Thursday 2 June 2011

မိုးနဲ့အတူ . . .

ဒီရက်ပတ်အတွင်းမှာ ဘာစာမှ ဖြစ်ဖြစ်မြောက်မြောက် မရေးဖြစ်ပါ။ 
ချစ်စွာသော တပည့်မဟောင်းများရဲ့ နှလုံးသားရေးရာ အဖြေရှာကြတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို သူတို့မိဘတွေနဲ့ ကူညီဖြေရှင်းပေးနေရတာနဲ့တင် တစ်ရက်တစ်ရက်ဟာ စိတ်မော၊ လူမောနဲ့ ကုန်သွားတာများနေပါတယ်။
 ဒီအချိန်မှာ ပို့စ်အသစ်တစ်ပုဒ်ရေးပြန်ရင်လည်း မောသံတွေပါနေမှာသေချာနေပါတယ်။

ဒါကြောင့်...
ခပ်စောစောက ရေးဖြစ်တဲ့ ကဗျာတစ်ပုဒ်ကိုပဲ တင်ဖြစ်လိုက်ပါတယ်။ အဲဒီနေ့က စာသင်ချိန်မှာ မိုးဖွဲဖွဲရွာနေပါတယ်။ ကိုယ့်တပည့်လေးတွေ သင်္ချာတွက်နေကြတာကို စောင့်ကြည့်ရင်း ကဗျာတစ်ပုဒ်ပေါ်လာတာကြောင့် အမိအရဖမ်းထားလိုက်တဲ့ ကဗျာပါ။ ရင်ထဲကို မိုးနဲ့အတူ သူ့အလိုလို ရောက်လာခဲ့တဲ့ အမှတ်တရကဗျာတစ်ပုဒ်လိှု့ဆိုရင်လည်း ရမယ်ထင်ပါရဲ့။ မိုးတွေ တဖွဲဖွဲရွာနေတာကြောင့် လူတွေအလုပ်အကိုင်ပျက်ဖြစ်ကြရတာကို မြင်မိရင်း ရင်ထဲမှာပေါ်လာတဲ့ အတွေးတစ်စလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

ကဗျာပုံစံက မရေးဖြစ်တာတော်တော်ကြာနေပြီဖြစ်တဲ့ ကြိချိုးကဗျာပုံစံပါ။ အချိုးသုံးချိုးပါပြီးတော့ ကာရန်ရော၊ အသံကိုပါ ဦးစားပေးရတဲ့ ကဗျာပုံစံလို့ခေါ်ရင်လည်း မှားမယ်မထင်ပါ။ နဘေများများထပ်ပြီး ယူနိုင်ရင် ပိုလှမှာဖြစ်ပေမယ့် စိတ်အေးလက်အေးရေးရတာ မဟုတ်ဘဲ ပေါ်လာသလောက်ကို မှတ်ထားလိုက်တာဖြစ်လို့ ရွက်ကြမ်းရေကျိုကဗျာတစ်ပုဒ်သာသာပဲ ဖြစ်သွားတာတော့ သေချာပါတယ်။ အမှတ်တရသာသာပါပဲ...

“ ရာနှုန်းပြည့် ”
ရွာချေပြီ
ဖွဲဖွဲငယ်သီလို့။

မောင်တို့ပြည်ရွှေရောင်လက်ကို
ထက်ကောင်းကင်နတ်သိကြားက
မျက်ထားသည့်လား။

သည်သို့သာ
နေ့တိုင်းမှာပဇ္ဇုန်ညှိုးပါက
ဆန်အိုးတွေရေစုန်မြောပေလိမ့်
ဇောစိတ်ရယ်ပွား။

ဟန်ကြည်
၂၈.၄.၂၀၁၁





15 comments:

နေ၀သန် said...

ဇောစိတ်တွေ ပွားမနေနဲ့ ဆရာ... သဘာဝကို အန်တုလို့မှ မရတာ.... :D..

ခင်မင်လျက်
နေ၀ဿန်

မအိမ်သူ said...

ရွက်ကြမ်းရေကြို ကဗျာမို့သာဘဲ ဆရာရယ် ကောင်းလိုက်တဲ့ ကဗျာလေး။ အဲဒီလို အဖွဲ့မျိုးလေးတွေကို အရမ်းကြိုက်တယ် ဒါပေမဲ့ ကိုယ့်ဟာကိုယ်ရေးရင် ဘယ်လိုမှ အဆင်မပြေဘူး။ ကိုယ်တိုင်က ဝေါဟာရခေါင်းပါးတာ ဖြစ်လိမ့်မယ် ထင်တယ်။

Angelhlaing(May everybody be happy and healthy! said...

ကဗျာရေး ကောင်းတဲ့ သူ အကိုတို့များနော် ..တော်ချက် အားကျထှာ....:)
ခံစားအားပေး လျှက်ပါအကို..
ကောင်းသောနေ့လေး ဖြစ်ပါစေ။

မောင်မျိုး said...

ကျနော်တော့ မိုးရွာရင် အိမ်ပဲပြန်ချင်စိတ် ဖြစ်တယ် ဆြာရေ့း)

မင်းဧရာ said...

ရေစုန်မြောခြင်လည်း မြောစေတော့ ဆရာရယ်
အညာကနေ ဆန်တင်ပို့ပါ့မယ်
မိုးကိုတော့ရွာပါစေနော် အညာကပျိုပင်တွေကိုသနားလို့ပါ။

ချော(အစိမ်းရောင်လွင်ပြင်) said...

မိုးမရွာမှာလည်း ပူရ
မိုးသည်းသည်းမည်းမည်းရွာမှာလည်း ပူရ...
ပူစရာတွေ များတယ်ဆရာဟန်ရေ...

မြစ်ကျိုးအင်း said...

ဖတ်ရတာ အသံသာ လိုက်တာ။
ဆရာကြည်က ကဗျာရေးကောင်းပဲဗျ။

ShwunMi- said...

ဇွန်လ ဆိုတော့ ကျောင်းတွေပြန်ဖွင့်နေပြီနော်။
မင်္ဂလာပါဆရာ =)

ဒီးဒိုး said...

nice....bro..

...အလင်းစက်များ said...

ဘာပဲပြောပြော ရွာပါစေ ဆရာရေ... အပူတွေ ကင်းစင်ဖို့  ရွာလိုက်စမ်းပါစေဗျာ။

ရာနှုန်းပြည့်သာ ရွာချလိုက်စမ်းပါလေတော့။

(ဘ၀အမောတွေ ပြေပျောက်ကြပါစေ)

...အလင်းစက်များ said...

ဘာပဲပြောပြော ရွာပါစေ ဆရာရေ... အပူတွေ ကင်းစင်ဖို့  ရွာလိုက်စမ်းပါစေဗျာ။

ရာနှုန်းပြည့်သာ ရွာချလိုက်စမ်းပါလေတော့။

(ဘ၀အမောတွေ ပြေပျောက်ကြပါစေ)

...အလင်းစက်များ said...

ဘာပဲပြောပြော ရွာပါစေ ဆရာရေ... အပူတွေ ကင်းစင်ဖို့  ရွာလိုက်စမ်းပါစေဗျာ။

ရာနှုန်းပြည့်သာ ရွာချလိုက်စမ်းပါလေတော့။

(ဘ၀အမောတွေ ပြေပျောက်ကြပါစေ)

ahphyulay said...

အင်း...
ဆန်အိုးတွေ ရေစုန်မျောပေလိမ့် 
ဇောစိတ်ရယ်ပွား.. အဲ့ ဒီနေရာလေးမှာ
ရပ်ပြီး ပြုံးမိနေတယ်ဗျာ..။

ဟန်ကြည် said...

အားပေးတာ ကျေးဇူးပါ...ဒီကဗျာလေးကို အမှတ်မထင်ရေးမိပြီး အမှိုက်ပုံးထဲပစ်ထည့်မလို့ စိတ်ကူးမိသေးပေမယ့် အမှတ်တရ သဘောမျိုးလောက်အနေနဲ့ပဲ တင်လိုက်တာပါ...ထပ်ကြိုးစားပါဦးမယ်...အားလုံးကို ကျေးဇူးပါ...

တောက်ပကြယ်စင် said...

လိုအပ်ချိန်မှာ ရွာပေးပြီး မလိုအပ်တဲ့ အချိန်မှာတော့ စဲပေးပါလား မိုးရယ်...ကျန်းမာပျော်ရွှင်ပါစေ

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger