်နာ၍ အိပ်ခန်းတွင်းဝင်ကာ ကွန်ပျူတာတစ်လုံးဖြင့် ဖွဘုတ်သုံးကာ နေလေတော့သည်။ ထုံးစံကို
ဗုန်းမှန်၍ပင် ပျက်နိုင်ပါအံ့နည်း . . .း) ။ ။
11 comments:
ကျမ်းမာရေးဂရုစိုက်အုံးဗျို့ 
အော်..၂ယောက်လုံးက ဆရာဆရာမတွေပါလား..
အင်း..အိမ်မှာတပည့်တယောက်မှမရှိဘူးပေါ့..
တပည့်လာခံအုံးမယ်.. :P
ဆြာဟန် ကျန်းမာရေး ဂရုစိုက်ဦးနော်..အမြန်နေကောင်းပြီး ပို့ စ်တွေ တဂျိမ်းဂျိမ်း ရေးနိုင်ပါစေဗျား...
ဆရာဟန် ကျန်းမာရေးလည်းဂရုစိုက်ပါအုံး
ခင်မင်စွာဖြင့်
မလေးမြတ်
နားနားနေနေ နေပါဦးတော့လား ဆရာ ....
ကလေးတွေကို စာသင် တာကလည်း သင်တာပေါ့ အဖျားပျောက်သွားပြီ ဆိုရင်တောင် နားနေ သင့်သေးတယ်
ကျန်းမာရေးကိုတော့ ဂရုစိုက်ပါ ဆရာ ။
ထုံးစံကို ဗုန်းမှန်လို့ မပျက်တာ မပြောနဲ့လေ
အကြိုက်ချင်းမှ မတူတာကလား ။
သွေးနဲ့ကိုယ် သားနဲ့ကိုယ် ဖွဲ့တည်ထားတဲ့ ခန္ဓာကိုယ်ကြီးမို့ ဖောက်လဲဖောက်ပြန်ဖြစ်တတ်တာ သဘာဝပေါ့ သိတ်လည်း အားမထည့်ပါနဲ့ ဆရာဟန်ရယ်...စိတ်ရဲ့ပြေရာပြေကြောင်းလေးကို ကိုယ်နှစ်သက်တာလေးနဲ့ ဖြေသိမ့်တာတော့ အကောင်းဆုံးပါလေ..
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်...
မေတ္တာဖြင့်
အန်တီတင့်
စာသင်တာကို.. ဟိုစဉ်က ဝါသနာ ပါလွန်းခဲ့ပါ့ . ဒါပေမယ့် အခုတော့လည်း.. အဲဒီ ဝါသနာ မဖြစ်နိုင်မှန်း သိလို့ လက်လွှတ်ခဲ့ပြီးခဲ့ပြီ... ဘာပဲ ပြောပြော.. အူးဟန်ကြည်ရေ.. လေးစားအားကျတဲ့.. အဲဒီလောကထဲက အူးဟန်ကြည်တစ်ယောက်.. အမြန်ဆုံး နေထိုင်ကောင်းပြီး..တပည့်များနဲ့ အတူ.. အမြဲ ပျော်ရွှင်နေနိုင်ပါစေဗျာ..
ကျန်းမာရေးတော့ ဂရုစိုက်ပါ ဆရာ ဟန်ကြည် .... ။
ရာသီ က လည်း ... မိုးအကုန် ဆောင်းအကူး တုပ်ကွေးတွေ
ဖြစ်လိုက်ကျတာ ... တော်တော် ဖျားခဲ နာခဲတဲ့ သူတွေပါ
ခေတ်မှီကုန်ကြရော ... ပြောရမလားပါပဲ ....
ဧည့်သည်လာတဲ့အချိန်ကျရင်ဖြင့် အိမ်ရှင်နေကောင်းနေပါစေသောဝ် ... :)
အဟက်..ဟက်..
ဖျားတာဝမ်းသာလို့ ရယ်သွားတယ်တော့မထင်လိုက်ပါနဲ့ ။
ရေးဟန်ကိုသဘောကျလို့ ပါ။
ဆရာရယ်..
မဒမ်ကြည့်ထုံးစံဗုန်းမှန်လို့ မပျက်နိုင်သလို..
ဆရာ့အနားယူတဲ့ထုံးစံလည်း..ဗုန်းမှန်လို့ ပျက်နိုင်ပါ့မလားလို့ ..မဒမ်ကြည့်ဖက်ကလိုက်တွေးသွားတယ်။ ...း)
အိုင်အိုရာ
အော်... ဆရာဟန်တစ်ယောက် အတော်လေး ဟန်ချက်ပျက်ခဲ့သကိုး။ သူကြီးမင်းကတော့ မဖျားမနာတာ ဆယ်စုနှစ် ကျော်လာပြီထင်ပါရဲ့။ မေ့တောင်နေပြီ။ နဲနဲ ခေါင်းမူးခေါင်းကိုက် ဖြစ်လာရင် ရေတန်းချိုးပစ်လိုက်တာဘဲ။ သူကြီးမင်းဆေးက ရေချိုးခြင်းပါဘဲ။ အရမ်းချမ်းရင်လဲ ရေနွေးနွေးလေးနဲ့ ချိုးလိုက်ရင် အဆင်ပြေသွားရော။ အဲ.. ရေမချိုးဘဲ နေမယ်ဆိုရင်တော့ တစ်လတစ်ခါ ပုံမှန် ဖျားလောက်မယ်ထင်တယ်။ နေမထိထိုင်မသာနဲ့။ ရေးချိုးလိုက်မှ အကြောတွေ အချဉ်တွေ ပွင့်ထွက်ကုန်ပြီး ဓါတ်ကြီးလေးပါး မျှတလေ့ရှိတဲ့ သူကြီးမင်းရဲ့ ခန္ဓာကိုယ်။ ဒီလောက် အေးတဲ့ အရပ်မှာ နေတာတောင် ရေချိုးတစ်ရက် မပျက်ခဲ့သေးဘူး ဆရာဟန်ရေ။
ဆရာဟန်လဲ ကျန်းမာရေးတော့ ဂရိုစိုက်ဦး။ တော်ကြာ တပည့်တွေ ပျော်ပေါက် ဖြစ်နေဦးမယ်။း)
CASINO HOTEL & CASINO HOTEL - JT MOHEGAN SUN
The award-winning Casino Hotel and Casino Hotel 여수 출장마사지 features more than 2,200 slot machines 포항 출장안마 and more than 대구광역 출장마사지 1,000 electronic 포천 출장샵 games. From video poker to 김천 출장마사지 blackjack and
Post a Comment