Showing posts with label ခွေးကလေးတွေ. Show all posts
Showing posts with label ခွေးကလေးတွေ. Show all posts

Friday, 28 February 2014

“ ထားဘို . . . ”



ထားဘိုဆိုတာ ဦးဟန်ကြည်တို့ ဘေးအိမ်ကမွေးထားတဲ့ ခွေးနာမည်။ ခွေးက တယ်ရီယာလည်းမဟုတ်၊ ချီဝါးဝါးလည်းမဟုတ်၊ အယ်လ်ဇေးရှင်းလည်းမဟုတ်တဲ့ သာမန် အယ်လ်ချေးစား ခွေးမျိုး။ နာမည်က ဆန်းလှချေလားလို့လည်း မတွေးနဲ့ဦး။ ခွေးတို့ကြောင်တို့ အင်မတန်ချစ်တဲ့ ပိုင်ရှင်ကရင်မောင်နှံက သူရို့ခွေးကို ချစ်စနိုးနဲ့ မြန်မာလို “ သား ” လို့ အဓိပ္ပာယ်ရတဲ့ “ ထားဘို ” လို့ ပေးထားတာကြောင့် အနှီနာမည်တွင်နေတာရယ်။ ခက်တာက ကရင်စကားနဲ့ ရင်းနှီးတဲ့လူတွေပဲ အနှီအကောင်ကို “ ထားဘို ” လို့ ပီပီသသခေါ်ပေမင့် ကရင်စကားနဲ့ နားဝေးတဲ့ ဗမာကတော့ “ ကျားဘို ” လို့ နားထဲမှာ ကြားတဲ့အတိုင်း ခေါ်ထည့်လိုက်ကြလေတော့လည်း တစ်ကောင်တည်းနဲ့ နှစ်နာမည် အပိုင်စား ရပါလေရော။ ဦးဟန်ကြည်ကလည်း ခွေးချစ်တတ်တဲ့လူဆိုတော့ “ ကျားဘို ” အမည်ခံ “ထားဘို ” လည်း ဦးဟန်ကြည်တို့ အိမ်သားတစ်ပိုင်း ကရင်မောင်နှံရဲ့ အိမ်သားတစ်ပိုင်းပေါ့လေ။ သန်းခေါင်စာရင်းကောက်ရင်တော့ ကရင်မိသားစုရဲ့ စာရင်းထဲ ပေါင်းထည့်ရမယ်ထင်ပါရဲ့။ သူရို့မွေးထားတာကိုး။

ပြောရရင်တော့ မောင်ထားဘိုရဲ့ ကံဇာတာကလည်း အဆန်းသား။ ဦးဟန်ကြည်တို့ ပတ်ဝန်းကျင်ဆိုတာကလည်း လမ်းဘေးခွေး ဘာများသလဲမမေးနဲ့။ သူရို့ရာသီရောက်ပဟဲ့ဆိုရင် တစ်လမ်းလုံး သူရို့တွေချည်း။ ဦးဟန်ကြည်တို့ကလည်း နှစ်ယောက်တည်းနေတဲ့ အိမ်ထောင်ဖြစ်ပြန်တော့ ပိုသမျှလျှံသမျှ ထမင်းကျန်ဟင်းကျန်တွေ ချကျွေးနေဖြစ်တာမို့ သင်းတို့တွေ ပျော်ပျော်ကြီး စံမြန်းကြလေသတည်းပေါ့လေ။ လမ်းခွေးဆိုတာမျိုးကလည်း တွေ့ကရာလျှောက်သွား ကျွေးတာစားပြီး ကြုံသလိုနေတဲ့အမျိုးဆိုတော့လည်း အိုးပိုင်အိမ်ပိုင်မရှိ ပိုင်ရှင်မရှိရှာကြဘူးပေါ့။ သို့ပေမင့် ခွေးမများကျတော့ အနှီလို ဘယ်ဟုတ်လိမ့်တုန်း။ သူရို့ရာသီရောက်လို့ မြူးကြပလူးကြပြီး မွေးဖို့ဖွားဖို့ ဖြစ်လာပြီဆိုတာနဲ့ အဆင်ပြေမယ့် တစ်ချောင်ချောင်မှာ ၀င်ခိုကြရတာ ထုံးစံ။ အနှီတော့လည်း အိမ်ရှေ့က ရေနှုတ်မြောင်းခမျာ ရာသီရောက်တာနဲ့ ဟောင်ကောင်သားဖွားခန်းဖြစ်ပါလေရော။ ထားဘိုတို့အမေလည်း ထုံးစံမပျက် ရေနှုတ်မြောင်း သားဖွားရုံမှာ အားပါးတရ သားပေါက်ထည့်လိုက်တာမှ တစ်သားတည်းမှာတင် ခုနစ်ကောင်။ ဦးဟန်ကြည်တို့ နှစ်အိမ်လုံးကလည်း ခွေးချစ်ကြတာဆိုတော့ သူရို့အတွက် အစားအစာတော့ မရှားဘူးပေါ့လေ။

ခွေးသဘာဝကိုက သားပေါက်ကလေးတွေဆိုရင် အင်မတန် ချစ်စရာကောင်းတာကိုး။ အနှီတော့လည်း ဟိုလူက ကောက်ချီ သည်လူက ကောက်မြှူနဲ့ ပျော်ကြလေသတည်းပေါ့။ အနှီသားပေါက်တစ်အုပ်မှာ အနက်ချည်းက သုံးကောင်၊ အဖြူမွဲမွဲက သုံးကောင်၊ အဖြူအနက်ကြားကလေးက တစ်ကောင်။ တစ်မအေတည်းပေါက်ပေမင့် သူရို့အမေပဲ မရိုးသားလေသလား သင်းကပဲ ကံထူးလေသလားတော့ မပြောတတ်ဘူး။ အဖြူအနက်ကျားကလေးက ၀၀ကစ်ကစ် ချစ်စရာလေး ဖြစ်နေပါလေရော။ ကျန်တဲ့အကောင်လေးတွေကတော့ လမ်းခွေးထုံးစုံ စုတ်ချွန်းကလေးတွေချည်း။ အဲ…ခွေးဆိုတာမျိုးက အကြီးမြန်သကိုးဗျ။ ကြည့်နေရင်းကနေ တစ်ရက်ပြီး တစ်ရက်ကြီးလာလိုက်ကြတာ တစ်လကျော် နှစ်လလောက်လည်း ရောက်လာရော ဦးဟန်ကြည်တို့ အိမ်ရှေ့မှာ ဘုစုခရုလေးတွေတစ်ပြုံနဲ့ ခွေးတပ်ကြီးဖြစ်လာပါလေရော။ ညဘက်ညဘက်ကျရင် သင်းတို့ အူကြ ဟောင်ကြနဲ့ အိပ်ရေးပျက်ချက်ကတော့ ကမ်းကုန်။ နေ့လည်ဘက်ဆိုရင်လည်း ခွေးတို့ထုံးစံ ဟိုပြေး သည်ပြေးနဲ့ဆိုတော့ ကားတိုက်မှာကြောက်ရ ဆိုင်ကယ်တိုက်မှာ စိုးရိမ်ရနဲ့ ဦးဟန်ကြည်တို့မှာ တဟဲ့ဟဲ့နဲ့ မောင်းနေရပါလေရော။ ခက်တာက လမ်းကြိုလမ်းကြားမှာ မွေးတဲ့ လမ်းခွေးမဟုတ်ဘဲ အိမ်ရှေ့မှာမွေးတဲ့ လမ်းခွေးဖြစ်ပြန်တော့လည်း အနှီတစ်အုပ်က သည်နေရာကနေ ဘယ်မှမခွာဘဲ အပီအပြင် စတည်းချနေတော့တာကိုး။

အနှီ ခွေးတစ်အုပ်အတွက် ညဘက်အိပ်ရေးပျက်ရတဲ့ ဒုက္ခတွေ သင်းတို့ကို စိုးရိမ်ရတဲ့ သောကတွေ များလွန်းမက များလာတော့ ဦးဟန်ကြည်တို့နှစ်အိမ် ခေါင်းချင်းဆိုင်ရပါလေရော။ နောက်ဆုံးမှာ “ မကောင်း…ကျောင်းပို့ ” ဆိုတဲ့ ဗမာ့ထုံးစံကို ကရင်ရော ဗမာပါ အပြည့်အ၀ထောက်ခံပြီး အနှီတစ်သိုက်ကို ဘုန်းကြီးကျောင်း သွားပို့ဖို့ ဆုံးဖြတ်ချက် ချက်လိုက်ရပါရဲ့။ သင်းတို့ကို ကျောင်းပို့ဖို့ ရပ်ကွက်ထဲမှာ အ၀တ်လိုက်လျှော်တဲ့ ကလေးမလေးတစ်ယောက်ကို ငွေ တစ်သောင်းပေးပြီး ခိုင်းတော့ နည်းတယ်ဆိုပဲ။ သူဌေးဒေသများ ခက်ပါ့။ ကိုင်း တစ်သောင်းခွဲ ယူတော်မူပါလို့ တောင်းပန်မှပဲ သဘောတူတော်မူပါရဲ့။ အင်း…ဦးဟန်ကြည်တို့ အညာမှာဆိုရင် ပိုက်ဆံ ငါးရာလောက်ပေးလိုက်ရင်တောင် ပြီးတဲ့ကိစ္စ။ ဒေသ ကွာပေသကိုး။ ခွေးတစ်အုပ်ကို အနှီလို ပို့မယ်ဆိုပြန်တော့ ခွေးချစ်တဲ့ ဦးကရင်က တစ်စခန်းထပါသဗျား။ တစ်ကောင်လောက်တော့ ယူထားချင်တယ်လို့ လုပ်လာတာကိုး။ သူမွေးချင်တယ်ဆိုတော့လည်း ယူစေသတည်းပေါ့။ အနှီလိုနဲ့ ကျန်တဲ့သတ္တ၀ါတွေအကုန် ကျောင်းရောက်ကုန်ပြီးတော့ အဖြူအနက်ကျားကလေးတစ်ကောင် အိုးပိုင်အိမ်ပိုင် ဖြစ်လာပါလေရော။ သင်းကလေးက ပါရမီထူးပေသကိုး။ တစ်မိတည်းမွေးတဲ့ ကျန်တဲ့တစ်အုပ်ကတော့ ကျောင်းခွေးဖြစ်၊ သင်းကျတော့ အိမ်ခွေးဖြစ်သွားတာ ကံကြမ္မာများ ဆန်းလည်းဆန်းပါရဲ့။ အနှီလိုနဲ့ မောင်ကျန်ရစ်ကလေးလည်း ဦးကရင်ပေးတဲ့ “ထားဘို ”  ဗမာတွေခေါ်တဲ့ “ ကျားဘို ” အဖြစ်နဲ့ ဦးဟန်ကြည်တို့ မျက်စိအောက်မှာတင် ခွေးလားမြောက်လာပါလေရော။

ထားဘိုဆိုတဲ့ သတ္တ၀ါက ခွေးစံနဲ့ ချိန်ထိုးကြည့်ရင် ဘယ်နေရာမှကို စံမမီတဲ့ ငတိ။ ရုပ်ကလေး သနားကမားရှိပေမင့် အကြောက်ကတော့ ဘာသန်သလဲမမေးနဲ့။ ဦးဟန်ကြည်တို့ ဦးကရင်တို့က ကျွေးမွေးထားတာတောင် သူ့ကို ပွတ်ချင်သပ်ချင်လို့ ချီလိုက်ပွေ့လိုက်ရင် အမြီးကို ကုပ်နေအောင် သတ္တိကောင်းတာကလား။ သို့ပေမင့် မျက်နှာလုပ်တဲ့နေရာ ဖားတဲ့နေရာကျတော့ သင်းက ထိပ်တန်း။ ဘယ်အချိန်ကြည့်ကြည့် အမြီးလေး တနှန့်နှန့်နဲ့။ အဲ လှမ်းတော့ မခေါ်လေနဲ့။ လူနားကပ်ရမှာ သေမတတ်ကြောက်တဲ့ အကောင်။ ဘယ်လောက်ခေါ်ခေါ် ခပ်လှမ်းလှမ်းကနေ အမြီးနှန့်ပြနေပြီသာမှတ်။ ဟောင်ဖို့ဆိုတာများ ဝေလာဝေး။ တက်နင်းရင် အသံထွက်တတ်ပါ့မလားတောင် သံသယဖြစ်ယူရတဲ့အထိ။ သည်လိုနဲ့ပဲ တာဘိုးလည်း တစ်နှစ်သားအရွယ်ရောက်လာတယ် ဆိုကြပါစို့။ ကြောက်လည်းကြောက်တတ် ဖားလည်းအဖားသန်တဲ့ “ ကြောက်ဖား ” ဆိုတော့ မနက်မိုးလင်းလို့ ဦးဟန်ကြည်တို့ တံခါးဖွင့်ရင် အမြီးလေးနှန့်ပြီး လာနှုတ်ဆက်တာက သင်းထုံးစံ။ မဒမ်ကြည် ဈေးသွားဝယ်ရင် နောက်ကနေ ကောက်ကောက်ပါအောင်လိုက်တာကလည်း သင်းအလုပ်။ ပွတ်သပ်ပေးဖို့တော့ မကြိုးစားလေနဲ့။ အကောင်ကြီးလာတဲ့အထိ အကြောက်ကသန်တုန်း။ ဦးကရင်က အနှီတာဘိုးကို သူ့ခွေးလို့ သတ်မှတ်ထားတာဆိုတော့ ဦးဟန်ကြည်ကလည်း ကိုယ့်ခွေးလို့ကို မသတ်မှတ်ဘူးပေါ့လေ။

လွန်ခဲ့တဲ့ နှစ်လယ်ပိုင်းလောက်မှာ ဦးဟန်ကြည်တို့က Shih Tzu ကလေးတစ်ကောင် ၀ယ်မွေးပေမယ့် တစ်ပတ်အတွင်းမှာပဲ ဆုံးသွားရှာတာဆိုတော့ “ထားဘို” အကြောင်း မသိလိုက်ဘူးပေါ့လေ။ “ ချီလီ ” ကလေးကို မွေးတော့မှပဲ သင်းအကြောင်း သိတော့တာကလား။ မောင်ထားဘိုက အတော် မနာလိုစိတ်ကြီးတဲ့ အကောင်ကိုး။ ချီလီကလေး အိမ်ရောက်ပြီဆိုကတည်းက ဦးဟန်ကြည်တို့အနားကို မကပ်တော့တာ။ မဒမ်ကြည် ဈေးသွားလည်း မလိုက်၊ ဦးဟန်ကြည် အလုပ်ကပြန်လာရင်လည်း အခါတိုင်းလို အမြီးလေးနန့်ပြီး ပြေးကြိုတာမျိုးကို မလုပ်တော့တာကိုး။ လှမ်းခေါ်ရင်တောင် မကြားချင်ယောင်ဆောင်ပြီး ခပ်တည်တည်နေတာများ ရိုက်ချင်စရာတောင် ကောင်းသေးတော့။ ဦးကရင်ပြောမှပဲ သူရို့လင်မယားက သူများကလေးကို ခဏလောက်ပွေ့ချီထားရင်တောင် သင်းက စိတ်ကောက်ပြတယ်ဆိုပဲ။ အဓိပ္ပာယ်ကတော့ သူ့ကိုပဲ ချစ်ကြရမယ်ပေါ့။ ဘယ်သူ့ကိုမှ မချစ်ရဘူးပေါ့။ ထားဘိုက စကားမပြောတတ်တဲ့ ခွေးဖြစ်နေလို့သာ စိတ်ကောက်ပြတာကိုး စကားများပြောတတ်ရင် ဦးဟန်ကြည်ကို ရန်ထောင်လိုက်မယ့် ဖြစ်ခြင်း။ သို့ပေမင့် ဦးဟန်ကြည်တို့ကလည်း ကိုယ့်ချီလီကလေးကို ဖူးဖူးမှုတ်နေကြတာဆိုတော့ ထားဘိုကို ရှိတယ်ထောင် မထင်ဘူးပေါ့လေ။ မနက်ခင်း လာနှုတ်မဆက်ရင်လည်း အေးဆေးပေါ့။ ကိုယ့်ချီလီကလေး ရှိနေတာကိုး။ မဒမ်ကြည် ဈေးသွားလို့ ထားဘိုလိုက်မသွားလည်း အရေးမဟုတ်ဘူးလေ။ ချီလီလေးကို ခေါ်သွားတာကိုး။

ညဘက် ဦးဟန်ကြည်ပြန်ရောက်လို့ ချီလီလေးကို ဆိုင်ကယ်ပေါ်တင်ပြီး မြို့တစ်ပတ် ပတ်ဖို့ပြင်ရင် ထားဘိုက ခပ်လှမ်းလှမ်းကနေ စောင်းပေစောင်းပေ လာလုပ်ချင်သေးတာ။ ချီလီဆိုတဲ့ ငတိမလေးကလည်း သခင့်အားကိုးနဲ့ ဘာစွာသလဲ မမေးနဲ့။ အနှီလောက်အကောင်ကြီးကို ဆိုင်ကယ်ခြင်းထဲကနေ လှမ်းလှမ်းရန်စချင်သေးတာကိုး။ နှစ်ကောင်သား လမ်းမှာတွေ့ကြရင်လည်း ချီလီက အရင် လိုက်ဆွဲတတ်လေတော့ ဗန္ဓုလထားဘိုခမျာ ချီလီကို မြင်ရင် ရွံကြောက်ကြီးကို ဖြစ်ရော။ ခွေးကလေးများကလည်း မျိုးရိုးနဲ့ဆိုင်တဲ့ မာနကလေးတွေ ရှိတယ်ထင်ပါရဲ့။ အရပ်တစ်ထွာလောက်ပဲရှိတဲ့ ချီလီက အရပ်အမောင်း တစ်တောင်ကျော်ကျော်ခွေးကြီး ထားဘိုကို နိုင်လိုက်တာမှ ချေးတုံးခွေးနိုင်ဆိုတဲ့ စကားပုံအတိုင်း။ ချီလီကလေးရောက်လာလို့ တစ်လလောက်လည်းရှိလာရော ထားဘိုလည်း စိတ်ပြောင်းလာတယ်ထင်ပါရဲ့။ မနက်မိုးလင်းလို့ တံခါးဖွင့်ရင် အိမ်အောက်ကနေ လာစောင့်နေပါလေရော။ ဦးဟန်ကြည်တို့ကို ဂရုမစိုက်ဘဲ ချီလီရှိတဲ့ အိမ်ခန်းထဲကို လာလာမျှော်တာ ထုံးစံ။ အိမ်အောက်မဆင်းရတဲ့ တစ်ကောင်ကြွက် မချီလီကလည်း အိမ်ပေါ်ကနေ အသံ တအုအုပေးပါသဗျား။ ခွေးအချင်းချင်း ချစ်ကြည်ရေးလုပ်ကြတယ် ထင်ပါရဲ့။

လွန်ခဲ့တဲ့ သုံးလလောက်ကတော့ ထားဘိုတစ်ကောင် ချီလီကို လာနှုတ်မဆက်တော့ပြန်ဘူး။ ဘယ်နှုတ်ဆက်အားမလဲ။ သူ့ရာသီလည်းရောက် သူလည်းခွေးလားမြောက်ပြီကိုး။ အောင်မယ်…အနှီကာလရောက်တော့ ထားဘိုတို့က စွမ်းပါ့ဗျာ။ လမ်းခွေးထဲက ခွေးမချောချောလေးတစ်ကောင်ကို အပီဆွဲထားလိုက်ပါလေရော။ သူ့အဆက်ခွေးမလေးကို ဖွန်လာကြောင်တဲ့ လမ်းခွေးတွေကို ဟိန်းလိုက် ဟောင်လိုက်တာများ ထားဘိုမှ ဟုတ်ပါလေစလို့ သံသယဖြစ်ယူရတဲ့အထိ အောင်လိုက် မာလိုက်တဲ့ အသံကြီးနဲ့ကိုး။ သင်းက ကြောက်ပါးဆိုတော့ အနာခံပြီး ကိုက်လိမ့်မယ်တော့ မထင်လေနဲ့။ အိမ်ရှေ့ကနေ ဟောင်လွှတ်တာချည်း။ ကျန်တဲ့လမ်းခွေးတွေခမျာ စားရမဲ့ သောက်ရမဲ့ ဘ၀တွေဆိုတော့ အကောင်ခပ်လှီလှီတွေချည်းမို့ ထားဘိုဟောင်သံကြားရင်ကို လန့်ပြေးကြပါလေရော။ အနှီလိုအခါမျိုးရောက်ရင်တော့ ထားဘိုတို့ သတ္တိပြပြီ။ လမ်းပေါ်အထိ တက်လိုက်ပြီး တ၀ုန်းဝုန်းထိုးဟောင်ပြီသာမှတ်။ သင်းကလည်း အကဲဆတ်ချက်က ကမ်းကုန်။ ည ၁ နာရီ ၂ နာရီလောက်မှာ လမ်းခွေးတစ်ကောင်တစ်လေကို အဝေးကြီးက လှမ်းမြင်ရင်ကို အိမ်ရှေ့ထွက်ပြီး ဟောင်တော့တာကလား။ အဓိပ္ပာယ်ကတော့ “ ဟေ့ကောင်တွေ ငါ လစ်ပြီအထင်နဲ့ ငါ့မြာကလေးကို လာဝိုက်မယ်မကြံနဲ့…ငါ မအိပ်သေးဘူးနော… ” လို့ ဆိုလိုဟန်တူပါရဲ့။ သင်းမဏ္ဍပ်တိုင်တက်တာက အရေးမကြီးဘူး။ ဦးဟန်ကြည်တို့ခမျာ ညတိုင်းလိုလို အိပ်ရေးတွေကို ပျက်လို့။

အောင်မယ် ခွေးများကလည်း လူအတိုင်းကိုးဗျ။ သူ့ဘေးမှာ သူ့မဒီခွေးမလေးများ ရှိနေလို့ကတော့ မောင်ထားဘိုပုံစံက ဆောင့်ကြွားကြွားနဲ့ ဖိန့်ဖိန့်ကြီး။ အားကိုးစမ်းအချစ်ရယ် ဆိုတဲ့ ဒီဇိုင်းမျိုးနဲ့ကိုး။ သင်းဟာမကလေးကလည်း အနားကကို မခွာတာရယ်။ ခွေးချစ်ပါတယ်ဆိုတဲ့ ဦးဟန်ကြည်တောင် ညားခါစလင်မယားစတိုင် မြှောက်ကြွမြှောက်ကြွနဲ့ အောက်ခြေလွတ်နေတဲ့ ထားဘိုကို ကြည့်ရတာ မြင်ပြင်းကတ်လာတဲ့အထိ။  ဦးဟန်ကြည် သတိထားမိသလောက် ခွေးဆိုတဲ့ သဘာဝက သူရို့ရာသီရောက်ရင် တွေ့ကရာခွေးထီး ခွေးမ ကြုံသလို မြိုင်လိုက်ကြတာမျိုး။ နှစ်ကောင် တပူးတွဲတွဲလုပ်နေကြလည်း လွန်ရောကျွံရော သုံးလေးရက်။ သည့်ထက်ကြာရင် နောက်တစ်ကောင်နဲ့ ငြိကြတာမျိုး။ အနှာကြောင့်ပဲ တွေ့ကရာလူနဲ့ ကြုံသလိုဖြစ်ကြပျက်ကြတဲ့ ယောက်ျား မိန်းမတွေကို “ တော်သလင်းခွေးဇာတ်ခင်း ” တယ်လို့ သမုတ်ကြတာကိုး။ ထားဘိုတို့ကျ အနှီလို မဟုတ်ပေါင်ဗျာ။ သူ့မြာကလေးကလည်း သူ့နားကကို တစ်ဖ၀ါးမှ မခွာတော့တာ။ သင်းကလည်း သင်းပစ္စည်းကလေးကို ဂရုစိုက်ချက်ကတော့ လူတွေတောင် အတုယူဖို့ကောင်းပါရဲ့။ အစာကျွေးရင်လည်း သင်းဟာမလေးကို အရင်အစားခိုင်းသဗျား။ ပိုသမျှကလေးကိုပဲ သင်းက စားတော်မူရှာပါလေရော။ ညဘက် အိပ်ရင်လည်း သူ့မဒီကလေးကို ခုံတန်းရှည်ပေါ်မှာ အအိပ်ခိုင်းပြီး သင်းကတော့ အောက်က တမံသလင်းပေါ်မှာ အိပ်ပါလေရော။ ဦးဟန်ကြည် ညဘက် အလုပ်ကပြန်လာလို့ သင်းတို့နှစ်ကောင်ကိုကြည့်လိုက်တိုင်း အနှီလိုချည်း မြင်နေရတော့ ကိုယ်ယူထားတဲ့ မိန်းမကို ပေယျာလကန်ပြုတတ်တဲ့ ယောက်ျားတွေအစား ရှက်တောင် ရှက်လာတဲ့အထိ။

သင်းတို့နှစ်ကောင် တပူးတွဲတွဲနေကြတာ သူရို့ရာသီ မကုန်သေးလို့ဖြစ်မှာပါလို့ ဦးဟန်ကြည်တွေးထားမိပေမင့် ဘယ်ဟုတ်လိမ့်တုန်း။ တော်သလင်းလွန်ပြီး မြိုင်ထရာသီကုန်လို့ တပေါင်းလထဲရောက်လာတဲ့ သည်အချိန်အထိ နှစ်ကောင်သား ချစ်ကြခင်ကြ ကြင်နာကြတုန်း။ သြော်…ကိုယ့်ကောင် ငကြောက်ကြီးက သည်နေရာကျတော့လည်း ယောက်ျားပြီသသားပဲကိုး။ အကြောက်သန်လှတဲ့အကောင်ဖြစ်ပေမင့် သူ့ဟာကလေးအတွက် မွေးထားလိုက်တဲ့ သတ္တိတွေမှ မနည်းမနော။ ယောက်ျားပြီသတယ်ဆိုတာ ဗလကြီးတာ သတ္တိကောင်းတာကို ဆိုလိုတာမှ မဟုတ်ဘဲ။ ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် ထမ်းတယ်ဆိုမှ တကယ့်ယောက်ျားကောင်း မဟုတ်လား။ ရာသီကုန်ပြီး သုံးလေးလကြာတဲ့အထိ ထားဘိုကတော်မှာ ဗိုက်မမြင်လို့ စပ်စုကြည့်လိုက်တော့ ကိုယ်ဝန်ပျက်ကျသွားတယ်ဆိုကိုး။ သြော်… ထားဘိုကြီးက သင်းမဒီကလေးကို သနားစိတ်နဲ့ ဆက်ပြီး စောင့်ရှောက်နေတယ်ထင်ပါရဲ့။ ကြည့်စမ်း။ အသိဉာဏ်မြင့်လှချေရဲ့ဆိုတဲ့ လူတွေက မယားငယ်ယူ ကီပင်ထား မာဆတ်သွားနေကြပေမင့် တစ်လင်တစ်မယားစနစ်ကို ကျေကျေနပ်နပ်ကြီး ကျင့်သုံးနေတဲ့ အဟိတ်တိရစ္ဆာန် ထားဘိုကြီးများ လေးစားဖို့ကောင်းလိုက်ပါဘိ။ သို့ပေမင့် သင်းက ကိုယ့်အနား သိပ်မကပ်တော့ ဦးဟန်ကြည်တို့လည်း သင်းစိတ်ရင်းကို ချီးကျူးပေမင့် ပေယျာလကန်သဘောမျိုး ထားလိုက်တာပေါ့လေ။ ကိုယ့်မှာလည်း ချီလီကလေးနဲ့ မဟုတ်လား။

လွန်ခဲ့တဲ့ တစ်လကျော်က ချီလီကလေး ဆုံးသွားတော့ ချီလီလေးအလောင်းကို ထားဘိုကြီးက လာနမ်းကြည့်သေးတာရယ်။ ငတိမ တကယ်ဆုံးတာမှ ဟုတ်ရဲ့လားလို့ လာစပ်စုဟန် တူပါရဲ့။ ချီလီကလေး ဆုံးတာ သေချာမှန်းလည်းသိရော နောက်တစ်ရက်မနက် မိုးလင်းလို့ တံခါးဖွင့်လိုက်တာနဲ့ အိမ်ဝမှာ ထားဘိုကြီး ရောက်နေပါလေရောဗျား။ တံခါးဖွင့်တဲ့ မဒမ်ကြည်ကို သင်းက လာနှုတ်ဆက်တာကိုး။ မဒမ်ကြည် ဈေးသွားတော့လည်း အမြီးလေး တနန့်နန့်နဲ့ လိုက်သွားတာများ သင်းမဟုတ်တဲ့အတိုင်း။ ဦးဟန်ကြည် အလုပ်ပြီးလို့ အိမ်ပြန်ရောက်တော့လည်း အူးယားဖားယားပြေးကြိုလိုက်တာမှ ဘာများဖြစ်တာပါလိမ့်လို့ စဉ်းစားယူရတဲ့အထိ။ ကိုယ့်ချီလီလေး ဆုံးသွားလို့ စိတ်မကောင်းဖြစ်နေတဲ့ ဦးဟန်ကြည်ကတော့ သင်းကို ဒေါကန်ပေသပေါ့။ ငါ့မှာ ကလေးဆုံးလို့ ၀မ်းနည်းရတဲ့ကြားမှာ သင်းက ၀မ်းသာပြနေသေးတယ်လို့တွေးပြီး ခွေးနဲ့အပြိုင် စိတ်ကောက်နေမိတာနဲ့ ထားဘိုကြီးကို ဂရုတောင် မစိုက်ဘဲ ပစ်ထားလိုက်ပါလေရော။ ဟိုဘက်သည်ဘက် ဖောက်မြင်ရလောက်အောင် ပါးလှပ်နေတဲ့ ထားဘိုကြီးကလည်း အနှာကို သဘောပေါက်ဟန်တူရဲ့။ စိတ်ပျော့တဲ့ မဒမ်ကြည်ကိုပဲ လိုက်ဖားပါလေရော။ တစ်ပတ်လောက်ကြာတော့ မဒမ်ကြည်နဲ့ ငြိမ်းချမ်းရေး ရသွားကြတယ်ထင်ပါရဲ့။ ဦးဟန်ကြည်နားတော့ သိပ်မကပ်ရဲရှာဘူး။ ခပ်လှမ်းလှမ်းကနေပဲ အမြီးနန့်ပြနေရှာတာကလား။

အနှီလို အမြီးတနန့်နန့်နဲ့ ငြိမ်းချမ်းရေးလာလုပ်နေတာ တစ်ရက်မဟုတ် နှစ်ရက်မဟုတ် တစ်ပတ်နှစ်ပတ်လောက်ကြာလာပြီဆိုမှတော့ ခွေးချစ်တဲ့ ဦးဟန်ကြည်လည်း ဘာသားနဲ့ထုထားတာမှ မဟုတ်ဘဲ သင်းကို ပြန်ဂရုစိုက်မိပါလေရော။ ဦးဟန်ကြည်ရဲ့ မျက်နှာပေးကိုမြင်တော့ ထားဘိုကြီး အားတက်သွားဟန်တူရဲ့ အမြီးလေး တနန့်နန့်နဲ့ အနားလာကပ်ပါသဗျား။ လာစမ်းဆိုပြီး ထားဘို ကြီးကို ကောက်ချီလိုက်တော့ ကြီးကောင်ကြီးမား သတ္တ၀ါကြီးခမျာ ကြောက်လိုက်တာမှ အမြီးတင်မကဘဲ နားရွက်တောင် ကုပ်သွားတဲ့အထိ။ သြော်…သင်းက တကယ်သတ္တိရှိလာတာမှ မဟုတ်ဘဲကိုး ချစ်ချစ်အတွက် သတ္တိတွေ ဇွတ်အတင်းမွေးထားတာပဲကိုးလို့ သဘောပေါက်သွားတဲ့ ဦးဟန်ကြည်တောင် သဘောကျပြီး ရယ်မိပါသေးရဲ့။ ကိုင်း ဗန္ဓုလကြီး ကြွတော်မူပါဘုရားလို့ အောက်ချပေးလိုက်တော့ သကောင့်သားခမျာ ပျော်ရှာတယ်ထင်ရဲ့။ အမြီးတင်မကဘဲ ခါးတွေပါ ရမ်းခါပြီး ဦးဟန်ကြည်အပေါ်ကို ဖက်တက်လိုက်တာမှ ငယ်ရည်းစားနဲ့ ပြန်တွေ့တဲ့အတိုင်း။ နောက်တစ်ရက်နှစ်ရက်လောက်ကြာတော့ သင်းက သူ့မဒီလေးပါခေါ်လာပြီး ဦးဟန်ကြည်ကို လာဖားသေးတာရယ်။ ဦးဟန်ကြည်အနားလာလိုက် သူ့ပစ္စည်းလေးနားသွားလိုက်နဲ့ သုံးလေးခါလောက်လည်း လုပ်ပြီးရော သင်းဟာမလေးလည်း ဦးဟန်ကြည်နားလာကပ်ရော ဆိုကြပါစို့။ သြော်…သင်းက ဒါလေးက ကျွန်တော့်မဒီကလေးပါ သူ့ကိုလည်း ချစ်ပါလို့ လာအပ်တာကိုးဗျ…။ လည်လိုက် ပါးလိုက်တဲ့ ထားဘို …။

အခုတော့ ဦးဟန်ကြည်တို့မှာ ချီလီလေးလည်းမရှိ။ အလုပ်မအားတာက တစ်ကြောင်း နွေရာသီတစ်လလုံး အပန်းဖြေခရီးရှည်ထွက်ဖို့ ပြင်ဆင်ထားတာက တစ်ကြောင်း အကြောင်းကြောင်းတွေ ရှိနေတာမို့ ချီလီကိုယ်ပွားလေးလည်း ထပ်မ၀ယ်ဖြစ်သေးတာကြောင့် ထားဘိုတစ်ကောင်လည်း မနက်မိုးလင်းရင် လာနှုတ်ဆက်၊ မဒမ်ကြည်ဈေးသွားရင် လိုက်သွား၊ ဦးဟန်ကြည် ပြန်လာရင် လာကြိုနဲ့ အလုပ်တွေ ရှုပ်နေပါလေရဲ့။ ဦးဟန်ကြည်တို့ နွေရာသီ ခရီးစဉ်ပြီးလို့ ချီလီကိုယ်ပွားကလေးတစ်ကောင် ထပ်မွေးရင်တော့ သကောင့်သား ထားဘိုကြီး ဘယ်လိုစတိုင်ချိုးဦးမယ် မပြောတတ်ဘူး။

လောလောဆယ် သည်စာရေးနေတဲ့ ညသန်းခေါင်အချိန်ကြီးမှာတော့ ခပ်လှမ်းလှမ်းက လမ်းဘေးခွေးတစ်ကောင်ကို ဟိန်းဟောက်နေတဲ့ ထားဘိုကြီးရဲ့ အသံကို ဦးဟန်ကြည် ကြားနေရပါရဲ့။ မဒမ်ထားဘိုကတော့ ထုံးစံအတိုင်း ခုံတန်းရှည်ပေါ်မှာ ခန့်ခန့်ကြီး ထိုင်တော်မူပြီး ချစ်ချစ်ကြီးထားဘိုကို အားကိုးတဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်နေမှာကို ဦးဟန်ကြည် မြင်ယောင်နေမိပါကြောင်းဗျား…။    

( ဟန်ကြည် )
၂၈.၂.၂၀၁၄ ( သောကြာနေ့ )
မနက် ၁ နာရီ ၁၀ မိနစ်

Thursday, 14 June 2012

ချစ်သော ချီလီ . . .


ပါပီကလေး ပုတုတု . . .
သူ့စကားက ၀ုဝု၀ု . . .
သူ့စကား လူမသိ . . .
လူ့စကား သူမသိ . . .
သနားစရာ ကောင်းပါဘိ . . .။           ။

http://www.littlepuppy.org/wp-content/uploads/2011/10/puppies-2.jpg

ဘယ်သူရေးထားတဲ့ ကဗျာမှန်းတော့ မသိပေါင်။ ခပ်ငယ်ငယ်က ဖတ်ဖူးမှတ်ဖူးထားလို့ စိတ်ထဲစွဲနေတာပဲ ထင်ပါရဲ့။ တစ်ခါတစ်ခါများကျတော့လည်း ကဗျာတို၊ ကဗျာစတွေ ဟိုဟာကောက်ကျက်၊ သည်ဟာကောက်ကျက်နဲ့ ခေါင်းထဲမှာ ရောကုန်ပြီး အချိန်ကြာလာတော့ ကိုယ်ပဲရေးတာလိုလို၊ သူများရေးတာလိုလို ယောင်ဝါးဝါးဖြစ်တတ်တာကိုက ဦးဟန်ကြည်ရဲ့ မူပိုင်အကျင့်။ ကိုင်း . . . ထား။ ပြောချင်တာက ဦးဟန်ကြည်၏ ချစ်လှစွာသောဆိုတဲ့ ပါပီလေးချီလီကိစ္စ။

ကဏန်းမျိုး ဦးဟန်ကြည်က လူတွေနဲ့သာ ကီးသိပ်မကိုက်ချင်တာ အနှီချစ်လှစွာသော ပါပီကလေးတွေနဲ့ကတော့ သဟဇာတ ဖြစ်မှဖြစ်။ တယ်ရီယာ၊ ဒိုဘာမန်၊ ချီဝါ၀ါ၊ ဂရိတ်ဒိန်း၊ ရှိဇု၊ ဘူးလ်ဒေါ့၊ အယ်လ်ဇေးရှင်းတင်မကဘဲ အရပ်ထဲကခွေးဝဲစား အယ်လ်ချီးစားပါမကျန် ဦးဟန်ကြည်ရဲ့ ချစ်လှစွာသောချည်းပါ့။ ကိုယ်တော်များကလည်း လူရိပ်လူကဲက သိမှသိ။ ဦးဟန်ကြည်နဲ့ မဒမ်ကြည် အတူထိုင်နေရင်တောင် သူရို့ကိုပိုချစ်တဲ့ ဦးဟန်ကြည်ကိုမှ ရွေးပြီးခခယယလုပ်လေ့ရှိရဲ့။ အသန့်ကြိုက် မဒမ်ကြည်က ခွေးလှလှကလေးတွေကိုတော့ ချစ်ရှာသား။ အမွေးဖွားဖွားနဲ့ တယ်ရီယာလေးတွေကတော့ မဒမ်ကြည်ရဲ့ ဖေးဘရိတ်ပေါ့လေ။

ဦးဟန်ကြည်ကတော့ ခွေးဖြစ်ရင်ပြီးရော ဘယ်ခွေးမဆို ချစ်ပြီးသား၊ သဒ္ဓါပြီးသားချည့်။ ဒါပေမယ့် သူရို့ဘိုခွေးတွေထက်တော့ ကိုယ့်မြန်မာပြည်ခွေးမျိုးကိုတော့ စေတနာ နည်းနည်းပိုသပေါ့လေ။ ဘာကြောင့်လဲဆိုရင် သူရို့ခွေးမျိုးက အဆာအတော်ကျယ်သကိုး။ တချို့သော ပါပီများဆိုရင် လူထက်တောင် ကရိကထများသေးရဲ့။ တကတည်း ခွေးရေချိုးတဲ့ ဆပ်ပြာနဲ့၊ ခွေးရေမွှေးနဲ့၊ ခွေးစာဆိုလည်း သီးသန့်။ မိတ်ဆွေတစ်ယောက်အိမ်က အယ်လ်ဇေးရှင်းတစ်ကောင်ကို တစ်ရက်စာ အမဲသား ငါးဆယ်သားလောက်ကျွေးရတယ်ဆိုကိုး။ အနှီလောက် အသားပမာဏဆိုရင် ဦးဟန်ကြည်တို့ လင်ကိုယ်မယား ညမနက်စားလို့ရပါ့။ ကိုယ့်ထက်တောင် မြင့်ချင်နေတဲ့ အနှီကောင်တွေကိုတော့ ပါရမီထူးလွန်းလို့ မနာလိုတောင် ဖြစ်မိပါသေးဗျား။

မှတ်မှတ်ရရ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်တုန်းက တပည့်တစ်ယောက်က လက်ဆောင်ပေးလို့ တယ်ရီယာလေးတစ်ကောင် မွေးဖူးပါရဲ့။ တယ်ရီယာလေးကလည်း လမ်းလျှောက်တတ်ကာစအရွယ် တောက်တက်ပြေးဆိုတော့ မဒမ်ကြည်တစ်ယောက်က တုန်နေအောင် ချစ်တာပေါ့လေ။ သားသမီးမရှိသေးတဲ့ ဦးဟန်ကြည်လည်း အနှီပါပီပုပုလေးကို ကိုယ့်သမီးလို့တောင် သဘောထားတာကလား။ အံမယ် နာမည်ပေးတာတောင် ပစ္စလက္ခတ်ပေးတာ မဟုတ်ဘူးရယ်။ အွန်လိုင်းပေါ်တက်ပြီး ခွေးနာမည်ပေးတဲ့ဆိုဒ်တစ်ခုမှာ သုံးရက်လောက်နေအောင် မွှေနှောက်ရှာဖွေလိုက်သေးသဗျား။ နာမည်ပေါင်းစုံ ခေါင်းကိုက်အောင်စဉ်းစားပြီးမှ နောက်ဆုံးတော့ ဣတ္ထိလိင်လည်းဖြစ် ခေါ်ရလည်းလွယ်တဲ့ Chilly ချီလီလို့ ပေးလိုက်ပါလေရော။ အဆိုတော် ရန်ရန်ချန်းနဲ့ တွဲနေတဲ့ အဆိုတော်မ ချီလီသာသိရင်တော့ သူ့ကိုနာမည်ဖျက်ရပါ့မလားဆိုပြီး ဦးဟန်ကြည်ကို အ၀ှာများပြုလေမလား မပြောတတ်ဘူး။

မဒမ်ကြည်ကတော့ သူ့ချီလီကို ကျန်တဲ့ပါပီလေးတွေကို ကျွေးသလို dog food တွေ၊ အသားတွေ ပေါင်းလန်အောင် ကျွေးချင်ရှာတာပါ့။ ဒါပေမယ့် အစားတစ်လုပ်အတွက် ၀ိထ္ထာရချဲ့တာကို အင်မတန်မှ မြင်ပြင်းကပ်တဲ့ ဦးဟန်ကြည်ကတော့ ဘယ်လက်သင့်ခံလိမ့်တုန်းဗျာ။ ဟေ့ . . . သူ့ဖာသာ တယ်ရီယာမကလို့ ဘာရီယာပဲဖြစ်ဖြစ် ကိုယ့်ဆီရောက်လာရင် ကိုယ်စားတာပဲစားရမှာပဲ လို့ တစ်ချက်လွှတ်ရာဇသံထုတ်ပြီး ကိုယ်စားတဲ့ ပန်းကန်ထဲကပဲ ခွဲဝေကျွေးဖို့ ဆုံးဖြတ်ချက် ချပါလေရော။ ဟုတ်သလေ။ ကိုယ်နဲ့တန်းတူထားတာကိုက သင်္ဂဟော မဟုတ်လား။ ကိုယ့်ဆီက ခွေးများဆိုရင် ထမင်းရည်လောက်နဲ့တောင် အကျေနပ်ကြီးကျေနပ်ကြသေးတာကိုး။ ဒါပေမယ့် စိန်ချီလီတို့ကတော့ ဒီလိုဘယ်ဟုတ်လိမ့်တုန်း။ အကြောကလည်း ဘာမာသလည်း မမေးနဲ့။ အသီးအရွက်ဆိုတာ စားစရာလို့တောင် မှတ်တာမဟုတ်ဘူးရယ်။ အသားဟင်းနဲ့ ထမင်းရောကျွေးရင်တောင် အသားဟင်းကိုပဲ ရွေးတုတ်ပြီး ထမင်းကို ယောင်လို့တောင်မှ ပါးစပ်ထဲ အ၀င်ခံတော်မမူဘူးဗျား။

စိန်ချီလီရဲ့ အကျင့်ကို တစ်ရက်ကနေ နှစ်ရက် သည်းညည်းခံနိုင်ပေမယ့် နှစ်ရက်ကနေ သုံးရက်ရောက်လာတော့ ဦးဟန်ကြည် ဒေါကန်လာပါလေရော။ အံမယ် ဒီငတိမလေးက သူ့ကိုယ်သူ ခွေးဖြစ်တာမသိသေးဘူးထင်ရဲ့ . . . ဟိုဟာကြေးများ သည်ဟာကြေးများနဲ့ အင်မတန်အဆာကျယ်လှတာ မှတ်လောက်သားလောက်အောင် ပညာပေးမှလို့ အကြံကလည်းပေါက်လာလေရဲ့။ ဦးဟန်ကြည်ဆိုတာကလည်း ကျောင်းသားဆိုး၊ ကျောင်းသားကပ်တွေကိုတောင် လူကောင်းလူမွန်ဖြစ်လာအောင် စိတ်ရှည်လက်ရှည် ပုံသွင်းပေးနိုင်ခဲ့သေးတာ အနှီလို သုနက္ခလေးလောက်ကတော့ သုံးလေးရက်လောက် ထရိန်နင်ပေးလိုက်ရင် အပိုးကျိုး၊ အချိုးကျသွားရမှာပါ့ဆိုတဲ့ အတွေးကလည်းဝင်လာတော့တာကိုး။ အနှီလိုနဲ့ပဲ စိန်ချီလီကို ထမင်းနဲ့ ဟင်းအနှစ်နဲ့ပဲ နယ်ဖတ်ကျွေးပြီး ထရိန်နင်ပေးပါလေရော။ အံမယ် . . . ငတိမကလည်း ခပ်တင်းတင်းဗျား။ ထမင်းကို တစ်ချက်နမ်းကြည့်ပြီးတော့ ခပ်တည်တည်ပဲ လှည့်ထွက်သွားပါလေရော။ ယောင်လို့တောင်မှ နှုတ်သီးလေးနဲ့ မွှေမသွားရှာဘူး။ သူ့အရိပ်အချည်ကို အသာစောင့်ကြည့်နေတဲ့ ဦးဟန်ကြည်ကတော့ အင်း . . . လုပ်ထားဦးပေါ့လေ . . . သင်း ဗိုက်ဆာရင် မစားဘဲ ဘယ်နေနိုင်လိမ့်တုန်း ဆိုတဲ့ အတွေးနဲ့ ပြုံးတာပေါ့လေ။

ဒါပေမယ့် စိန်ချီလီကလည်း ထင်တာထက်တောင် အကြောမာသေးသဗျား။ တစ်နေသာကုန်သွားတယ် ထမင်းပန်းကန်နားကို ယောင်လို့တောင် မလာဘူး။ ဦးဟန်ကြည်ကလည်း မစားချင်နေပေါ့ဆိုပြီး အသာပစ်ထားလိုက်တာပဗျာ။ ဒီငတိမ နေနိုင်လှ တစ်ရက်ပါ့။ နောက်ရက်ဆိုရင်တော့ စားတော့မှာပဲလို့လည်း အပိုင်တွက်ထားပြီးသား။ နောက်တစ်ရက်ရောက်တော့လည်း ပထမနေ့ကအတိုင်းပဲ ထမင်းနဲ့ အနှစ်နဲ့နယ်ပြီး ကျွေးပြန်တာပဲ။ ဒါလည်း ဒေါ်ကြီးကျယ်လေးက မစားပြန်ဘူးဗျား။ နေနှင့်ဦးပေါ့လေဆိုပြီး ဦးဟန်ကြည်ကလည်း ခပ်မာမာပဲ ပစ်ထားလိုက်တာပါ့။ ညနေပိုင်းလောက်ရောက်တော့ ငတိမလေး ဗိုက်ဆာပါလေရော။ မဆာပဲနေရိုးလား။ နှစ်ရက်လုံးလုံး ရေသောက်ပြီး ဆန္ဒပြနေတော့ ဗိုက်ထဲမှာ အစာမှ မရှိတာကိုး။ ဒါနဲ့ပဲ ထမင်းပန်းကန်နားကို အသာကပ်ပြီး ထမင်းပန်းကန်ကို နှုတ်သီးနဲ့ မွှေပါလေရော။ ကြည့်နေတဲ့ ဦးဟန်ကြည်ကတော့ အောင်မြင်ပဟဲ့ဆိုတဲ့ ထင်တစ်လုံးနဲ့ ပြုံးပြုံးကြီးပေါ့လေ။ ဒါပေမယ့် ထင်သလို ဘယ်ဟုတ်လိမ့်တုန်း။ ကိုယ်တော်မက ထမင်းထဲမှာ အသားပါနိုးနိုးနဲ့ မွှေကြည့်တာကိုး။ အသားဖတ်မပါတာလည်းသိရော ထုံးစံအတိုင်း ထမင်းပန်းကန်နားကခွာပြီး ချောင်မှာသွားခွေပြန်ပါရော။

ပြောရရင် တယ်ရီယာဆိုတဲ့ ခွေးမျိုးက ဉာဏ်ရည်ဉာဏ်သွေးလည်း အင်မတန်မြင့်တာကလား။ သူကြီးကျယ်နေတာကို ဒေါဖောင်းလာတဲ့ ဦးဟန်ကြည်က စိတ်ပေါက်ပေါက်နဲ့ ခပ်ငေါက်ငေါက်ကလေး ဆူလိုက်ပြောလိုက်မိတာ တစ်ခါတည်း စိတ်ကောက်ပြီး ဆက်တီအောက်မှာ သွားခွေနေလိုက်တာ ဘယ်လိုချော့ခေါ်ခေါ် ထွက်လာတော် မမူတော့ဘူးဗျား။ အခါတိုင်းဆိုရင် ညအိပ်ရင် ဦးဟန်ကြည်တို့ခေါင်းရင်းလာပြီး ခေါင်းအုံးအောက်တိုးအိပ်တတ်ပေမယ့် သူ့ကိုငေါက်လိုက်မိတဲ့ညက အိပ်ယာထဲမလာတော့ဘဲ ဆက်တီအောက်မှာပဲ ပေပြီးအိပ်နေလေရဲ့။ ၀ါးနုက ၀ါးရင့်ကို ပတ်တာ အင်မတန်ဒေါကန်တဲ့ ဦးဟန်ကြည်ကလည်း ကိုင်း . . . နင့်ဟာနင် နေချင်ရာနေဆိုပြီး လှည့်မကြည့်ဘဲ ပစ်ထားလိုက်ပါလေရော။

နောက်တစ်ရက်မနက်ခင်းရောက်ပြန်တော့လည်း ထုံးစံအတိုင်း ထမင်းနဲ့အနှစ် ကျွေးကြည့်ပြန်တာပေါ့လေ။ စိန်ချီလီကလည်း ထုံးစံအတိုင်း လာနမ်းကြည့်ပြီး ခွေမြဲပြန်ခွေတာပါပဲဗျား။ ဒါပေမယ့် နှစ်ရက်လုံးလုံး အစာမာမစားဘဲနေတဲ့ ငတိမလေးခမျာ လမ်းတောင် သန်သန်မလျှောက်နိုင်ရှာတော့ဘူးကိုး။ ကလေးကို သူ့စိတ်ကြိုက်ကျွေးချင်ပေမယ့် စည်းကမ်းပိုင်းနဲ့ပတ်သက်ရင် နည်းနည်းမှ အထိမခံချင်တဲ့ ဦးဟန်ကြည်ကို မပြောသာလို့ အသာကြည့်နေရတဲ့ မဒမ်ကြည်ခမျာလည်း ချီလီကိုကြည့်ရင်း မျက်ရည်စို့လာပါလေရော။ အနှီတော့မှ ဒီအတိုင်းသာ ဆက်လုပ်နေရင်ဖြင့် မြွေပါလည်းဆုံး၊ သားလည်းဆုံးမယ့်ကိန်းဆိုက်ဖို့ များနေတာ သဘောပေါက်လာတဲ့ ဦးဟန်ကြည်လည်း ကိုင်း . . . အိမ်ရှင်မရေ . . . မင့်သမီးကို ငါတော့လက်မြှောက်လိုက်ပြီဗျား . . . သူ့စိတ်ကြိုက်၊ မင့်စိတ်ကြိုက်သာကျွေးပေရော့လို့ အလံဖြူထောင်ပြလိုက်ရပါလေရဲ့။ ဘယ်အချိန်ကတည်းက ကျွေးချင်နေမှန်းမသိတဲ့ မဒမ်ကြည်လည်း ထိုင်ရာကနေ ထတဲ့ပြီး အသားတွေပန်းကန်ထဲထည့် ချကျွေးမှ ဒေါ်ကြီးကျယ်ချီလီတစ်ကောင် အားပါးတရ စားတော့တာကိုး။ အမြီးလေးနန့်လိုက်၊ စားလိုက်၊ ရေလေးပြေးသောက်လိုက်၊ နောက်တစ်ခါပြန်လာစားလိုက်လုပ်နေတဲ့ ချီလီကို ကြည့်ရင်း ဦးဟန်ကြည်ခမျာ ဆရာ၊ ဆရာမတွေ ဘာကြောင့် သူရို့သားသမီးကို ဆုံးမလို့ မနိုင်တာကို ခပ်ရေးရေး သဘောပေါက်လာပါလေရော။ ကျောင်းသားတွေကို ပုံသွင်းနိုင်ခဲ့ပေမယ့် ချီလီနဲ့တွေ့မှ သိက္ခာပလုံသွားရတဲ့ ကိုယ့်အဖြစ်ကိုလည်း ပြန်တွေးရင်း ရှက်ပြုံးလေးပြုံးမိပါပေါ့လား။

ချီလီတစ်ကောင် ဦးဟန်ကြည်တို့နှစ်ယောက်နဲ့ တစ်လနီးပါးလောက်နေလို့ အိမ်သားတစ်ပိုင်းဖြစ်ပြီး အသားကျသွားတဲ့ အချိန်မှာ တခြားမြို့က တပည့်မတစ်ယောက်  သူရို့အမျိုးအဆွေတွေဆီကို အလည်လာရင်း ဦးဟန်ကြည်တို့မြို့ကို ရောက်လာပါလေရော။ အနှီတပည့်မကလည်း ခွေးချစ်ချက်ကတော့ တုန်လို့ဆိုတဲ့ အစားထဲက။ သူရို့အမျိုးတွေဆီကို အလည်လာရတဲ့ ရည်ရွယ်ချက်ကလည်း တယ်ရီယာတစ်ကောင် ၀ယ်ချင်လို့တဲ့ဗျား။ သူရို့အမျိုးအဆွေတွေနဲ့ တစ်မြို့လုံး သုံးလေးရက်လောက် မွှေနှောက်ရှာဖွေလို့ တယ်ရီယာလည်း မရရော ထုံးစံအတိုင်း သူ့ဆရာကို သတိရပါလေရော။ ဆရာရေ . . . သမီးကို တယ်ရီယာတစ်ကောင်လောက် ၀ယ်ပေးပါလို့လည်း အပူကပ်ရော တပည့်တွေအတွက် အဲဗားရယ်ဒီ ဦးဟန်ကြည်ကလည်း ဒါလေးများပေါ့။ ဒါပေမယ့် မြို့ထဲက မိတ်ဆွေတွေဆီမှာ စုံစမ်းမှပဲ တယ်ရီယာက ရှားတော်မူလိုက်တာမှ တစ်ကောင်မှကို မတွေ့ဘဲဖြစ်နေပါလေရော။ မဲ့ဆောက်ကိုလှမ်းမေးပြန်တော့လည်း တယ်ရီယာကုန်နေပြန်သတဲ့။ တပည့်မကလည်း နောက်တစ်ရက်ဆို ပြန်ရတော့မှာမို့ အချိန်ကလည်း မရဖြစ်နေပြန်တော့ ဦးဟန်ကြည် ခေါင်းခြောက်ရပြီပေါ့လေ။ ဖြစ်ချင်တော့ တပည့်တကာ့ တပည့်ထဲမှာ အနှီတပည့်မက ဦးဟန်ကြည်တို့ ဇနီးမောင်နှံရဲ့ အသည်းကျော်။ မဒမ်ကြည်ကလည်း အနှီတပည့်မလေး မည်းမည်းတူးတူးကို သူ့ညီမအရင်းလောက် အောက်မေ့တာကလား။

တယ်ရီယာကို ဘယ်လိုမှ ရှာလို့မရတဲ့ အဆုံးမတော့ တပည့်တွေ တောင်းသမျှအကူအညီကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ဖြည့်ပေးပြီး ဆရာကောင်းဖြစ်ချင်လွန်းလှတဲ့ ဦးဟန်ကြည်နဲ့ သူ့အချစ်တော် တပည့်မကို ပျော်စေချင်တဲ့ မဒမ်ကြည်တို့နှစ်ယောက် ခေါင်းချင်းရိုက်ကြရပါလေရော။ နောက်ဆုံးတော့ မရ- ရသကချိုင်ဆိုတဲ့ စကားအတိုင်း သမီးတော်ချီလီကိုပဲ တပည့်မလက်ထဲ ထည့်ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်ရပါရဲ့။ မဒမ်ကြည်ရဲ့ပါးစပ်က တယ်ရီယာရှာလို့မတွေ့ရင်လည်း ချီလီကိုပဲ ပေးလိုက်ကြတာပေါ့လေ ဆိုတဲ့ စကားသံလည်းထွက်လာရော ဦးဟန်ကြည်ခမျာ ကိုယ့်နားကိုတောင် မယုံနိုင်အောင်ကိုဖြစ်လို့။ သားသမီးမရှိသေးတာမို့ ဦးဟန်ကြည် အပြင်မှာ စာသင်ချိန်သွားနေတဲ့ အချိန်တိုင်းမှာ ချီလီတစ်ကောင်ကို သမီးအရင်းလို ပြုစုတွယ်တာနေတဲ့ မဒမ်ကြည်တစ်ယောက် သူ့မွေးစားသမီးကို ဘယ်လောက်ချစ်တယ်ဆိုတာ ဦးဟန်ကြည် အသိဆုံးမဟုတ်လား။ မဒမ်ကြည်အသံတုန်နေတာကို မသင်္ကာလို့ မျက်နှာကို ကြည့်လိုက်တော့ မျက်ရည်တွေတောင် စို့နေပါရောလား။ ပြောရရင် ဦးဟန်ကြည်လည်း ရင်ထဲက ခပ်နာနာပေါ့လေ။ ကိုယ်တိုင်ကလည်း ခွေးချစ်ရတဲ့အထဲမှာ ချစ်လှစွာသော သမီးတော်လေး စိန်ချီလီကလည်း ပြောစမှတ်ဖြစ်စရာတွေ တစ်ပုံတစ်ခေါင်းကြီး လုပ်ထားခဲ့တာကိုး။

ဒီလိုနဲ့ပဲ ညနေစောင်းမှာပဲ ချစ်သောချီလီကို ချစ်သောတပည့်မဆီသွားပေးလိုက်ရပါလေရော။ ချီလီကိုပွေ့ရင်း အမြူးကြီးမြူးနေတဲ့ တပည့်မကိုကြည့်ရင်း ဦးဟန်ကြည်တို့နှစ်ယောက်ကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေလိုက်မိကြပါသေး။ ကိုယ့်ထက်ပိုပြီး ပြုစုနိုင်၊ ကျွေးမွေးစောင့်ရှောက်နိုင်တဲ့လူလက်ထဲ ကိုယ့်ကလေးကို ထည့်ပေးလိုက်ရတာမို့ နည်းနည်းတော့ ဖြေသာပေမယ့် သံယောဇဉ်ဆိုတာကလည်း အခက်သားကလား။ မဒမ်ကြည်တစ်ယောက် တပည့်မရဲ့ မိဘတွေနဲ့ စကားပြောနေရင်း အသံမတုန်အောင် မနည်းထိန်းနေရရှာတာ ဦးဟန်ကြည် ဒီနေ့အထိ အမှတ်ထင်ထင်ရှိနေပါရဲ့။ ချီလီကိုပို့ပြီး အိမ်ပြန်လာတဲ့ လမ်းတစ်လျှောက်လုံးလည်း မဒမ်ကြည်တစ်ယောက် ဆိုင်ကယ်နောက်က ထိုင်လိုက်ရင်း မျက်ရည်တစို့စို့နဲ့။ ဒါကြောင့်လဲ ဦးဟန်ကြည်ရဲ့ မေမေက ခွေးမမွေးချင်တော့ဘူး သားရယ် . . . ကိုယ်ကလည်း သံယောဇဉ်ကြီးတာနဲ့ မွေးထားတဲ့ ခွေးကလေးတွေ တစ်ခုခုဖြစ်သွားရင် မခံစားနိုင်လွန်းလို့ လို့ ပြောခဲ့ရှာတာကိုး။

ချီလီလေးကို တပည့်မဆီပေးလိုက်ပြီး နှစ်နှစ်လောက်ကြာတော့ ပွဲတစ်ခုဖိတ်တာနဲ့ အနှီတပည့်မတို့မြို့ကို ဦးဟန်ကြည်တို့ သွားရပါလေရော။ နှစ်နှစ်ဆိုတဲ့ အချိန်အတွင်းမှာ ချီလီတစ်ကောင် အထွားကြီးထွားလာလိုက်တာ ဦးဟန်ကြည်ခမျာ ရုပ်တောင် အတော်ဖမ်းယူရပါရဲ့။ တစ်အိမ်လုံးက ဖူးဖူးမှုတ်ထားလို့ ဆိုးချင်တိုင်းဆိုးနေတဲ့ စိန်ချီလီကလည်း လာသမျှလူတိုင်းကို အသံလေးညောင်နာနာနဲ့ တ၀ုတ်ဝုတ်ထိုးဟောင်နေလေရဲ့။ သူရို့ခြံထဲကို ၀င်လာတဲ့ ဦးဟန်ကြည်တို့နှစ်ယောက်ဆီကို ဟောင်ရင်းပြေးလာတဲ့ ချီလီ ဦးဟန်ကြည်ခြေရင်းလည်းရောက်ရော ဟောင်တာရပ်ပြီး မျက်နှာကိုမော့ကြည့်လိုက်၊ ခြေထောက်ကို နမ်းကြည့်လိုက်လုပ်နေပြီး အတော်ကြာတော့ အမြီးနန့်ပြပါလေရော။ သူ့ခမျာ ကလေးပိစိဘ၀တုန်းက ပိုင်ရှင်ဟောင်းကို ခပ်ဝါးဝါးပဲ မှတ်မိရှာတော့တာကိုး။ တပည့်မက ချီလီနောက်ကနေ ပြေးလိုက်လာရင်း “ အံမယ် . . . အံမယ် အိန်ဂျယ်က ဆရာ့ကို မှတ်မိသေးတာကိုး ” လို့ ပြောလိုက်တော့ ဦးဟန်ကြည်တို့ ဇနီးမောင်နှံ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြပါလေရော။ နောက်ဆုံးမတော့ ဦးဟန်ကြည်ရဲ့ ချီလီလေးတစ်ကောင် အိန်ဂျယ်ဖြစ်နေပါရောလား။

သြော် . . . ချစ်သောချီလီ။               ။

Friday, 22 October 2010

ခွေးကလေးတွေရဲ့ အပြုအမူဆိုင်ရာ ပြဿနာ၁၀မျိုး . . .

အတွေ့အကြုံရင့်ကြတဲ့
ခွေးပိုင်ရှင်တွေကတော့ ခွေးကလေးတွေရဲ့ အပြုအမူဆိုင်ရာ ပြဿနာတွေကို ကောင်းကောင်းနားလည် သဘောပေါက်ပြီး ဖြစ်ကြပါတယ်။ ဒါပေမယ့် အချို့လူတွေအနေနဲ့တော့ ခွေးတွေဟာ ဘာကြောင့် ဒီလိုအပြုအမူတွေ ရှိနေရတယ်ဆိုတာနဲ့ ပတ်သက်လို့ အံ့သြစရာတွေ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ဟောင်ခြင်း၊ ကိုက်ခြင်း၊ ကိုက်ဝါးခြင်းနဲ့ ခွေးကလေးတွေရဲ့ အခြားသောအပြုအမူတွေကို ခွေးပိုင်ရှင်တွေဟာ မကြာခဏဆိုသလို မှားယွင်းသဘောပေါက်လေ့ရှိကြပြီး မှားယွင်းစွာကိုင်တွယ်ကြလေ့ ရှိကြပါတယ်။

ခွေးပိုင်ရှင်အသစ်တစ်ယောက်ပဲဖြစ်ဖြစ်၊ ခွေးမွေးဖို့ စိတ်ကူးနေတဲ့သူတစ်ယောက်ပဲဖြစ်ဖြစ် ကိုယ့်ခွေးရဲ့ အပြုအမူတွေနဲ့ ပတ်သက်လို့ သိနားလည်ထားပြီး ကိုယ့်ခွေကို အကောင်းဆုံးကိုင်တွယ်ထိန်းသိမ်းလိုကြပါတယ်။ ခွေးကလေးတွေရဲ့ အပြုအမူတွေကို အကောင်းဆုံးနားလည်ထားခြင်းဟာ ကိုယ့်ခွေးနဲ့ပတ်သက်တဲ့ ပြဿနာတွေကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းဖို့နဲ့ ကိုယ့်ခွေးကို ကာကွယ်ပေးနိုင်ဖို့ ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။

ခွေးကလေးတွေရဲ့ အပြုအမူတွေနဲ့ အဓိပ္ပာယ်တွေကို အောက်မှာဖော်ပြပေးထားပါတယ် . . .

(၁) ဟောင်ခြင်း
ခွေးအများစုဟာ ဟောင်တာ၊ အီတာ၊ အူတာတွေကို အဆင့်အမျိုးမျိုးနဲ့ လုပ်လေ့ရှိကြပါတယ်။ ပြင်းပြင်းထန်ထန်ဟောင်နေခြင်းကတော့ အပြုအမူဆိုင်ရာ ပြဿနာဖြစ်ပြီး ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ပြဿနာကို မဖြေရှင်းခင်မှာ ကိုယ့်ခွေးဟာဘာကြောင့် ဒီလိုဟောင်နေရသလဲဆိုတာကို နေရာမှာတင် အရင်စဉ်းစားသင့်ပါတယ်။ ခွေးတွေဟာ အောက်ပါအချက်တွေကြောင့် ဟောင်လေ့ရှိကြပါတယ်။
- သတိပေးခြင်း၊ အချက်ပေးခြင်း
- ကစားမြူးထူးခြင်း၊ စိတ်လှုပ်ရှားခြင်း
- အာရုံစိုက်ခြင်း၊ ရှာဖွေခြင်း
- စိုးရိမ်ပူပန်ခြင်း
- ပျင်းရိငြီးငွေ့ခြင်း
- အခြားခွေးများကို အချက်ပေးခြင်း

(၂) ကိုက်ဝါးခြင်း
အရာဝထ္ထုတွေကို ကိုက်ဝါးခြင်းဟာ ခွေးတွေရဲ့ သဘာဝဖြစ်သလို စိတ်ညစ်စရာအကောင်းဆုံး အလေ့အကျင့်လည်း ဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်ခွေးဟာ ကိုက်ဝါးတဲ့အဆင့်ကနေ ဖျက်ဆီးတဲ့အဆင့်ထိ ရောက်လာရင်တော့ အပြူအမူဆိုင်ရာ ပြဿနာဖြစ်လာပါပြီ။ ခွေးတွေကိုက်ဝါးရခြင်း အကြောင်းရင်းတွေကတော့
- ခွေးသားပေါက်လေးတွေ သွားပေါက်လာခြင်း
- ပျင်းရိငြီးငွေ့ခြင်း၊ စွမ်းအင်များပိုလျှံခြင်း
- စိုးရိမ်ပူပန်ခြင်း
- ခွေးငယ်လေးများ သိလိုစိတ်ပြင်းပြခြင်း
ကိုယ့်ခွေးဟာ ကိုက်ဝါးတတ်တဲ့ ၀ါသနာဆိုးဆိုးဝါးဝါးရှိနေရင် ကိုက်ဝါးနိုင်တဲ့ အရုပ်များများထားပေးပြီး ကိုက်ဝါးစေသင့်ပါတယ်။ အရေးကြီးတဲ့ ပစ္စည်းတွေကို ခွေးနဲ့အဝေးမှာ ထားပါ။ ကိုယ်အပြင်သွားစရာရှိရင် ခွေးကိုပျက်စီးနိုင်မှုအနည်းဆုံးနေရာမှာ ထားခဲ့သင့်ပါတယ်။ ခွေးဟာ မကိုက်ဝါးသင့်တာကို ကိုက်ဝါးနေတာတွေ့ခဲ့ရင် မလုပ်ဖို့ ငေါက်နိုင်ဆူနိုင်ပါတယ်။ ပြီးရင် သူကိုက်ဝါးနေတဲ့ အရာကို ကိုက်ဝါးစရာ အရုပ်တစ်ခုနဲ့ အစားထိုးပေးပါ။

(၃) တူးဆွခြင်း
အခွင့်အရေးသာရရင် ခွေးကအများစုဟာ တူးလို့ဆွလို့ရသမျှနေရာတိုင်းမှာ တူးကြယက်ကြပါလိမ့်မယ်။ ဒါဟာ သူတို့ရဲ့ ပင်ကိုဗီဇဖြစ်ပါတယ်။ Terriers လိုခွေးမျိုးတွေဟာ သူတို့ရဲ့ အမဲလိုက်တဲ့အလေ့အကျင့်ရာဇ၀င်အရ ပိုပြီးတူးကြဆွကြလေ့ ရှိပါတယ်။ ယေဘုယျအားဖြင့်တော့ ခွေးတွေဟာ အောက်ပါအကြောင်းတွေကြောင့် တူးကြဆွကြပါတယ်။
- ပျင်းရိခြင်း၊ စွမ်းအင်ပိုလျှံခြင်း
- စိုးရိမ်ခြင်း၊ ကြောက်ရွံ့ခြင်း
- အမဲလိုက်ဗီဇ
- ပိုင်ဆိုင်မှု(အရိုး၊ အရုပ်စသည်)ကို သိုဝှက်ရန်
- လွတ်မြောက်ရန်၊ တစ်နေရာရာသို့ ၀င်ရောက်ရန်
ကိုယ့်ခွေးဟာ ကိုယ့်ခြံထဲမှာ တူးဆွနေရင်တော့ တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်ဖို့ ကောင်းပါတယ်။ ဘာကြောင့်တူးနေသလဲဆိုတာကို လေ့လာပြီး ဆုံးဖြတ်လုပ်ကိုင်ပါ။ ဘယ်လိုမှပြောလို့မရအောင် တတူးထဲတူးနေရင်တော့ သဲသေတ္တာလိုမျိုး သူတို့တွေစိတ်ကြိုက်တူးလို့ဆွလို့ရမယ့် အရာတစ်ခုထားပေးလိုက်တာ ပိုအဆင်ပြေပါလိမ့်မယ်။

(၄) စွန့်ပစ်ခံရမှာ စိုးရိမ်ပူပန်ခြင်း
စွန့်ပစ်ခံရမှာကို စိုးရိမ်ပူပန်ခြင်းဟာ ခွေးတွေမှာတွေ့ရလေ့ရှိတဲ့ အပြုအမူဆိုင်ရာ ပြဿနာတစ်ခု ဖြစ်ပါတယ်။ သိသာထင်ရှားတဲ့ သွင်ပြင်လက္ခဏာတွေဖြစ်တဲ့ အသံပေးခြင်း၊ ကိုက်ဝါးခြင်း၊ သဘာဝမကျစွာ ဆီးသွားခြင်း၊ ၀မ်းသွားခြင်း၊ အခြားသဘာဝမကျတဲ့ အပြုအမူများစွာတို့ဟာ ပိုင်ရှင်ဖြစ်သူက စွန့်ပစ်ခံရတဲ့ ခွေးတစ်ကောင်မှာ တွေ့လေ့ရှိပါတယ်။ အထက်ဖော်ပြပါ အပြုအမူအားလုံးကို တွေ့ရဖို့တော့ မျှော်လင့်ထားလို့ မရပြန်ပါ။ စွန့်ပစ်ခံရမှာစိုးရိမ်ပူပန်တဲ့ လက္ခဏာတွေဟာ အောက်ပါအကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။
- ခွေးပိုင်ရှင်ထွက်ခွာဖို့ ပြင်ဆင်နေရင် ခွေးဟာ စွန့်ပစ်ခံရမှာ စိုးရိမ်ပူပန်ပါတယ်
- ပိုင်ရှင်ထွက်သွားပြီး ၁၀မိနစ်က ၁၅မိနစ်အတွင်းမှာ သဘာဝမကျတဲ့ အပြုအမူတွေ ပြလေ့ရှိပါတယ်
- ခွေးဟာ ပိုင်ရှင်နောက်ကို ပြေးလိုက်ဖို့ ပြင်ဆင်မယ်
- ပိုင်ရှင်ကို ထိတွေ့နိုင်သမျှ ထိတွေ့ဖို့ ကြိုးစားမယ်

(၅) မသင့်တော်သော အညစ်အကြေးစွန့်ခြင်း
အညစ်အကြေးကို မဆင်မခြင်စွန့်တာဟာ ခွေးတွေရဲ့ စိတ်ပျက်စရာအကောင်းဆုံး အပြုအမူဖြစ်ပါတယ်။ ဒီလိုအကျင့်ဆိုးဟာ ကိုယ့်အိမ်ကို ညစ်ပတ်စေရုံသာမက အပြင်သွားတဲ့အခါ၊ အလည်အပတ်သွားတဲ့အခါမျိုးမှာ ခွေးကိုခေါ်သွားလို့ မဖြစ်အောင် ဆိုးပါတယ်။ ဒီလိုမျိုး အညစ်အကြေးတွေစွန့်နေရင် တိရစ္ဆာန်ဆရာဝန်နဲ့ ပထမဆုံး တိုင်ပင်ပြီး ခွေးမှာ ကျန်းမာရေးပြဿနာရှိနေသလား အရင်စစ်ဆေးသင့်ပါတယ်။ ကျန်းမာရေးဆိုင်ရာ ပြဿနာမရှိရင်တော့ အောက်ပါအချက်တွေထဲက ဘယ်အချက်တွေကြောင့် ဖြစ်သလဲဆိုတာ လေ့လာကြည့်ဖို့ လိုပါလိမ့်မယ်။
- နယ်မြေသတ်မှတ်ခြင်း
- စိုးရိမ်ပူပန်ခြင်း
- အာရုံစိုက်ခံရအောင် လုပ်ခြင်း
- အိမ်ညစ်ပတ်ပေရေနေခြင်း
ခွေးသားပေါက်ကလေးတွေမှာတော့ ၁၂ပတ်သားအရွယ်အထိ ကြုံရာနေရာမှာ အညစ်အကြေးစွန့်တာကို မရှေင်မလွှဲသာ လက်ခံရပါလိမ့်မယ်။ ခွေးကြီးတွေမှာဆိုရင်တော့ ဒီအကျင့်ဆိုးကို ပျောက်အောင် ပြင်းပြင်းထန်ထန် လုပ်ပေးမှ ဖြစ်ပါလိမ့်မယ်။

(၆) အစာတောင်းခြင်း
အမြဲတမ်းစားစရာတောင်းနေတတ်တာ ခွေးတွေရဲ့ အကျင့်ဆိုးတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ခွေးပိုင်ရှင်အများစုကတော့ တောင်းတိုင်းကျွေးလေ့ရှိကြပါတယ်။ အဲဒီလိုသာ တောင်းတိုင်းကျွေးနေရင် ခွေးတွေရဲ့ အစာခြေဖျက်မှုမှာ ပြဿနာဖြစ်နိုင်တဲ့အပြင် အ၀လွန်ရောဂါဖြစ်လာနိုင်ပါတယ်။ ခွေးတွေက အစားမက်ကြတာကြောင့် တောင်းကြတာမှန်ပေမယ့် စားကြွင်းစားကျန်ကိုတော့ မကျွေးသင့်ပါ။ မှတ်ထားသင့်တာက အစာကျွေးခြင်းဟာ ခွေးကိုချစ်တာ မဟုတ်ပါ။ ကိုယ့်ခွေးက ကိုယ့်ကို တအီအီအစာတောင်းနေတာကို မကျွေးဘဲနေဖို့ဆိုတာ တော်တော်လေးတော့ ခဲယဉ်းပါလိမ့်မယ်။ ဒါပေမယ့် သူတောင်းတိုင်း ချချကျွေးနေရင်တော့ ရေရှည်မှာ ပြဿနာနဲ့ ကြုံရနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အစာမစားခင်မှာ ကိုယ့်ကိုငေးကြည့်လို့ မမြင်နိုင်တဲ့ နေရာမျိုးမှာ ခွေးကိုနေခိုင်းသင့်ပါတယ်။ ဖြစ်နိုင်ရင် အခြားအခန်းတစ်ခုမှာ ထားသင့်ပါတယ်။ ခွေးက ကောင်းကောင်းမွန်မွန်နေမယ်ဆိုရင် ကိုယ်နဲ့ကိုယ့်မိသားစု စားသောက်ပြီးတဲ့အခါမှာ သူ့ကိုဆုချတဲ့အနေနဲ့ ကောင်းကောင်းမွန်မွန် ကျွေးမွေးပြုစုပေးရင် ပိုကောင်းပါလိမ့်မယ်။

(၇) နောက်ကလိုက်ခြင်း
ခွေးတွေဟာ လှုပ်ရှားနေတဲ့ အရာဝထ္ထုတွေနောက်ကနေ ပြေးလိုက်လေ့ရှိတာဟာ သူတို့ရဲ့ ဗီဇကလာတဲ့ အကျင့်ဖြစ်ပါတယ်။ ခွေးတွေဟာ ပြေးလွှားနေတဲ့ အခြားတိရစ္ဆာန်တွေ၊ ကားတွေနဲ့ လူတွေနောက်ကို ပျော်ပျော်ကြီး ပြေးလိုက်လေ့ ရှိကြပါတယ်။ အဲဒီအကျင့်ရဲ့ ရလာဒ်ကတော့ အန္တရာယ်ဖြစ်ခြင်းနဲ့ ပျက်စီးဆုံးရှုံးခြင်းတွေပါပဲ။ ခွေးတွေရဲ့ အဲဒီလို ပြေးလိုက်လေ့ရှိတဲ့ အကျင့်ကို ပြင်ပေးဖို့မတတ်နိုင်ရင်တော့ အပျက်အစီးနည်းနိုင်သမျှနည်းအောင် အောက်ပါကြိုတင်ကာကွယ်ရေးတွေကို ဆောင်ရွက်ထားသင့်ပါတယ်။
- အိမ်ထဲမှာမဟုတ်တဲ့ အချိန်တိုင်းမှာ ခွေးကို လည်ပတ်ပတ်ပြီး ကြိုးချည်ထားသင့်ပါတယ်
- ကိုယ့်ခွေးကို ကိုယ်ခေါ်ရင်လာအောင် ကျင့်ပေးထားပါ
- ခွေးကကိုယ့်ကို အာရုံစိုက်စေမယ့် ခရာပဲဖြစ်ဖြစ် ဆူဆူညံညံ အသံပေးနိုင်မယ့်အရာပဲဖြစ်ဖြစ် လက်လှမ်းမီရာမှာ ထားပါ
- လိမ့်နေတဲ့အရာတွေ ခုန်ပေါက်နေတဲ့အရာတွေကို အမြဲသတိထားပါ
အကောင်းဆုံးကတော့ ကိုယ့်ခွေးကို စံနစ်တကျ လေ့ကျင့်ပေးထားတာပဲဖြစ်ပါတယ်။ အဲဒီလိုလေ့ကျင့်ပေးခြင်းအားဖြင့် ကိုယ့်ခွေးရဲ့အသက်အန္တရာယ်ကိုပါ ကာကွယ်ပေးရာရောက်ပါတယ်။

(၈) ခုန်ပေါက်ခြင်း
ခွေးငယ်လေးတွေဟာ သူတို့ရဲ့မိခင်ကို ကြိုဆိုဖို့၊ နှုတ်ဆက်ဖို့နဲ့ အမေနဲ့ ထိတွေ့နိုင်ဖို့ ခုန်ပေါက်လေ့ရှိကြပါတယ်။ နောက်ပိုင်းမှာတော့ လူတွေကို နှုတ်ဆက်ဖို့အတွက်ပါ ခုန်ပေါက်ကြလေ့ရှိပါတယ်။ တစ်ခါတစ်ရံမှာ သူတို့မှာ လွှမ်းမိုးနိုင်စွမ်းရှိတာကို ဖော်ပြနိုင်ဖို့လည်း ခုန်ပေါက်လေ့ရှိပါသေးတယ်။ ခုန်ပေါက်နေတဲ့ ခွေးတစ်ကောင်ဟာ အနှောင့်အယှက်ဖြစ်ရသလို အန္တရာယ်လဲ ကြီးပါတယ်။ ခွေးတွေခုန်ပေါက်တဲ့အကျင့်ကို ဖျောက်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပေမယ့် အောင်အောင်မြင်မြင်တော့ မဖျောက်နိုင်သေးပါ။ ခွေးရဲ့ခြေထောက်ကို ပင့်ပေးလိုက်တာ၊ လက်သည်းတွေကို ဆုပ်ကိုင်လိုက်တာ၊ ခွေးကို တွန်းလိုက်တာတို့ဟာ တစ်ခါတစ်ခါမှာ အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် ခွေးအများစုအတွက်တော့ ဒီလိုလုပ်ခြင်းကြောင့် ခွေးရဲ့အထင်လွဲမှုကို ရနိုင်ပါတယ်။ ခုန်ပေါက်တာဟာ တစ်ခါတစ်ရံမှာ လူရဲ့အာရုံစိုက်မှုကို ရဖို့လုပ်တဲ့ အပြုအမူလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခွေးကဒီလို ခုန်ပေါက်တာဟာ ကိုယ့်အတွက် ဆုလာဘ်ဖြစ်တယ်ဆိုတာ သိထားသင့်ပါတယ်။ ဒါကိုမလိုချင်ရင်တော့ ဂရုမစိုက်ဘဲ ရှောင်ထွက်သွားတာဟာ အကောင်းဆုံးနဲ့ အရိုးဆုံးနည်းလမ်းဖြစ်ပါတယ်။ ခွေးနဲ့ မျက်လုံးချင်းမဆုံပါစေနဲ့။ ခွေးကို စကားလည်းမပြောပါနဲ့။ ထိလည်းမထိပါနဲ့၊ ကိုယ့်အလုပ်ကိုသာ ဟန်မပျက်ဆက်လုပ်နေလိုက်ပါ။ ခွေးက ငြိမ်ငြိမ်သက်သက်ဖြစ်သွားရင် ဆုချလိုက်ပါ။ ဒီလိုလုပ်ပေးရင် မကြာခင်မှာပဲ ခွေးက ကိုယ့်သဘောထားကို နားလည်လာပါလိမ့်မယ်။

(၉) ကိုက်ခြင်း
ခွေးတွေဟာ ဗီဇနဲ့ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာကြောင့် ကိုက်ကြလေ့ ရှိပါတယ်။ ခွေးငယ်လေးတွေဟာ အခြားခွေးတွေနဲ့ လူတွေကို သူတို့ရဲ့ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာဖို့နဲ့ သူတို့နေတဲ့နေရာအကြောင်း လေ့လာဖို့ ကိုက်လေ့ခဲလေ့ ရှိကြပါတယ်။ သွားဖြဲတာနဲ့ ကိုက်ခဲတာဟာ လက်သင့်မခံနိုင်တဲ့ အပြုအမူဖြစ်ကြောင်း ခွေးပိုင်ရှင်က ကိုယ့်ခွေးငယ်လေးတွေကို သိအောင်လုပ်ပေးရပါလိမ့်မယ်။ ခွေးငယ်လေးဘ၀ကရလာတဲ့ အကျင့်အပြင် အောက်ပါအကြောင်းတွေကြောင့်လည်း ကိုက်ခဲလေ့ရှိကြပါတယ်။
- ကြောက်ရွံ့ခြင်းနှင့် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့
- ပိုင်ဆိုင်မှုကို ကာကွယ်ဖို့
- နာကျင်ခြင်းနှင့် ဖျားနာခြင်း
- အင်အားကြီးကြောင်း ပြသဖို့
- အမဲလိုက်တဲ့ ဗီဇ
အချို့ခွေးမျိုးတွေဟာ အန္တရာယ်ပေးနိုင်တယ်လို့ ယူဆကြပေမယ့် ခွေးအမျိုးအစားရွေးပြီး မွေးဖို့လည်း မလိုပါ။ ဘာကြောင့်လဲဆိုရင် ပိုင်ရှင်နဲ့ ခွေးမွေးသူတွေဟာ ကိုယ့်ခွေးကို လေ့ကျင့်ပေးတာ၊ ပတ်ဝန်းကျင်နဲ့ အသားကျအောင် လုပ်ပေးတာတွေနဲ့ ကိုက်ခဲတတ်တဲ့ ဗီဇစိတ်ကို လျော့အောင်လုပ်ပေးနိုင်သူတွေ ဖြစ်ကြလို့ပါ။

(၁၀) စိတ်တိုသောင်းကျန်းခြင်း
စိတ်ဆိုးနေတဲ့ ခွေးတစ်ကောင်ဟာ ဟိန်းဟောင်ခြင်း၊ မာန်ဖီခြင်း၊ သွားဖြဲပြခြင်း၊ ကိုက်ခဲခြင်းနဲ့ ခုန်အုပ်ဖို့အတွက် အသင့်ဖြစ်နေတဲ့ လက္ခဏာတွေကို ပြလေ့ရှိပါတယ်။ အဲဒီအပြုအမူတွေကို တွေ့ရရင်တော့ ကိုယ့်ခွေးဟာ စိတ်တိုသောင်းကျန်းဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ သတိပြုပြီး အရင်က ဘယ်လိုသဘောကောင်းတယ်ဆိုတာ မေ့ပစ်ဖို့ လိုလာပါပြီ။ ဒါပေမယ့် အလွယ်တကူအကြမ်းဖက်လေ့ရှိပြီး နိုင်ထက်စီးနင်းပြုလေ့ရှိတဲ့ ရာဇ၀င်ရှိတဲ့ခွေးတွေနဲ့ စိတ်တိုသောင်းကျန်းလေ့ရှိတဲ့ မိဘတွေက ပေါက်ဖွားလာတဲ့ ခွေးတွေဟာ အခြားခွေးတွေနဲ့ လူတွေအပေါ်မှာ စိတ်တိုသောင်းကျန်းအနိုင်ကျင့်ချင်တဲ့ လက္ခဏာမျိုးတွေ အလွယ်တကူ ပြလေ့ရှိပါတယ်။ စိတ်တိုသောင်းကျန်းရတဲ့ အခြေခံအကြောင်းရင်းဟာ ကိုက်ရတဲ့ အကြောင်းရင်းနဲ့ ဆင်တူပါတယ်။ ကိုယ်မွေးထားတဲ့ ခွေးမှာ စိတ်တိုလွယ်ပြီး ကိုက်ချင်ခဲချင်တဲ့ အပြုအမူတွေရှိနေရင်တော့ တိရိစ္ဆာန်ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါယ်။ ဘာကြောင့်လဲဆိုတော့ ကျန်းမာရေးပြဿနာတွေကြောင့်လည်း ခွေးတွေဟာ စိတ်တိုသောင်းကျန်းလေ့ရှိလို့ ဖြစ်ပါတယ်။ ခွေးမှာ ကျန်းမာရေးပြဿနာ မရှိခဲ့ရင်တော့ ကျွမ်းကျင်တဲ့ ခွေးလေ့ကျင့်ရေးဆရာနဲ့ တိုင်ပင်ရပါလိမ့်မယ်။ တော်တော်ကြီးကို ဆိုးဆိုးဝါးဝါး သောင်းကျန်းတဲ့ခွေးတွေကိုတော့ ပတ်ဝန်းကျင်နဲ့ လူတွေကို အနှောင့်အယှက်မပေးနိုင်အောင် သတိထားပြီး ထိန်းသိမ်းပေးဖို့ လိုပါလိမ့်မယ်။

ခွေးကလေးတွေရဲ့ အပြုအမူတွေဟာ အတော်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူတို့မှာ ခံစားတတ်တဲ့ နှလုံးသားလည်း ရှိသလို လူတွေလိုပဲ အကျင့်စရိုက်တွေ ရှိနေတာကြောင့် လူနဲ့နီးစပ်တယ်လို့ ခေါ်တာဖြစ်မယ်ထင်ပါရဲ့။

Most experienced dog owners are familiar with common dog behavior problems, but some may wonder why dogs exhibit these behaviors. Barking, biting, chewing and many other common dog behaviors are often misunderstood and mishandled by dog owners. Perhaps you are new to dog ownership, considering getting a dog, or just wish to better manage your dog's behavior problems. Thoroughly understanding the most common dog behavior problems is the first step to solving and preventing them. A solid foundation of obedience training will help you prevent or better control common dog behavior problems.

1. Barking

Most dogs bark, howl and whine to some degree. Excessive barking is considered a behavior problem. Before you can correct barking, determine why your dog is vocalizing in the first place. These are the most common types of barking:
  • Warning or Alert
  • Playfulness/Excitement
  • Attention-seeking
  • Anxiety
  • Boredom
  • Responding to Other Dogs

2. Chewing

Chewing is a natural action for all dogs - it's just a part of the way they are wired. However, chewing can quickly become a behavior problem if your dog causes destruction. The most common reasons dogs chew are as follows:
  • Puppy Teething
  • Boredom / Excess Energy
  • Anxiety
  • Curiosity (especially puppies)
Encourage your dog to chew on the right things by providing plenty of chew toys. Keep personal items away from your dog. When you are not home, keep your dog crated or confined to an area where less destruction can be caused. If you catch your dog chewing the wrong thing, quickly correct him with a sharp noise. Then, replace the item with a chew toy. One of the most important things you can do: make sure your dog gets plenty of exercise!

3. Digging

If given the chance, most dogs will do some amount of digging - it's a matter of instinct. Certain breeds, like Terriers, are more prone to digging because of their hunting histories. In general, most dogs dig for these reasons:
  • Boredom or Excess Energy
  • Anxiety or Fear
  • Hunting Instinct
  • Comfort-Seeking (such as nesting or cooling off)
  • Hiding Possessions (like bones or toys)
  • To Escape or Gain Access
If your dog digs up your yard, it can get pretty frustrating for you. Try and determine the cause of the digging, then work to eliminate that source. Spend more time with your dog, give him more exercise, and work on extra training. If digging is inevitable, set aside an area where your dog can learn it is "okay" to dig, like a sand box.

4. Separation Anxiety

Separation anxiety is one of the most commonly discussed dog behavior problems. Manifestations include vocalization, chewing, inappropriate urination and defecation, and other forms of destruction that occur when a dog is separated from his owner. Not all of these actions are the result of separation anxiety. Signs of true separation anxiety include:
  • Dog becomes anxious when owner prepares to leave
  • Misbehavior occurs in the first 15-45 minutes after owner leaves
  • Dog wants to follow owner around constantly
  • Dog tries to be touching owner whenever possible
True separation anxiety requires dedicated training, behavior modification and desensitization exercises. Medication may be recommended in extreme cases, but this should be a last resort.

5. Inappropriate Elimination

Inappropriate urination and defecation are among the most frustrating dog behaviors. They can damage areas of your home and make your dog unwelcome in public places or at the homes of others. It is most important that you discuss this behavior with your veterinarian first to rule out health problems. If no medical cause is found, try to determine the reason for the behavior, which can come down to one of the following: Inappropriate elimination is unavoidable in puppies, especially before 12 weeks of age. Older dogs are another story - many require serious behavior modification to rid them of the habit because you must often alter their perception of themselves.

6. Begging

Begging is a bad habit, but many dog owners unfortunately encourage it. This can lead to digestive problems and obesity. Dogs beg because they love food - but table scraps are not treats, and food is not love! Yes, it is hard to resist that longing look, but giving in "just this once" creates a problem in the long run. In a pack setting, a subordinate would never beg from alpha dogs without reprimand. When you teach your dog that begging is permitted, you jeopardize your role as pack leader. Before you sit down to eat, tell your dog to stay, preferably where he will not be able to stare at you. If necessary, confine him to another room. If he behaves, give him a special treat only after you and your family are completely finished eating.

7. Chasing

A dog's desire to chase moving things is simply a display of predatory instinct. Many dogs will chase other animals, people and cars. All of these can lead to dangerous and devastating outcomes! While you may not be able to stop your dog from trying to chase, you can take steps to prevent disaster.
  • Keep your dog on a leash at all times (unless directly supervised indoors).
  • Train your dog to come when called.
  • Have a dog whistle or noisemaker on hand to get your dog's attention.
  • Stay aware and watch for potential triggers, like joggers.
Your best chance at success is to keep the chase from getting out of control. Dedicated training over the course of your dog's life will teach him to focus his attention on you first - before running off.

8. Jumping Up

Puppies jump up to reach and greet their mothers. Later, they may jump up when greeting people. Dogs may also jump up to exert dominance. A jumping dog can be annoying and even dangerous. There are many methods to stop a dog's jumping, but not all will be successful. Lifting a knee, grabbing the paws, or pushing the dog away might work for some, but for most dogs this sends the wrong message. Jumping up is often attention-seeking behavior, so any acknowledgment of your dog's actions provide a reward! The best method: simply turn away and ignore your dog. Do not make eye contact, speak, or touch your dog. Go about your business. When he relaxes and remains still, calmly reward him. It won't take long before your dog gets the message.

9. Biting

Dogs bite for reasons that can be traced back to instinct and pack mentality. Puppies bite and nip on other dogs and people as a means for exploring their environment and learning their place in the pack. Owners MUST teach their puppies that mouthing and biting are not acceptable. Beyond puppy behavior, the motivation to bite or snap typically comes from the following:
  • Fear or Defensiveness
  • Protection of Property
  • Pain or Sickness
  • Dominance Assertion
  • Predatory Instinct
Though some breeds are thought to be dangerous, it is my belief that breed specific legislation is not the answer. Owners and breeders are the ones who can help decrease the tendency for any type of dog to bite through proper training, socialization and breeding practices.

10. Aggression

Dog aggression is exhibited by growling, snarling, showing teeth, lunging and biting. It is important to know that any dog has the potential to become aggressive, regardless of breed or history. However, dogs with violent or abusive histories and those bred from dogs with aggressive tendencies are much more likely to exhibit aggressive behavior towards people or other dogs. Reasons for aggression are basically the same as the reasons a dog will bite or snap, but overall canine aggression is a much more serious problem. If your dog has aggressive tendencies, consult your vet first - it may stem from a health problem. Then, seek the help of an experienced dog trainer. Serious measures should be taken to keep others safe from aggressive dogs!


Wednesday, 20 October 2010

ခွေးကလေးတွေရဲ့ ခန္ဓာကိုယ်ဘာသာစကား . . .

သတ္တ၀ါတွေထဲမှာ
လူနဲ့အနီးစပ်ဆုံးနဲ့၊ ချစ်စရာအကောင်းဆုံးဟာ ခွေးကလေးတွေပဲ ဖြစ်မယ်ထင်ပါတယ်။
သူတို့လေးတွေဟာ လူရဲ့အရိပ်အကဲကို အကောင်းဆုံး အကဲဖြတ်နိုင်တဲ့ ဥာဏ်ကြီးရှင်တွေလည်း ဖြစ်ပါသေးတယ်။ ဒါပေမယ့် လူတွေကတော့ သူတို့ချစ်တဲ့ ခွေးကလေးတွေရဲ့ သင်္ကေတ ဘာသာစကားတွေကို နားမလည်နိုင်ကြပါ။ အခုအခါမှာတော့ သုတေသီတွေရဲ့ လေ့လာမှုကြောင့် ချစ်စရာပါပီလေးတွေရဲ့ ဘာသာစကားတွေကို အကောင်းဆုံး ပြန်ဆိုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ခွေးကလေးတွေရဲ့ ခန္ဓာကိုယ်သင်္ကေတ ဘာသာစကားတွေကို နားလည်နိုင်ရင် သူတို့လေးတွေကို နားလည်နိုင်ဖို့ အကောင်းဆုံးအထောက်အကူပြုပါလိမ့်မယ်။ သူတို့ရဲ့ စိတ်နေစိတ်ထားတွေကို သိနိုင်သလို၊ သူတို့တွေဘာလုပ်တော့မယ်ဆိုတာကိုလည်း ကြိုတင်ခန့်မှန်းနိုင်လာပါလိမ့်မယ်။ ခွေးကလေးတွေဟာ စကားပြောနိုင်ကြတာ မဟုတ်လို့ သူတို့ပြောချင်တာကို သရုပ်ဖော်ရာမှာ ခန္ဓာကိုယ်ဘာသာစကားကိုပဲ ဦးစားပေး အသုံးပြုလေ့ရှိကြပါတယ်။ ဒါကြောင့် သူတို့လေးတွေရဲ့ ဘာသာဗေဒကို နားလည်နိုင်ရင် သူတို့လေးတွေကို လေ့ကျင့်ပေးရာ
training မှာပဲဖြစ်ဖြစ် သူတို့လေးတွေရဲ့ ယေဘုယျအပြုအမူပြဿနာ common behavior problems တွေကို ဖြေရှင်းပေးရာမှာပဲဖြစ်ဖြစ် အများကြီးအထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကဲ...ခွေးကလေးတွေရဲ့ ခန္ဓာကိုယ်ဘာသာစကားတွေကို ဘာသာပြန်ဆိုကြည့်ကြပါစို့...

ယုံကြည်မှုရှိခြင်း
ယုံကြည်မှုရှိတဲ့ ခွေးတစ်ကောင်ဟာ
မတ်မတ်စန့်စန့်ရပ်လေ့ရှိပြီး ခေါင်းကိုလည်း မော့ထားလေ့ရှိပါတယ်။ နားတွေကို စွင့်ကားထားပြီး မျက်လုံးကလည်း တောက်ပနေတတ်ပါတယ်။ ပါးစပ်ကိုလည်း အနည်းငယ်ဟထားတတ်ပြီး သက်တောင့်သက်သာ ရှိတဲ့ပုံပေါ်ပါတယ်။ အမြီးကို ခပ်ကွေးကွေးထားလို့ ညင်ညင်သာသာရမ်းနေတတ်ပြီး တစ်ခါတစ်လေမှာတော့ ခပ်လျော့လျော့လေး တွဲလောင်းချတားတတ်ပါတယ်။ ပတ်ဝန်းကျင်နဲ့အတူ သက်တောင့်သက်သာရှိနေပြီး ရန်လိုတဲ့အမူအယာ၊ ခြိမ်းခြောက်လိုတဲ့ သွင်ပြင်တွေမရှိဘဲ ဖော်ရွေတဲ့ပုံစံပေါ်ပါတယ်။

ပျော်ရွှင်ခြင်း
ပျော်ရွှင်နေတဲ့ ခွေးတစ်ကောင်ဟာ
ယုံကြည်မှုရှိတဲ့ ခွေးတစ်ကောင်နဲ့ ကိုယ်ဟန်လက္ခဏာချင်း တူညီပါတယ်။ ဒါ့အပြင် အမြီးကို ဝှေ့ရမ်းပြီး နန့်လေ့ရှိပြီး ထစ်ခါတရံမှာ ပါးစပ်ကိုဟထားတတ်သလို တအီအီအသံလည်း ပေးလေ့ရှိပါတယ်။ ခွေးဟာ ယုံကြည်မှုရှိတဲ့ အနေအထားထက်ပိုပြီး ခင်မင်ဖော်ရွေတဲ့ အမူအယာရှိပြီး စိုးရိမ်ကြောင့်ကြဖြစ်နေတဲ့ လက္ခဏာမျိုး လုံးဝတွေ့ရမှာ မဟုတ်ပါ။

ကစားလိုခြင်း
ကစားလိုစိတ်ပြင်းထန်နေတဲ့ ခွေးတစ်ကောင်ဟာ
ပျော်ရွှင်ပြီး စိတ်လှုပ်ရှားတက်ကြွနေတဲ့ ကိုယ်ဟန်အမူအယာ ရှိပါတယ်။ နားရွက်တွေကို ထောင်မတ်ထားပြီး၊ မျက်လုံးတွေ အရောင်တလက်လက်ထွက်နေပြီး အမြီးကိုလည်း တနန့်နန့် လုပ်နေတတ်ပါတယ်။ ပျော်ရွှင်မြူးထူးပြီး ခုန်ပေါက်ပြေးလွှားနေလေ့ ရှိပါတယ်။ တစ်ခါတစ်ရံမှာ ရှေ့လက်တွေကို စန့်ထားပြီး ဦးခေါင်းကို ရှေ့ထုတ်လို့ ခန္ဓာကိုယ်နောက်ပိုင်းကို လေထဲမှာမြှောက်ထားရုံသာမက တစ်ခါတစ်ရံမှာ ရမ်းခါနေတတ်ပါသေးတယ်။ ဒီအမူအယာကိုတွေ့ရရင်တော့ ခွေးဟာ ခုန်ပေါက်ဆော့ကစားဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာကို ပြနေပါပြီ။

အရှုံးပေးခြင်း
အရှုံးပေးပြီး နာခံလိုက်နာဖို့ အဆင်သင့်ဖြစ်နေတဲ့ ခွေးတစ်ကောင်ဟာ
ခေါင်းကိုအောက်စိုက်၊ နားရွက်ကို နောက်ပစ်ထားပြီး မျက်လုံးတွေက အဝေးကိုကြည့်နေပါလိမ့်မယ်။ အမြီးကိုနှိမ့်ထားပြီး အနည်းငယ်ဝှေ့ရမ်းနေတတ်ပေမယ့် ကွေးထားခြင်းမရှိပါ။ ပက်လက်လှန်ပြီး ဗိုက်သားတွေကို ဖော်ပြနေတတ်ပါတယ်။ အမိန့်နာခံလိုက်နာတော့မယ့် ခွေးတစ်ကောင်ဟာ တခြားခွေး(သို့) လူကို တရှုံ့ရှုံ့နမ်းလို့ပဲဖြစ်ဖြစ် လျှာနဲ့လျက်လို့ပဲဖြစ်ဖြစ် သူဟာနာခံလိုက်နာဖို့ အသင့်ရှိကြောင်း ပြသလေ့ရှိပါတယ်။ တစ်ခါတစ်ရံမှာ မြေကြီးကို တရှုံ့ရှုံ့နမ်းပြီး သူဟာ ပြဿနာလုပ်ဖို့ ရည်ရွယ်ချက်မရှိကြောင်းပြသလေ့ရှိပါသေးတယ်။ နာခံလိုက်နာဖို့ အသင့်ဖြစ်နေတဲ့ ခွေးတစ်ကောင်ဟာ သိမ်မွေ့တဲ့ အမူအယာရှိပြီး ရန်လိုခြိမ်းခြောက်တဲ့ အမူအယာ လုံးဝမရှိပါ။

စိုးရိမ်ပူပန်ခြင်း
စိုးရိမ်ပူပန်နေတဲ့ ခွေးတစ်ကောင်ရဲ့ ကိုယ်ဟန်အမူအယာဟာ
အမိန့်နာခံဖို့အသင့်ဖြစ်နေတဲ့ ခွေးတစ်ကောင်နဲ့ တူပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ နားရွက်တွေကို နောက်ပစ်ထားတတ်ပြီး လည်ပင်းကိုလည်း ဆန့်ထုတ်ထားလေ့ရှိပါတယ်။ ခန္ဓာကိုယ်တောင့်တင်း မသက်မသာဖြစ်နေလေ့ရှိပြီး တစ်ခါတစ်ရံမှာ အနည်းငယ်တုန်တုန်ယင်ယင် ဖြစ်နေတတ်ပါတယ်။ စိုးရိမ်ပူပန်နေတဲ့ ခွေးတစ်ကောင်ဟာ မကြာခဏဆိုသလို တအီအီအသံပေးတာ၊ ညည်းတွားတာ၊ သန်းဝေတာတွေ လုပ်လေ့ရှိပြီး နှုတ်ခမ်းကိုလည်း လျှာနဲ့လျက်လေ့ရှိပါတယ်။ အမြီးကို နှိမ့်ထားလေ့ရှိပြီး ခြေထောက်တွေကြားမှာညှပ်ပြီး ၀ှက်ထားတတ်ပါသေးတယ်။ မျက်လုံးက မျက်ဖြူသားတွေပါ တစ်ခါတစ်ရံပေါ်နေတတ်ပြီး အဲဒီအခြေအနေကို ဝေလငါးမျက်လုံး
whale eye လို့ ခေါ်လေ့ရှိပါတယ်။ စိုးရိမ်နေတဲ့ ခွေးတစ်ကောင်ဟာ လှုံ့ဆော်မှုတစ်ခုကို လွန်လွန်ကဲကဲ တုံ့ပြန်လေ့ရှိပြီး ပိုပြီးတော့ အကြောက်လွန်သွားတတ်သလို ပိုပြီးတော့လည်း ရန်လိုတဲ့ပုံ ဖြစ်လာနိုင်ပါတယ်။ အဲဒီအနေအထားမျိုးမှာ ခွေးကို ဂရုစိုက်ပြီး သူအာရုံစိုက်ပြီး စိုးရိမ်ပူပန်နေတဲ့ အရာကနေ ပိုပြီးသာယာတဲ့အရာတစ်ခု စိတ်သက်သာရာရမယ့် အရာတစ်ခုက်ု အာရုံလွှဲပြောင်းပေးဖို့ လိုပါတယ်။ ဒါပေမယ့် ခွေးကို ပိုထိတ်လန့်အောင် မလုပ်မိဖို့နဲ့ စိတ်သက်သာရာရအောင် ဖြေလျှော့ပေးဖို့ ဦးစားပေး ကြိုးစားသင့်ပါတယ်။

ကြောက်လန့်ခြင်း
ကြောက်နေတဲ့ ခွေးတစ်ကောင်မှာ
အရှုံးပေးခြင်းနဲ့ စိုးရိမ်ပူပန်ခြင်း လက္ခဏာ နှစ်ရပ်လုံး တွေ့ရလေ့ရှိတဲ့အပြင် ပိုပြီးပြင်းထန်ထင်ရှားတဲ့ သွင်ပြင်တွေလည်း တွေ့ရလေ့ ရှိပါတယ်။ ခွေးဟာ မြေကြီးနဲ့ကပ်လို့ တောင့်တောင့်ကြီးရပ်နေတတ်ပါတယ်။ နားရွက်တွေကို နောက်မှာပြားကပ်ထားပြီး မျက်လုံးတွေမှေးထားတတ်ပါသေးတယ်။ အမြီးကို ခြေထောက်နှစ်ချောင်းကြားမှာ ချထားပြီး စည်းချက်ညီညီ တုန်လှုပ်နေတတ်ပါတယ်။ ကြောက်လန့််နေတဲ့ ခွေးတစ်ကောင်ဟာ ရံဖန်ရံခါဆိုသလို တအီအီညည်းလေ့ရှိသလို ဟိန်းလေ့ဟောင်လေ့ရှိယုံသာမက ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ သွားတွေကိုလည်း ဖြဲပြတတ်ပါသေးတယ်။ ခွေးဟာ ကြောက်လွန်းမကကြောက်ရင် ဆီးသွားရုံသာမက ၀မ်းတွေလည်း သွားတတ်ပါသေးတယ်။ ကြောက်ရွံ့နေတဲ့ ခွေးတစ်ကောင်ဟာ သူ့ကို ရန်ပြုတော့မယ်လို့ထင်လာရင် ပြန်ပြီးရန်ပြုဖို့ အဆင်သင့်ပြင်ထားတတ်ပါတယ်။ စိုးရိမ်ကြောက်လန့်နေတဲ့ ခွေးတစ်ကောင်ကို ခြောက်လှန့်မယ့်အစား အဝေးကို တိတ်တိတ်ဆိတ်ဆိတ် ရှောင်ထွက်သွားလိုက်တာဟာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ကိုယ်က ခွေးပိုင်ရှင်ဖြစ်မယ်ဆိုရင် ယုံကြည်မှုရှိပြီး ရဲဝံ့ဖို့လည်း လိုပါတယ်။ ဒါပေမယ့် ခွေးကို သက်တောင့်သက်သာဖြစ်အောင် ကြိုးစားမပေးသင့်သလို အပြစ်ပေးတာမျိုးလည်း မလုပ်သင့်ပါ။ ခွေးကို ခြိမ်းခြောက်မှုကင်းတဲ့၊ သူကြောက်နေတဲ့ အရာနဲ့ဝေးပြီး သူနဲ့အကျွမ်းတ၀င်ရှိပြီးသားနေရာကို ရွှေ့ပြောင်းပေးတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။

လွှမ်းမိုးလိုခြင်း
အင်အားကြီးမားပြီး လွှမ်းမိုးလိုတဲ့ ခွေးတစ်ကောင်ဟာ
သူဟာအခြားခွေးပဲဖြစ်ဖြစ် လူအပေါ်မှာဖြစ်ဖြစ် လွှမ်းမိုးခြိမ်းခြောက်နိုင်တယ်ဆိုတာကို သေချာအောင်လုပ်လေ့ရှိပါတယ်။ ခွေးဟာ ယုံကြည်မှုရှိရှိနဲ့ မြင့်မြင့်မားမားရပ်လေ့ရှိပြီး တစ်ခါတစ်ရံမှာ ရှေ့ကိုခပ်ကိုင်းကိုင်းထားပြီး ရပ်လေ့ရှိပါတယ်။ ခွေးရဲ့မျက်လုံးတွေဟာ ပြူးကျယ်နေပြီး အခြားခွေးကိုပဲဖြစ်ဖြစ် လူကိုပဲဖြစ်ဖြစ် မျက်လုံးချင်းဆုံပြီး ခပ်ရဲရဲ ကြည့်လေ့ရှိပါတယ်။ နားတွေကိုစွင့်ထားတတ်ပြီး အမြဲအသင့်အနေအထားမှာ ရှိနေသလို ကျောပေါ်က အမွေးတွေလည်း ထောင်ထားလေ့ရှိပါတယ်။ အသံတိုးတိုးနဲ့ ဟိန်းဟောင်ညည်းတွားလေ့ ရှိပါတယ်။ ခွေးရဲ့အမူအယာဟာ ရင်းနှီးဖော်ရွေမှု နည်းပါးပြီး ရန်လိုခြိမ်းခြောက်တဲ့ပုံ ပေါ်နေလေ့ရှိပါတယ်။ အဲဒီအမူအယာမျိုးကို အရှုံးပေးထားတဲ့ ခွေးတစ်ကောင်အပေါ်မှာ ပြရင်တော့ ပြဿနာသိပ်မရှိပါ။ လွှမ်းမိုးဖို့ ကြိုးစားတဲ့ အခြားခွေးတစ်ကောင်အပေါ်မှာ ပြမိရင်တော့ တိုက်ပွဲတစ်ခုဖြစ်ဖို့ သေချာနေပါတယ်။ လူတွေအပေါ်မှာ လွှမ်းမိုးဖို့ကြိုးစားတဲ့ ခွေးတစ်ကောင်ကတော့ အန္တရာယ်ရှိနိုင်တာ သေချာပါတယ်။ အဲဒီလို ခွေးမျိုးနဲ့ မျက်လုံးချင်းဆိုင်ကြည့်မယ့်အစား အဝေးကို အသာတကြည် ရှောင်ထွက်သွားတာပဲ ပိုကောင်းပါတယ်။ တကယ်လို့ ကိုယ်မွေးထားတဲ့ခွေးမှာ လူတွေကို အဲဒီလိုလွှမ်းမိုးဖို့ကြိုးစားတတ်တဲ့ အပြုအမူမျိုးရှိနေရင်တော့ အပြုအမူကို စံနစ်တကျ သရုပ်ခွဲလေ့လာဖို့ လိုနေပါပြီ။

ရန်လိုခြင်း
ရန်လိုနေတဲ့ ခွေးတစ်ကောင်ရဲ့ အပြုအမူဟာ
လွှမ်းမိုးဖို့ကြိုးစားတဲ့ ခွေးတစ်ကောင်ရဲ့ အပြုအမူထက်ပိုပါတယ်။ ခွေးဟာ ပိုင်ဆိုင်မှုကို သက်သေပြချင်တဲ့ အနေနဲ့ ခြေချောင်းအားလုံးကို မြေကြီးပေါ်မှာ ခိုင်ခိုင်မြဲမြဲ ခြေကုပ်ယူပြီး ရပ်နေလေ့ရှိပြီး ရှေ့ကိုပြေးထွက်လာဖို့ အဆင်သင့်ရှိနေတတ်ပါတယ်။ နားရွက်တွေကို နောက်မှာစန့်နေအောင် ထောင်ထားပြီး ခေါင်းကိုလည်း ဖြောင့်ဖြောင့်တန်းတန်းဖြစ်အောင် ထားလေ့ရှိပါတယ်။ မျက်လုံးတွေကို မှေးထားပေမယ့် စူးရှတောက်ပနေလေ့ ရှိပါတယ်။ အမြီးကို ဖြောင့်တန်းနေအောင် မြင့်မြင့်မြှောက်ထားပြီး ရှေ့နောက် ဝှေ့ရမ်းနေတတ်ပါသေးတယ်။ သွားဖြဲထားရုံသာမက မေးရိုးတွေကို အသံမြည်အောင်ကြိတ်နေတတ်ပြီး ခြိမ်းခြောက်သံအပြည့်နဲ့ ဟိန်းလေ့ဟောင်လေ့ ရှိပါတယ်။ ကျောပေါ်က အမွေးတွေကိုလည်း ထောင်ထားတတ်ပါတယ်။ အဲဒီလို လက္ခဏာမျိုးရှိနေတဲ့ ခွေးတစ်ကောင်အနားကို ရောက်သွားခဲ့ရင်တော့ အဝေးကို ဂရုတစိုက်နဲ့ အမြန်ဆုံးထွက်ခွာသွားတာ အကောင်းဆုံးဖြစ်ပါတယ်။ ကိုယ့်ရဲ့ခွေးမှာ ရန်လိုတဲ့လက္ခဏာတွေ တွေ့နေရရင်တော့ ကျွမ်းကျင်တဲ့ ခွေးလေ့ကျင့်ရေးဆရာနဲ့ တွေ့ဆုံပေးပြီး ကောင်းတဲ့အပြုအမူတွေကို သင်ကြားပေးဖို့ စီစဉ်ပေးရပါလိမ့်မယ်။ အရေးကြီးတာက ရန်လိုနေတဲ့ ခွေးတစ်ကောင်ကို အိမ်မွေးအဖြစ် မမွေးမိဖို့ပါပဲ။

ခွေးကလေးတွေဟာ
လူသားတွေအတွက် အကောင်းဆုံးအဖော်မွန်ပါ။ သူတို့ဟာ သခင်တွေအပေါ်မှာ ဘယ်တော့မှသစ္စာမဖောက်ကြပါ။
ရိုးသားဖြူစင်မှု အရှိဆုံး သတ္တ၀ါကောင်းလေးတွေဖြစ်တာမို့ ကိုယ်ကတော့ စိတ်ပျက်စရာကောင်းလှတဲ့ တချို့သောလူတွေအစား ခွေးကလေးတွေနဲ့ပဲ ပျော်ပျော်ရွှင်ရွှင် စကားပြောနေချင်ပါသေးရဲ့. . .


Confident

The confident dog stands straight and tall with her head held high, ears perked up, and eyes bright. Her mouth may be slightly open but is relaxed. Her tail may sway gently, curl loosely or hang in a relaxed position. She is friendly, non-threatening and at ease with her surroundings.

Happy

A happy dog will show the same signs as a confident dog. In addition, she will usually wag her tail and sometimes hold her mouth open more or even pant mildly. She appears even more friendly and content than the confident dog, with no signs of anxiety.

Playful

A playful dog is happy and excited. Her ears are up, eyes are bright, and tail wags rapidly. She may jump and run around with glee. Often, a playful dog will exhibit the play bow: front legs stretched forward, head straight ahead, rear end up in the air and possibly wiggling. This is most certainly an invitation to play!

Submissive

A submissive dog holds her head down, ears down flat and averts her eyes. Her tail is low and may sway slightly, but is not tucked. She may roll on her back and expose her belly. A submissive dog may also also nuzzle or lick the other dog or person to further display passive intent. Sometimes, she will sniff the ground or otherwise divert her attention to show that she does not want to cause any trouble. A submissive dog is meek, gentle and non-threatening.

Anxious

The anxious dog may act somewhat submissive, but often holds her ears partially back and her neck stretched out. She stands in a very tense posture and sometimes shudders. Often, an anxious dog whimpers, moans, yawns and/or licks her lips. Her tail is low and may be tucked. She may show the whites of her eyes, something called whale eye An anxious dog may overreact to stimulus and can become fearful or even aggressive. If you are familiar with the dog, you may try to divert her attention to something more pleasant. However, be cautious - do not provoke her or try to soothe her.

Fearful

The fearful dog combines submissive and anxious attitudes with more extreme signals. She stands tense, but is very low to the ground. Her ears are flat back and her eyes are narrowed and averted. Her tail is between her legs and she typically trembles. A fearful dog often whines or growls and might even bear her teeth in defense. She may also urinate or defecate. A fearful dog can turn aggressive quickly if she senses a threat. Do not try to reassure the anxious dog, but remove yourself from the situation calmly. If you are the owner, be confident and strong, but do not comfort or punish your dog. Try to move her to a less threatening, more familiar location.

Dominant

A dominant dog will try to assert herself over other dogs and sometimes people. She stands tall and confident and may lean a bit forward. Her eyes are wide and she makes direct eye contact with the other dog or person. Her ears are up and alert, and the hair on her back may stand on edge. She may growl lowly. Her demeanor appears less friendly and possibly threatening. If the behavior is directed at dog that submits, there is little concern. If the other dog also tries to be dominant, a fight may break out. A dog that directs dominant behavior towards people can pose a serious threat. Do not make eye contact and slowly try to leave. If your dog exhibits this behavior towards people, behavior modification is necessary.

Aggressive

An aggressive dog goes far beyond dominant. All feet are firmly planted on the ground in a territorial manner, and she may lunge forward. Her ears are pinned back, head is straight ahead, and eyes are narrowed but piercing. Her tail is straight, held up high, and may even be wagging. She bears her teeth, snaps her jaw and growls or barks threateningly. The hairs along her back stand on edge. If you are near a dog showing these signs it is very important to get away carefully. Do not run. Do not make eye contact with the dog. Do not show fear. Slowly back away to safety. If your own dog becomes aggressive, seek the assistance of a professional dog trainer to learn the proper way to correct the behavior. Dogs with aggressive behavior should never be used for breeding.



ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger