“ လွမ်းရွက်မကြွေ”
ပန်းခရေ
စမ်းရေမှာမျော။
အလွမ်းနွေ
နွမ်းခွေရင်မော။
ခရေပန်း
ကြွေနွမ်းသော်လည်း မွှေးပျံ့ဆဲ။
နွေအလွမ်း
ခြောက်ခမ်းသော်လည်း ဆွတ်ပျံ့ဆဲ။
နွေစခန်းတွင် ခရေပန်းကြွေ
လွမ်းပွင့်ဝေသော် မြေပေါ်ကြွေသက်
ရော်သစ်ရွက်အား နှုတ်ဖျားတိုင်တည်
ရင်ဝယ်တမ်းတ မျှော်ကိုးရသည့်
မာနထိပ်တင် မောင့်သခင်ကို
နွေရင်ခွင်နှင့်လွမ်းရကြောင်း…။ ။
ဟန်ကြည်
၂၈.၄.၂၀၁၁(စနေနေ့)
9 comments:
ဆရာဦးဟန်ကြည်... ကဗျာတွေက တယ်လန်းပါလား... :D
ခင်မင်လျက်
နေ၀ဿန်
ဦးဟန်ကြည်က မဟေသီကို လွန်းနေတာလားး)
ကဗျာထဲကအတိုင်းဆို နွေရင်ခွင်ကတော့ အတော်ပူမယ်
ကဗျာလေးကြိုက်တယ်ဆရာ။ နွေရှုခင်းကိုက လွမ်းချင်စရာကိုး..
ကဗျာလေးက ချစ်စရာလေးဗျ ရွတ်လို့ကောင်းတယ်း)
ဆြာက ဒါမျိုးလည်းရတာပဲ ။
အင်း...ဆရာဆိုတော့လည်း အနုအကြမ်းစွယ်စုံရမှ ဖြစ်မှာကိုး...ဒါမှပဲ မျိုးဆက်သစ် သကောင့်သားလေးတွေကို ထိန်းနိုင်မယ်လေ...
ဆရာ ကဗျာလေး တော်တော်ကောင်းတယ်...
ဆရာဦးဟန်ကြည်က ဘူလေးကို လွမ်းနေတာလဲဟင်...ကဗျာလေးက...သိပ်...သိပ်မိုက်ဗျာ...ကျန်းမာကြည်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...
ပန်းခရေကိုအရမ်းမနွမ်းခိုင်းပါနဲ့နော်
ကျွန်မကခရေပန်းကုချစ်လို့ပါ......
ခံစားဖတ်သွားပါတယ်။
မပူပါနဲ့လေ ခရေဆိုတာ ဝေလည်းမွှေး ကြွေလည်းမွှေးပါ...
Post a Comment