တစ်ရက်တစ်ရက်လည်း အလုပ်တွေများလွန်းတာကြောင့် စာမရေးဖြစ်တာ ရက်ပေါင်းတော်တော်ကြာသွားပါပြီ။ ကိုယ့် blog လေးက မဖြစ်ညစ်ကျယ်လေးဆိုတော့ တစ်ရက်တစ်ရက် လာလည်တဲ့လူ သိပ်မရှိလို့သာ တော်ပါတော့တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်အတွက် ရင်ဖွင့်စရာ အကောင်းဆုံးနဲ့ တစ်ခုတည်းသောနေရာဖြစ်တဲ့ ဒီ blogလေးကိုတော့ ခင်တွယ်တာ အမှန်ပါ။ အရွယ်ကလည်း လူလတ်ပိုင်းထဲဝင်လာပြီမို့ ခပ်ငယ်ငယ်ကလို သူများတကာကို သွားပြီးရင်ဖွင့်နေလို့လည်း ကောင်းတော့တာမှ မဟုတ်ပဲကိုး။ ပြီးတော့ ကလေးတွေလို လူတကာနဲ့ စကားထိုင်ပြောနေလို့လည်း မကောင်းတော့တဲ့ ဘ၀မျိုးမှာ ကျင်လည်နေရတာဆိုတော့ ပိုဆိုးတာပေါ့လေ။ ဒီတော့လည်း လွတ်လွတ်လပ်လပ် ရင်ဖွင့်လို့ရတဲ့ နေရာလေးကိုပဲ ခင်တွယ်ရတော့တာဆန်းတော့လည်း မဆန်းပါ။အလုပ်တွေမတရားများလွန်းလို့ စာမရေးဖြစ်တာကြာနေပေမယ့် စိတ်ထဲကတော့ အမြင်မတော်တာတွေတွေ့တိုင်း စာတစ်ပုဒ်တော့ ရေးဖြစ်နေကျပါ။ အခုတော့ အားရင်အားသလို စာရေးဖြစ်အောင်ကိုယ့်ကိုယ်ကို သတိပေးနေရပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီblog လေးက တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့နေ့စဉ်မှတ်တမ်း ဖြစ်မှန်းမသိဖြစ်လာနေပြီကိုး။
ဒါကြောင့်အရင်က စာမရေးဖြစ်ခဲ့တာတွေကို တောင်းပန်ရင်း နောက်ကို စာမကြာမကြာရေးဖြစ်ပါတော့မယ်ဆိုတဲ့အကြောင်း ပြောပါရစေ...
ဒါကြောင့်အရင်က စာမရေးဖြစ်ခဲ့တာတွေကို တောင်းပန်ရင်း နောက်ကို စာမကြာမကြာရေးဖြစ်ပါတော့မယ်ဆိုတဲ့အကြောင်း ပြောပါရစေ...
3 comments:
အပျိုးနဲ့တင်ပြီးသွားတယ် မရေးရသေးဘူး။
စာရေးပါ။
ဆရာတစ်ယောက်ဖြစ်နေတဲ့အတွက် ကိုယ်တိုင်စာရေးပါး)
အေးဗျာ...အပျိုးပြီးရင်တော့ တကယ်ရေးဖြစ်တော့မှာပါ...ရေးစရာတွေလည်း များလာနေပြီကိုး...
Post a Comment