Wednesday, 29 September 2010

မကျန်းမာခြင်း . . .

ဒီရက်ပတ်တွေမှာ ကျန်းမာရေးပြန်ကောင်းလာတာကြောင့် နေရထိုင်ရတာ လန်းလန်းဆန်းဆန်း ရှိလာတယ်။ ကြားနေကျအသံတွေတောင် နားဝင်ပီယံရှိနေသလိုလို။ မြင်နေကျမျက်နှာတွေတောင် ပိုချစ်စရာကောင်းနေသလိုလို။ စားနေကျထမင်းတောင် ပိုအရသာရှိနေသလိုလို ခံစားရပါတယ်။

ကျန်းမာရေးရဲ့ အရေးပါပုံကို ကိုယ့်လူနာတွေကို မကြာမကြာပြောပြဖြစ်ပေမယ့် ဘယ်လောက်အရေးပါတယ်ဆိုတာကိုတော့ ကိုယ်တိုင်မကျန်းမာမှဘဲ သိရပါတော့တယ်။
ကျန်းမာရေးနဲ့ လွတ်လပ်ရေးဆိုတာ လေလိုပါပဲ။ ရနေတုန်းက တန်ဖိုးထားရကောင်းမှန်းမသိဘဲ ဆုံးရှုံးသွားမှဘဲ တန်ဖိုးရှိမှန်းပိုသိရတာပါ။ လေကိုနေ့စဉ်ရှူနေရပေမယ့် ဘယ်လောက်အရေးပါတယ်ဆိုတာ လူတိုင်းမသိကြပါ။ နှာစေးတဲ့အခါ၊ နှာခေါင်းပိတ်နေတဲ့အခါ၊ အဆုပ်ကျန်းမာရေးမကောင်းလို့ အသက်ကောင်းကောင်းမရှူနိုင်တဲ့ အခါမျိုးရောက်မှ လေဟာဘယ်လောက်ထိ အရေးကြီးမှန်းသိလာရပါတယ်။ ကျန်းမာရေးလည်း ဒီလိုပါပဲ၊ ကျန်းမာနေလို့ သွားနိုင်လာနိုင်နေတုန်းကတော့ ကျန်းမာရေးရဲ့အရသာကို ကိုယ်ကောင်းကောင်းမသိခဲ့ရိုးအမှန်ပါ။ မကျန်းမမာလည်းဖြစ်လာရော အရင်ကျန်းမာချိန်က ဘ၀ရဲ့အရသာတွေကို လွမ်းလိုက်တာ မပြောပါနဲ့တော့။

မကျန်းမာနေတဲ့အချိန်မှာ
ဘာလုပ်လုပ်၊ ဘာစားစား အရသာမရှိတဲ့အပြင် ဘ၀ကြီးမှာရှင်သန်နေရတာ၊ အလုပ်လုပ်နေရတာပါ အနှစ်သာရမဲ့နေသလိုပါ။ တစ်ခါတစ်လေမှာ အလုပ်လုပ်နေရင်းနဲ့ ဘယ်လောက်လုပ်လုပ် တစ်နေ့သေမှာပဲလေဆိုတဲ့ အတွေးဆိုးကြီးဝင်လာရင် အလုပ်ကိုစွမ်းတမန်လုပ်ချင်စိတ်တောင် ကုန်သလို၊ ခမ်းသလို ဖြစ်သွားပါလေရော။ ပညာရှင်တစ်ယောက်အနေနဲ့ ဘယ်လိုအနေအထားမျိုးမှာပဲဖြစ်ဖြစ် တိုင်းပြည်နဲ့လူမျိုးအပေါ် တာဝန်ကျေရမယ်ဆိုတဲ့ အတွေးကို မ၀င်ဝင်အောင်ရိုက်ထည့်ပြီး ပြန်ပြန်မောင်းနှင်ရတာလဲ အခါခါပါ။

မကျန်းမာတဲ့ အတောအတွင်းမှာ
စာတွေရေးနေဖြစ်တယ်။ အချိန်ရရင် ရသလိုကိုယ့်ပညာတွေ၊ ဗဟုသုတတွေကို ဖြန့်ဝေပေးဖို့ ကြိုးစားဖြစ်ပါတယ်။ ကိုယ်သေသွားခဲ့ရင် ကိုယ်လေ့လာထားသမျှ ကိုယ့်နောက်ကို အလဟဿအပါမခံနိုင်ပါ။ အများအတွက်မဟုတ်နိုင်ရင်တောင် အနည်းစုအတွက်လောက်ကတော့ အကျိုးရှိအောင်လုပ်သွားချင်ပါတယ်။ အဲဒီအတွေးဝင်လာတာ၊ ကိုယ့်တာဝန်ကို ပိုသိလာတာတွေကတော့ မကျန်းမာခြင်းရဲ့ အမြတ်တွေပဲ ဖြစ်မယ်ထင်ပါရဲ့။

နှလုံးအခြေအနေကို ECG ဆွဲကြည့်ဖို့ စိတ်ကူးရှိပေမယ့် လောလောဆယ်တော့ မအားသေးပါ။ ဒါ့အပြင် ရင်ဘတ်လည်း အရင်လိုမအောင့်တော့သလို နှလုံးခုန်တာလဲ ပုံမှန်ပြန်ဖြစ်သွားတာကြောင့် ကောင်းသွားပြီလို့ ခပ်ဖော့ဖော့လေးတွေးထားပါတယ်။ အရာရာကို အကောင်းမြင်စိတ်၊ ချစ်တဲ့စိတ်နဲ့ကြည့်နိုင်အောင် ကြိုးစားနေတာလည်း တော်တော်လေးတော့ ခရီးပေါက်နေပါပြီ။

မကျန်းမာရာကနေ ရလာတဲ့ စိတ်ဓာတ်ခွန်အားတွေ၊ အတွေးအမြင်တွေကို ခိုင်မာအောင်တည်ဆောက်ပြီး စာတွေဆက်ရေးပါ့မယ်။ ဖတ်တဲ့သူနည်းနေသေးတဲ့ ဘလော့လေးသာသာဖြစ်ပေမယ့် ဖတ်သူတစ်ယောက်စီအတွက် အကျိုးရှိနိုင်သမျှရှိအောင် ကြိုးစားပေးမယ်လို့ ဆုံးဖြတ်ချက်ချထားပါတယ်။

အားလုံး ကျန်းမာရွှင်လန်းနိုင်ကြပါစေ...

Tuesday, 28 September 2010

ပန်းထိမ်ရောက် ၀ရဇိန် . . .

“ ဘုရားကို နှစ်ရစ်လိမ် ”

နန်းမေရုပြာသာဒ်၊ လမ်းဖြတ်တဲ့ဣန္ဒာ
ကမ်းသတ်လို့ နှိမ်ရှာတယ်၊ အလိမ္မာလွန်သား
ထောက်လှမ်းချက် သုဓမ္မာဝယ်၊ ခုအခါ လစ်ကြသလား
ဘုရားက သိကြားကိုမှာတယ်၊ ဌကထာရှိသား
သာသနာငါထားခဲ့၊ မမှားအောင်စေ့ဆော်
မကောင်းသူ့ ကောင်းသူတို့ကို၊ ကြောင်းယူလို့ ဆန်းစစ်ကာမျှော်
ဝိမာလနန်းသစ်ပေါ်၊ သန်းရှစ်ဖော် ရွေများနှင့်
ဘုရားကို နှစ်ရစ်လိမ်၊ ညစ်တဲ့မာဃိန်
ပစ်ရှာမယ့် ၀ရဇိန်ငယ်၊ ပန်းထိမ်မှာ ပြင်တုန်းထင့်လေး ။ ။

ဦးပုည


စကားပြေ
နန်းပြသာဒ်ကြီးတွင်နေသော သိကြားမင်းသည်
ဒေါသတရားတို့ကိုဖယ်ခွာ၍ အလိမ္မာလွန်နေသည်ထင်ပါသည်။ သုဓမ္မာနတ်သဘင် အစည်းအဝေးတွင်လည်း လူ့ပြည်ကို ထောက်လှမ်းစစ်ဆေးမှုများ ယခုအခါတွင် မပြုလုပ်တော့ဟု ထင်ရပါသည်။ အဌကဌာကျမ်းများတွင်မူ ဘုရားရှင်က သိကြားမင်းကို သာသနာကို စောင့်ရှောက်ပြီး မကောင်းသူ၊ ကောင်းသူများကို လေ့လာစစ်ဆေးနေရန် မှာကြားခဲ့သည်ဟု ရေးသားထားပါသည်။ သို့သော် သိကြားမင်းသည် ၀ိမာလ နတ်ဘုံနတ်နန်းသစ်ကြီးပေါ်တွင် ရှစ်သန်းခန့်ရှိသော ရံရွေဖော်များနှင့် ပျော်ပါးနေပြီး ဘုရားကိုပေးခဲ့သည့် ကတိများကိုမေ့ကာ ဘုရားကိုနှစ်ခါလိမ်နေသည် ဖြစ်ပါလိမ့်မည်။ စိတ်ထားညစ်သော သိကြားမင်းသည် မကောင်းသူများကို ပစ်မည့်ဝရဇိန်လက်နက်ကို ပန်းထိမ်တွင် ပြင်နေဆဲဖြစ်သောကြောင့် မပစ်နိုင်ခြင်းဖြစ်ပါလိမ့်မည် ။ ။

သိကြားမင်းကို မကြာမကြာရန်လှမ်းတွေ့တတ်သူတွေထဲမှာ
ဦးပုညကြီးက အဆိုးဆုံးဖြစ်ပါလိမ့်မယ်။ လူ့လောကပတ်ဝန်းကျင်မှာ သူ့စိတ်နဲ့ အခန့်မသင့်တာတွေတွေ့တိုင်း မိုးပေါ်က သိကြားမင်းကို လှမ်းလှမ်းပြီး မိုးကြိုးနဲ့ မပစ်ဘူးလား၊ မျက်စိမှုန်နေသလားလို့ ခနဲ့တတ်ပါသေးတယ်။ ကိုယ်လည်း တစ်ခါတစ်ခါတော့ ဦးပုညကြီးလို ခနဲ့ချင်သား။ ဒါပေမယ့် သိကြားမင်းက လူဆိုး၊ လူမိုက်တွေကိုတော့ မပစ်ဘဲ သူ့ကိုဝေဖန်၊ အပစ်တင်တဲ့ ကိုယ့်ကိုမှ ပစ်ထည့်လိုက်ရင် လှလှကြီးခံရမှာမို့ ဘေးကနေပဲ ဦးပုညကို လက်ခုပ်တီးပေးရင်း ယောနိသောပါပဲ ။ ။

မြွေဆိပ်ကရတဲ့ Botox . . .

မြွေဆိပ်ဆိုတာ . . .
ကြားဖူးသလောက်ကတော့ လူကိုကောင်းကျိုးပြုတယ်ဆိုတာ တစ်ခါမှမကြားဖူးပါ။ အခုတော့ ပညာရှင်တွေကျေးဇူးကြောင့် မလှချင်တို့အတွက် မြွေဆိပ်ကနေ ဆေးတစ်မျိုးထုတ်ယူပေးလိုက်နိုင်ပါပြီ။

မြွေဆိပ်နဲ့ဖော်စပ်ထားတဲ့ အရေတွန့်ပျောက်ဆေးပါ . . .

Woman undergoing botox treatment: Snake venom: the budget alternative to Botox?
The £6 tubes of Lacura Wrinkle Stop containa synthetic form of the poison produced by Asian temple viper snakes


အသစ်ဖော်စပ်ထားတဲ့ အသားအရေတွန့်ပျောက်စေတဲ့ လိမ်းဆေးမှာ အဆိပ်ပြင်းလှတဲ့ အာရှမြွေပွေးတစ်မျိုးရဲ့အဆိပ်ကရတဲ့ ဒြပ်ပေါင်းတစ်မျိုးနဲ့ ဖော်စပ်ထားပါတယ်။ တစ်ပုလင်းကိုမှ ခြောက်ပေါင်သာပေးရတဲ့ Lacura Wrinkle Stop ထဲမှာ Syn-Ake ခေါ်တဲ့ ဒြပ်ပေါင်းပါဝင်ပါတယ်။ အဲဒီဒြပ်ပေါင်းကို အာရုံကြောတွေ တုံ့ဆိုင်းစေတဲ့ snake's paralysing venom မြွေဆိပ်ကနေ ထုတ်ယူထားတာပါ။ အဲဒီမြွေဆိပ်ဟာ မျက်နှာကြွက်သားတွေကို ကြုံ့စေတဲ့ အာရုံကြောတွေကို ပိတ်ဆို့စေပြီး မျက်နှာကြွက်သားတွေကို ပုံမပျက်တော့ဘဲ တစ်ပြေးညီရှိစေမယ်လို့ အာမခံထားပါတယ်။

http://www.goedgevoel.be/static/FOTO/pe/17/13/11/media_l_897596.jpg
အဲဒီဆေးပုလင်းပါပဲ . . .

http://lib.store.yahoo.net/lib/basegear/img160.gif
ဒီမြွေရဲ့ အဆိပ်ကနေ ထုတ်ထားတယ် . . .

သုတေသနပြုချက်တွေအရ အဲဒီဆေးရည်ကို တစ်နေ့ကို နှစ်ကြိမ်နှုန်းနဲ့ လေးပတ်ကြာအောင်လိမ်းသွားရင် မျက်နှာအရေတွန့်ခြင်းကို ၅၂ရာခိုင်နှုန်း လျော့နည်းစေတယ်လို့ တွေ့ရှိရပါတယ်။

http://www.hey-dollface.com/images/Snake-venom-botox.jpg
ဒီလိုထိုးဆေးမျိုးလဲ လာပါသေးတယ် . . .

တစ်ပုလင်းကို ပေါင်၆၀ပေးရတဲ့
Syn-Ake ပါ အခြားဆေးတစ်မျိုးကတော့ ဟောလိဝုဒ်မှာပါ နံမည်ကြီးနေပြီး Gwyneth Paltrow နဲ့ Hilary Swank အစရှိတဲ့ မင်းသမီးတွေ သုံးကြပါတယ်။

အသားအရေ စိုပြည်တင်းရင်းစေတဲ့ နောက်ဆေးသစ်တစ်မျိုးကိုတော့
Aldi stores တွေမှာ ဧပြီ ၂၀ ရက်နေ့ကနေစပြီး ဆိုင်တင်ရောင်းချမှာဖြစ်ပါတယ်။ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ဒီဆေးရည်ဟာ ငွေကြေးအမြောက်အများသုံးစွဲပြီး ၀ယ်ယူရတဲ့ တန်ဖိုးကြီးဆေးဝါးတွေ၊ နာကျင်တဲ့ခွဲစိတ်မှုတွေ လုပ်စရာမလိုဘဲ အသားအရေတွန့်ခြင်းကို လျော့ကျစေနိုင်တဲ့ ပြီးပြည့်စုံတဲ့ ဆေးရည်ဖြစ်ပါတယ်လို့ ညွန်းထားပါတယ်။

ခင်လှချင်တို့ကတော့ မြွေဆိပ်ကနေပဲထုတ်ထုတ်၊ ဒိုင်နိုဆောဥကနေပဲထုတ်ထုတ် လှမယ်ဆိုရင်တော့ လိမ်းမှာသေချာပါတယ်။ ဆေးလိမ်းရင်းနဲ့များ မတော်တဆ ပါးစပ်ထဲဝင်သွားရင်တော့ ဘာတွေဖြစ်မလဲ ပြောမထားတော့ နည်းနည်းတော့ ကြောစိမ့်မိပါသေးရဲ့။ ဘာဆေးပဲဖြစ်ဖြစ် ကိုယ်ကတော့ သဘာဝတရားကို အရှိအရှိအတိုင်း လက်ခံတတ်သူဖြစ်တာကြောင့် မလိမ်းရေးချမလိမ်းပါပဲ။ ။

A new cream claims to smooth wrinkles using a synthetic form of the poison produced by Asian temple viper snakes.

The £6 tubes of Lacura Wrinkle Stop contain a compound called Syn-Ake, which mimics the snake's paralysing venom. It promises to block the nerve signals which cause facial muscles to contract and can lead to lines.

Tests show that twice-daily application of the cream for four weeks may reduce the appearance of wrinkles by 52 per cent.

Other products containing Syn-Ake cost up to £60 per pot, and are popular with Hollywood stars including Gwyneth Paltrow and Hilary Swank.

The new moisturiser will be stocked in Aldi stores from April 20. A spokesman said: "It offers the perfect solution for wrinkle reduction without the need for spending an excessive amount of money on expensive products and painful procedures.”


Monday, 27 September 2010

မင်းဆိုသမျှ . . .

“ ထမင်းမစားချင် ”
လက္ခဏာဟန်မကျချင်တော့၊ အနန္တခက်ထွေ၊
ကံမမှ အသက်ရှည်မယ်၊ ကျမျက်ရည်ယိုဆင်း။

တွေးမိတိုင်း စိတ်နာတယ်၊ မအိပ်တာ လေးညဥ့်အလင်း၊
ကာလကို ထောင်းချင်သည်၊ ကြောင်းအင်နော်မရှင်း၊
ကောင်းချင်သော် နုံဖျင်းလို့၊ ဒုံရင်းသို့လှည့်မယ်၊
မချိလို့ပေါ်တဲ့သွားတောင်၊ ရယ်သလားမေးကြပြန်တယ်။

စကားကြောင့်တရားကွယ်၊ အလားဝယ် ကုန်ခမ်းလို့၊
ဘုံနန်းမြင့်အဆောင်ဆောင်၊ ကင်းရလေအောင်၊
မင်းဆိုသမျှကွင်းရှောင်မယ်၊ ထမင်းတောင်စားချင်ဘုလေး ။ ။

ဦးပုည

စကားစပ်
ကံဇာတာမကောင်းသဖြင့် အခက်ပေါင်းများစွာကြုံနေရပါသည်။ ကံကောင်းထောက်မမှသာ အသက်ရှည်ရပါတော့မည်။ ထို့ကြောင့် မျည်ရည်များကျဆင်းနေမိပါသည်။ အဖြစ်အပျက်တို့ကို တွေးမိတိုင်းစိတ်နာသောကြောင့် လေးညတိတိမအိပ်နိုင်ခဲ့ပါ။ စဉ်းစားမရနိုင်သော အကြောင်းအရာများနှင့် တွေ့ကြုံနေရသောကြောင့် ခေတ်ကာလကိုသာ ဒေါသထွက်မိပါတော့သည်။ မည်မျှပင်ကောင်းအောင်နေသော်လည်း ညံ့ဖျင်းလွန်းသောကြောင့် မကောင်းနိုင်ဘဲ ဒုံရင်းအတိုင်းသာပြန်ဖြစ်နေပါတော့သည်။ ရင်ထဲတွင်မချိသောကြောင့် သွားဖြဲနေရသည်ကိုပင် ပြုံးနေသလားဟု အများကမေးကြပြန်ပါသည်။ လိမ်ညာလှည့်ပတ်ပြောဆိုကြသော စကားများကြောင့် အမှန်တရားများလည်း ကွယ်ပျောက်နေပါပြီ။ အနာဂတ်အတွက် ကောင်းသောအလားအလာများလည်း ကွယ်ပျောက်နေပါပြီ။ ရွှေဘုံရွှေနန်းစသော ထီးနန်းအဆောင်အယောင်များနှင့်လည်း ခပ်ကင်းကင်းသာနေလိုပါတော့သည်။ မင်းဟူသမျှကို ရှောင်ကွင်းလိုသောကြောင့် ထမင်းပင်စားချင်စိတ်မရှိတော့ပါ။ ။

နန်းတော်ထဲမှာ မင်းပါးစိုးခွင်နေရရှာတဲ့ စလေဦးပုညခမျာ မြန်မာ့နန်းတွင်းရဲ့ ရှုပ်ထွေးလှတဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ နေ့စဉ်နဲ့အမျှကြုံနေရပြန်တော့လည်း စိတ်ပျက်ရပါလိမ့်မယ်။
ခုတစ်မျိုး၊ တော်ကြာတစ်မျိုး စိတ်ထင်သလိုလုပ်တတ်တဲ့ ကုန်းဘောင်မင်းတွေကို စိတ်ပျက်ရှာလွန်းတာကြောင့် အထက်ကတေးထပ်နဲ့ ရင်ဖွင့်ခဲ့တာဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်လည်း မင်းနဲ့အဝေးကို မပြေးနိုင်ခဲ့တာကြောင့် ပဒေသရာဇ်စနစ်ရဲ့ဒဏ်နဲ့ပဲ အသက်ဆုံးရရှာပါတယ်။


အထက်ကတေးထပ်ကို comment မှာ request လုပ်ထားခဲ့တဲ့ အတွက်ရှာပေးလိုက်ပါတယ်။ comment တွေကို ပြန်မဖတ်လိုက်မိတာကြောင့် နောက်အတော်ကျမှ တင်ပေးနိုင်တာကိုတော့ နားလည်ခွင့်လွှတ်စေချင်ပါတယ်။


စူ့ထက်စူ . . .

ဆင်ဆိုတာ . . .
ကုန်းသတ္တ၀ါထဲမှာ အင်အားအကြီးဆုံးပါပဲ။ ဒါပေမယ့် ဆင်တွေတောင်ကြောက်ရတဲ့ တကယ့်အင်အားကြီး သတ္တ၀ါတစ်မျိုးကို သုတေသီတွေက မကြာမီက လေ့လာတွေ့ရှိခဲ့ပါတယ်။

Mice are bad enough, according to the myth - but the creature that really fills an elephant with fear is a lot smaller
Any elephant foolish enough to approach an ant-protected tree is liable to find swarms of the angry insects crawling up its trunk


အဲဒီသတ္တ၀ါကတော့ အများသိကြတဲ့ ပုရွက်ဆိတ်ပါပဲ။

အာဖရိက ဆဗားနားဒေသမှာ ပုရွက်ဆိတ်ဟာ ခွန်အားအကြီးဆုံးသတ္တ၀ါ ဖြစ်နေတာကို သုတေသီတွေ တွေ့ရှိခဲ့ခြင်းပါ။ အဲဒီဒေသမှာပုရွက်ဆိတ်တွေဟာ ရှားစောင်းပင် acacia ရဲ့ အစောင့်တွေလို မှီတင်းနေထိုင်ကြတာကြောင့် အဲဒီအပင်တွေကိုစားဖို့ဆိုတာ ဆင်တွေအတွက် မဟာစွန့်စားခန်းကြီးတစ်ရပ် ဖြစ်လို့နေပါတယ်။ အဲဒီလို ပုရွက်ဆိတ်တွေစောင့်ရှောက်ထားတဲ့ အပင်ကို စားရဲလောက်အောင် မိုက်မဲတဲ့ဆင်ခမျာလည်း ဒေါသထွက်နေတဲ့ ပုရွက်ဆိတ်တွေက နှာမောင်းထဲဝင်ပြီး ကိုက်တာခဲတာကို မချိမဆန့် ခံရတော့တာပါပဲ။

ဒီသုတေသနကို ဦးဆောင်ခဲ့တဲ့ ဖလော်ရီဒါတက္ကသိုလ်က Professor Todd Palmer ကတော့ ပုရွက်ဆိတ်တွေက သူတို့နေတဲ့သစ်ပင်ကို အခုလိုစောင့်ရှောက်ပြီး
အရွက်စားသတ္တ၀ါထဲမှာ အကြီးဆုံးဖြစ်တဲ့ ဆင်တွေကို အနိုင်ရလို့ ဂေဟအဖွဲ့အစည်းမှာ အရေးပါနေတဲ့ ဒီဖြစ်ရပ်ကိုကြည့်ရတာ ဒေးဗစ်နဲ့ ဂိုလိယက်ဇာတ်လမ်းလိုပါပဲ လို့မှတ်ချက်ပေးပါတယ်။ ( အဲဒီသမ္မာကျမ်းစာလာ ဇာတ်လမ်းမှာ အကောင်သေးပြီး အင်အားနည်းပါးတဲ့ ဒေးဗစ်ဟာ အကောင်ကြီးပြီး ခွန်အားကြီးမားလှတဲ့ ဂိုလိယက်ကို လောက်လွှဲနဲ့ပစ်ပြီး အနိုင်ယူခဲ့ပါတယ် )

အပင်တစ်ပင်မှာ နေကြတဲ့ စုစုပေါင်းအလေးချိန် ငါးမီလီဂရမ်လောက်ပဲ ရှိတဲ့ ပုရွက်ဆိတ်တွေဟာ သူတို့ထက် အဆသန်းပေါင်းများစွာကြီးတဲ့ သတ္တ၀ါကြီးတွေကိုတောင် ယှဉ်ပြိုင်အံတုပြီး သူတို့နေတဲ့ သစ်ပင်ကို ကာကွယ်နိုင်စွမ်းရှိနေပါတယ်။ ဒီဖြစ်ရပ်ကို စပြီးသတိထားမိစေတာကတော့ ဆင်တွေမကြာမကြာအစားခံရလေ့ရှိတဲ့ ရှားစောင်းပင်မျိုးစိတ်တစ်ခုဖြစ်တဲ့ Acacia drepanolobium ကို သတိထားမိကြလို့ ဖြစ်ပါတယ်။ ပုရွက်ဆိတ်မရှိတဲ့ အဲဒီရှားစောင်းပင်တစ်ချို့ကိုပဲ ဆင်တွေစားတာကိုမြင်ရပြီးတဲ့နောက်မှာတော့ အဲဒီဖြစ်ရပ်ဟာ ထူးဆန်းနေတာကို လေ့လာသူတွေက တွေ့ရှိခဲ့ခြင်းပါ။

ပညာရှင်တွေဟာ အဲဒီရှားစောင်းပင်မျိုးစိတ်တစ်ချို့ကို ပုရွက်ဆိတ်တွေဖယ်ပြီး ဆင်တွေစားမစား စမ်းသပ်ကြည့်ကြပါတယ်။ ဒါ့အပြင် ဆင်တွေကြိုက်တဲ့ အခြားရှားစောင်းပင်မျိုးတစ်မျိုးဖြစ်တဲ့ A. mellifera မှာ ပုရွက်ဆိတ်တွေထားပြီး စမ်းသပ်ပြန်ပါတယ်။ အဲဒီမှာပဲ ဆင်တွေဟာ ပုရွက်ဆိတ်ရှိတဲ့ အပင်ကို လုံးဝမစားကြတော့တာကို တွေ့ရပါတော့တယ်။

Current Biology စာအုပ်မှာ ရေးထားတဲ့အချက်အရ ဆင်တွေရဲ့ အားအနည်းဆုံးနေရာ Achilles' heel ကတော့ သူတို့ရဲ့ နှာမောင်းဖြစ်ပါတယ်။ ဆင်တွေရဲ့ နှာမောင်းအတွင်းပိုင်းဟာ အနုညံ့ဆုံးဖြစ်သလို အာရုံခံနိုင်စွမ်းလည်း အမြင့်ဆုံးဖြစ်ပါတယ်။ နှာမောင်းထဲကို ပုရွက်ဆိတ်တွေဝင်ကိုက်မှာကိုတော့ ဘယ်ဆင်မှကြိုက်မှာ မဟုတ်တာသေချာပါတယ်။ ဒါကြောင့် ပုရွက်ဆိတ်အနံ့ရတာနဲ့တစ်ပြိုင်နက် ဆင်တွေဟာ အဲဒီအပင်ကို ဝေးဝေးကနေ ရှောင်ကြတော့တာပါပဲ။

အထက်က ဆောင်းပါးကိုလည်းဖတ်ပြီးရော
လောကမှာ အင်အားအကြီးဆုံးဆိုတာ ဘာမှမရှိတာကို တွေးမိပါတော့တယ်။ ဘယ်လောက်အင်အားကြီးတဲ့ သတ္တ၀ါဖြစ်ပါစေ အားနည်းချက်တစ်ချက်တော့ ရှိကြစမြဲပါ။ အဲဒီအားနည်းချက်ကို အနိုင်ယူနိုင်ရင်တော့ ပေါက်ဖော်ကြီးတွေပြောသလို

“ စူ့ထက်စူ လူစွမ်းကောင်းတွေချည်းပဲ ” ပေါ့


Ants are getting the better of nature's biggest land beast on the African savannah, scientists have discovered.

The ants act as guardians of acacia trees, which risk being ravaged by hungry elephants.

Any elephant foolish enough to approach an ant-protected tree is liable to find swarms of the angry insects crawling up its trunk.

Experts believe the ant tree-guards play a vital ecosystem role that has previously been overlooked.

Professor Todd Palmer, from the University of Florida, US, who took part in the research, said: ''It really is a David and Goliath story, where these little ants are up against these huge herbivores, protecting trees and having a major impact on the ecosystems in which they live.

''Swarming groups of ants that weigh about five milligrams each can and do protect trees from animals that are about a billion times more massive.''

The researchers stumbled onto the discovery after noticing that one species of acacia tree, Acacia drepanolobium, was seldom bothered by elephants.

''We thought that was really interesting because we often see elephants feeding on other species of trees that do not harbour ants,'' said Prof Palmer.

The scientists carried out tests in which some of the trees were stripped of their ants. They also ''added'' ants to one of the elephants' favourite tree foods, a different Acacia species called A. mellifera.

''When either tree species had ants on them, the elephants avoided those trees like a kid avoids broccoli,'' said Prof Palmer.

Writing in the journal Current Biology, the researchers said the elephant's Achilles' heel was its trunk.

Although externally tough, an elephant's trunk is highly sensitive inside and loaded with nerve endings.

''It seems that elephants simply do not like ants swarming up the insides of their trunks, and I can't say I blame them,'' said Prof Palmer.

Elephants appeared to be alerted to the presence of tree ants by their smell, said the scientists.

This raised the possibility of using ant odours on crops to deter elephants.


ငှက်ကိုစားတဲ့ ပင့်ကူ . . .

အွန်လိုင်းပေါ်တက်ပြီး
တောင်မွှေမြောက်မွှေလုပ်လိုက်ရင် မမြင်ဖူးတာတွေမြင်ရ မကြားဖူးတာတွေကြားရနဲ့ တစ်ခါတစ်ခါ အံ့သြဖို့တောင် မေ့နေမိတတ်ပါတယ်။ အသက်နည်းနည်းရလာမှ အင်တာနက်ဆိုတာကြီးနဲ့ နဖူးတွေ့ဒူးတွေ့ တွေ့ရတာဆိုတော့ မြင်မြင်သမျှ၊ ကြားကြားသမျှကတော့ ထူးဆန်းလို့နေတော့တာပါပဲ။ ခေတ်ကလေးများ တယ်ကံကောင်းပါကလားလို့လဲ မကြာမကြာ တွေးမိပါသေးတယ်။

အခုလဲ ငှက်ကိုစားနေတဲ့ပင့်ကူတဲ့ . . .

Giant spider eating a bird caught on camera

ဓာတ်ပုံထဲမှာ ခြေချောင်းအနက်ရောင်တွေရှိတဲ့ ပင့်ကူကြီးတစ်ကောင်က သူ့အိမ်က ပင့်ကူမျှင်တွေထဲမှာငြိပြီး တွဲလောင်းဖြစ်နေတဲ့ ငှက်သေကလေးတစ်ကောင်ကို ရစ်ပတ်ပြီးစားနေတာကို တွေ့နိုင်ပါတယ်။ အဲဒီပုံကို Queensland's tropical north မှာရှိတဲ့ Atheron မှာ ရိုက်ယူခဲ့တာဖြစ်ပါတယ်။ နည်းပညာအကူအညီနဲ့ ပြုပြင်ထားခြင်းမရှိတဲ့ ပုံအစစ်လို့ပဲ ယူဆရပါတယ်။

Giant spider eating a bird caught on camera

သြစတြီးယန်း တွားသွားသတ္တ၀ါဥယျာဉ်
Australian Reptile Park က ပင့်ကူထိန်းသိမ်းစောင့်ရှောက်သူဖြစ်တဲ့ Joel Shakespeare ကတော့ အထက်ပါပင့်ကူမျိုးဟာ Golden Orb Weaver မျိုးဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီပင့်ကူမျိုးဟာ အများအားဖြင့်တော့ အင်းဆက်အကြီးစားတွေကိုပဲ စားလေ့ရှိတာပါ။ အခုလိုမျိုး ငှက်ကိုစားနေတာကတော့ ထူးခြားလွန်းပါတယ်လို့ ninemsn.com. ကိုပြောခဲ့ပါတယ်။

Queensland ပြတိုက်ကတော့ ပုံထဲကငှက်မျိုးဟာ Chestnut-breasted Mannikin ငှက်မျိုးဖြစ်တယ်လို့ ဆိုပါတယ်။ က အဲဒီငှက်ဟာ ပျံလာရင်းနဲ့ ပင့်ကူအိမ်နဲ့တိုးမိပြီး ငြိသွားတာဖြစ်မယ်လို့ ထင်မြင်ချက်ပေးပါတယ်။ ပင့်ကူဟာ အဲဒီငှက်ကို ကုန်အောင်တော့ စားနိုင်မှာ မဟုတ်ပါ။ ပင့်ကူဟာ ငှက်ကိုချေဖျက်ဖို့ အဆိပ်ကိုသုံးပြီး နောက်ဆုံးမှာတော့ အစားအစာအထုပ်တစ်ခု ဖြစ်သွားပါလိမ့်မယ်။

Queensland Museum က Greg Czechura ကတော့ ဒီပင့်ကူတွေဟာ ငှက်တွေကိုစားတယ်ဆိုတာ လူသိများပြီးသားဖြစ်ပေမယ့် မျက်မြင်တွေ့ရတာတော့ ရှားပါတယ်လို့ ကောက်ချက်ချပါတယ်။ အဲဒီပင့်ကူအိမ်တွေဟာ အင်မတန်မှခိုင်မာတဲ့ ပင့်ကူမျှင်တွေနဲ့ တည်ဆောက်ထားလေ့ရှိပါတယ်။ ဒါပေမယ့် ပင့်ကူဟာ ငှက်ကလေး အားအင်မကုန်ခမ်းခင်တော့ ငှက်ကိုတိုက်ခိုက်နိုင်မှာ မဟုတ်ပါ။

Golden Orb Weaver ပင့်ကူတွေဟာ ပရိုတိန်းအများအပြားပါပြီး ခိုင်မာတဲ့ပင့်ကူအိမ်တွေနဲ့ သားကောင်ကို ထောင်ဖမ်းလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ဟာ အဲဒီအိမ်တွေမှာ တွယ်ငြိနေတဲ့ သားကောင်တွေကိုပဲ အစားအစာအဖြစ် မှီခိုနေရလို့ပါပဲ။ ။

The pictures show the spider with its long black legs wrapped around the body of a dead bird suspended in its web.

The startling images were reportedly taken in Atheron, close to Queensland's tropical north.

Despite their unlikely subject matter, the pictures appear to be real.

Joel Shakespeare, head spider keeper at the Australian Reptile Park, said the spider was a Golden Orb Weaver.

"Normally they prey on large insects… it's unusual to see one eating a bird," he told ninemsn.com.

Mr Shakepeare said he had seen Golden Orb Weaver spiders as big as a human hand but the northern species in tropical areas were known to grow larger.

Queensland Museum identified the bird as a native finch called the Chestnut-breasted Mannikin.

Mr Shakespeare told ninemsn the bird must have flown into the spider web and become stuck.

"It wouldn't eat the whole bird," he said.

"It uses its venom to break down the bird for eating and what it leaves is a food parcel," he said.

Greg Czechura from Queensland Museum said cases of the Golden Orb Weaver eating small birds were "well known but rare".

"It builds a very strong web," he said.

But he said the spider would not have attacked until the bird weakened.

The Golden Orb Weaver spins a strong web high in protein because it depends on it to capture large insects for food.


Sunday, 26 September 2010

မြန်မာ့လူ့ဘောင် ကျင့်ဝတ်တွေ . . .

ဥရောပယဉ်ကျေးမှုမှာတော့ . . .

လူတန်းစားအသီးသီးအတွက် သူ့နေရာနဲ့သူ လိုက်နာရမယ့် ကျင့်ဝတ်တွေ၊ စည်းကမ်းတွေဆိုတာ အစစအရာရာ စနစ်တကျရှိနေပြီးသားပါ။ ကိုယ်တို့မြန်မာ့ယဉ်ကျေးမှုမှာတော့ ကျင့်ဝတ်၊ နီတိနဲ့ ပတ်သက်လာရင် စတုရင်္ဂဗလအမတ်ကြီးရေးထားခဲ့တဲ့ လောကနီတိကလွဲလို့ ကျန်တာလောက်လောက်လားလား မတွေ့ရပါ။ လောကနီတိဆိုတာကလည်း ပါဠိလိုရေးထားတာမို့ သာမန်အရပ်သားတွေနဲ့ အလှမ်းကွာလွန်းနေပါတယ်။
လူ့ကျင့်ဝတ်တွေနဲ့ ပတ်သက်ရင် လူတန်းစားအမျိုးမျိုးအတွက် သက်ဆိုင်ရာကျင့်ဝတ်တွေကို လင်္ကာပုံစံရေးထားတာတော့ တွေ့ရပါတယ်။ အများစုသိပြီးသားဖြစ်နိုင်ပေမယ့် တစ်စုတစ်ဝေးထဲဖြစ်သွားအောင် စုစည်းပေးလိုက်ပါတယ်။


အလေးအမြတ်ပြုရမည့် အရပ်ခြောက်မျက်နှာ
အရှေ့မိဘ
တောင်မှာဆရာ၊ နောက်မှာမယား
မြောက်ကားမိတ်ဆွေ၊ အောက်ခြေကျွန်မှတ်
ထက်ရပ်သံဃာ၊ မှတ်သားပါ
ခြောက်ဖြာတံခါးပေါက် ။ ။

သားသမီးကျင့်ဝတ် ငါးပါး
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ
မွေခံထိုက်စေ၊ လှူမျှဝေ၍
စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်
ကျင့်ဖွယ်သားတို့တာ ။ ။

မိဘကျင့်ဝတ် ငါးပါး
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်
အတ်သင်စေ၊ ပေးဝေနှီးရင်း
ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်
ဖခင်မယ်တို့တာ ။ ။

တပည့်ကျင့်ဝတ် ငါးပါး
ညီညာထကြွ၊ ဆုံးမနာယူ
လာမူကြိုဆီး၊ ထံနီးလုပ်ကြွေး
သင်တွေးအံရွတ်၊ တပည့်ဝတ်
မချွတ်ငါးခုသာ ။ ။

ဆရာကျင့်ဝတ် ငါးပါး
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ
သိပ္ပမချန်၊ ဘေးရန်ဆီးကာ
သင့်ရာအပ်ပို့၊ ဆရာတို့
ကျင့်ဖို့ဝတ်ငါးဖြာ ။ ။

လင်ကျင့်ဝတ် ငါးပါး
မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ
မိစ္ဆာမမှား၊ ၀တ်စားဆင်ယင်
မြတ်နိုးကြင်၊ ငါးအင်လင်ကျင့်ရာ ။ ။

မယားကျင့်ဝတ် ငါးပါး
အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ
မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ
ပျင်းရိမမူ၊ ၀တ်ငါးဆူ
အိမ်သူကျင့်အပ်စွာ ။ ။

မိတ်ဆွေကျင့်ဝတ် ငါးပါး
ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား
စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ
သစ္စာမှန်စေ၊ ၀တ်ငါးထွေ
ကျင့်လေမိတ်သဟာ ။ ။

အလုပ်ရှင်ကျင့်ဝတ် ငါးပါး
ဝစွာကျွေးမွေး၊ ပြုရေးစီရင်
နာလျှင်ကုစေ၊ ငှဝေရသာ
အခါကိုလွှတ်၊ အရှင်ဝတ်
မချွတ်ငါးခုသာ ။ ။

လုပ်သားကျင့်ဝတ် ငါးပါး
အိပ်သော်နောက်ကျ၊ ထသော်ကားရှေ့
ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်
ကျေးဇူးမြွက်၊ ငါးချက်လုပ်သားဝတ် ။ ။

ဒါယကာကျင့်ဝတ် ငါးပါး
မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ခင်
ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား
တတ်အားလှူစေ၊ ၀တ်ငါးထွေ
ပြုလေဒါယကာ ။ ။

ရဟန်းကျင့်ဝတ် ငါးပါး
မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လစ်
အသစ်ဟောကျူး၊ နာဖူးထပ်မံ
နတ်ထံတင်ရာ။ မေတ္တာလည်းပြု
ရဟန်းမှု၊ ခြောက်ခုလွန်သေချာ ။ ။

သက်ဆိုင်ရာကျင့်ဝတ်တွေကို ကြည့်ရင်တကယ်လိုအပ်၊ လိုက်နာသင့်တဲ့ ကျင့်ဝတ်တွေဖြစ်တာကို တွေ့ရပါတယ်။ ကုန်းဘောင်ခေတ်လောက်က ပေါ်ပေါက်ခဲ့တဲ့ကျင့်ဝတ်တွေလို့ ယူဆရပေမယ့် ဒီဘက်ခေတ်အထိ ခေတ်မီနေသေးပါတယ်။ မိမိနယ်ပယ်အသီးသီးမှာ သက်ဆိုင်ရာကျင့်ဝတ်တွေနဲ့အညီ တိုင်းပြည်နဲ့၊ လူမျိုး၊ မိမိပတ်ဝန်းကျင်ကို အထောက်အကူပြုနိုင်ကြပါစေ ။ ။

Saturday, 25 September 2010

နာကျင်မှုတွေ လျော့ကျအောင် . . .

ကိုယ်တို့တွေ လက်ချောင်း၊ ခြေချောင်းတစ်ချောင်းနာရင် ဘာကြောင့် လက်ချောင်း၊ ခြေချောင်းတွေအားလုံးကို ဆုပ်ကိုင်ကြတာလဲ...

သုတေသီတွေက ဒီအချက်ကို ရှာဖွေတွေ့ရှိခဲ့ပါပြီ။
ဘာကြောင့် ဒီလိုဆုပ်ကိုင်ကြသလဲဆိုရင် ခန္ဓာကိုယ်ပြောင်းလဲမှုဟာ ဦးဏှောက်ကိုအကျိုးသက်ရောက်စေတဲ့အတွက်ဖြစ်တယ်လို့ သုတေသီတွေက ယုံကြည်ကြပါတယ်။

University College London က သုတေသီတစ်စုဟာ thermal grill illusion (TGI) နည်းစံနစ်ကို သုံးပြီး လူသားတွေရဲ့ နာကျင်မှုအပေါ် အလိုလိုတုံ့ပြန်ချက်ကို လေ့လာခဲ့ကြပါတယ်။ အဲဒီစမ်းသပ်ချက်မှာ စေတနာ့ဝန်ထမ်း စမ်းသပ်ခံတွေရဲ့ လက်ညှိုးနဲ့လက်သူကြွယ်ကို ရေအေးထဲမှာ နှစ်ထားခိုင်းပြီး လက်ခလယ်ကိုတော့ ရေနွေးထဲမှာ နှစ်ထားခိုင်းပါတယ်။ အဲဒီမှာ လက်ခလယ်ကို မီးလောင်သလိုပူလောင်တဲ့ ထင်ယောင်ထင်မှားခံစားချက်ကို ဖြစ်စေပါတယ်လို့ စမ်းသပ်မှုခေါင်းဆောင်
Professor Patrick Haggardက ဆိုပါတယ်။

စမ်းသပ်ခံတွေရဲ့လက်နှစ်ဖက်စလုံးကို အထက်မှာပြောခဲ့သလို နှစ်ထားခိုင်းပြီးနောက် လက်သုံးချောင်းလုံးကို ရေထဲကရုတ်တရက် နှုတ်ယူပြီး လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ် အချင်းချင်းထိတွေ့စေပါတယ်။
အဲဒီမှာတင်
စောစောကခံစားရတဲ့ လက်ခလယ် နာကျင်မှု၊ ပူလောင်မှုဝေဒနာဟာ
၆၄ရာခိုင်နှုန်းသက်သာသွားတာကို တွေ့ရှိကြရပါတယ်။

လက်တစ်ဖက်ထဲက လက်ချောင်းသုံးချောင်းကိုပဲ ရေအေး၊ ရေနွေးထဲမှာ အထက်ကအတိုင်း နှစ်စေပြီးစမ်းသပ်တဲ့အခါမှာတော့ အနာသက်သာရာရတာကို မတွေ့ရပါ။ လက်နှစ်ဖက်လုံးက လက်ချောင်း တစ်ချောင်း( သို့ ) နှစ်ချောင်းကိုပဲ နှစ်စေပြီးစမ်းသပ်ရာမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ လက်သုံးချောင်းလုံးကနေ အပူနဲ့ထိတွေ့မှုကို ဦးဏှောက်က ရရှိမှသာ နာကျင်မှုသက်သာစေတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ဒီစမ်းသပ်ချက်က နာကျင်မှုဆိုတာ ဦးဏှောက်ဆီကိုရောက်လာတဲ့ နာကျင်မှုဆိုင်ရာသတင်းအချက်အလက်တွေသာမက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ သရုပ်ဖော်မှု၊ အမူအယာနဲ့လည်း သက်ဆိုင်နေတယ် ဆိုတဲ့အယူအဆကို ဖော်ထုတ်ပေးပါတယ်။

Prof Haggardက ခန္ဓာကိုယ်ရဲ့ အာရုံခံနိုင်စွမ်းကို မြှုင့်တင်ပေးနိုင်တဲ့ ကုထုံးစနစ်ဟာ နာကျင်မှုကို သက်သာအောင် ပြုလုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ကိုယ်တို့တွေ ကျောင်းမှာ သင်ခဲ့ရတာကတော့
နာကျင်မှုဖြစ်တဲ့နေရာကို ပွတ်သပ်ပေးရင် အာရုံကြောထုံးတစ်ခုတည်းက ခံစားနေရတဲ့ နာကျင်မှုကို ကျန်တဲ့အာရုံကြောထုံးတွေဆီ မျှဝေပေးသလိုဖြစ်သွားပြီး အနာသက်သာစေပါတယ်တဲ့။ အထက်မှာဖော်ပြခဲ့တဲ စမ်းသပ်မှုနဲ့ သဘောသဘာဝချင်းဆင်ပေမယ့် အယူအဆချင်းကတော့ ကွာခြားနေတာတွေ့ရပါတယ်။


The research could explain why most people make a grab for finger or toe that has been injured.

The effect is due to change in the way the body is represented in the brain, researchers believe.

Scientists from University College London used a technique called thermal grill illusion (TGI) to study self-touch in volunteers who were made to feel pain.

In the experiment, the index and ring fingers were placed in warm water while the middle finger was plunged into cold water.

This generated the illusion that the middle finger was "painfully hot", said study leader Professor Patrick Haggard.

Participants had TGI induced in both hands, and then immediately afterwards touched the three fingers of one hand with the same fingers of the other.

When this was done, the painful heat experienced by the middle fingers dropped by 64%.

The same effect was not seen when only one hand was placed under TGI conditions, or when only one or two fingers were pressed against each other.

Pain relief only occurred when the temperature sense and tactile information from all three fingers was fully integrated, said the scientists, whose research is reported in the journal Current Biology.

"Pain is quite an important, but also complicated, experience and can be caused in many different ways," said Prof Haggard.

"We show that levels of acute pain depend not just on the signals sent to the brain, but also on how the brain integrates these signals into a coherent representation of the body as a whole."

Earlier studies of chronic pain had indicated the importance of body representation in pain experience, he said.

For example, the "phantom" pain often felt after amputation of a limb lessens with time as the brain updates its overview of the body.

The new findings highlight the important role of body representation to acute pain, said Prof Haggard.

"Our work suggests that therapies aimed at strengthening the multisensory representation of the body may be effective in reducing pain," he added.




Friday, 24 September 2010

တိုက်မြင့်မြင့်မှာ နေချင်လား . . .

အထပ်မြင့်မြင့်မှာနေရင် အသက်ပိုတိုတယ် ဆိုပါလား . . .


http://botit.botany.wisc.edu/toms_fungi/images/einstein3.jpg

ဖတ်နေကျ ဆိုဒ်တစ်ခုမှာ ဖတ်လိုက်မိတာ ခေါင်းတောင်ကြီးသွားပါတော့တယ်။ သိပ္ပံနည်းကျ စနစ်တကျ သုတေသနပြုထားတဲ့ အတည်ပြုချက်ဖြစ်ရုံသာမက ရာစုနှစ်ရဲ့အတော်ဆုံးရူပဗေဒပညာရှင် အိုင်းစတိုင်းရဲ့ ရီလေတီဗတီသီအိုရီကို ကျောထောက်နောက်ခံထားတဲ့ သက်သေပြချက်တွေနဲ့ပါဆိုတော့လည်း ယုံဖို့ကောင်းနေပါတော့တယ်။

သူပြောတာက အသက်တိုတယ်လို့တော့ တိုက်ရိုက်မဆိုလိုပါ။ ပိုမြင့်တဲနေရာမှာဆိုရင် အချိန်ဟာပိုပြီးမြန်မြန်ကုန်လွယ်တယ် လို့ပြောထားတာပါ။ ဒါပေမယ့်လည်း အချိန်ကမြန်မြန်သွားတယ်ဆိုမှတော့ဖြင့် အသက်တိုရုံပဲရှိတော့တယ်မဟုတ်လား။

အိုင်းစတိုင်းရဲ့သီအိုရီကပြောထားတာက “ကမ္ဘာနဲ့ဝေးလေ အချိန်ဟာပိုပြီးမြန်မြန်သွားလေ”ပါတဲ့။ ဒါကြောင့် မိုးထိတိုက်ကြီးတွေရဲ့ထိပ်ဆုံးထပ်တွေမှာနေတဲ့သူတွေဟာ ဘန်ဂလိုလေးတွေမှာနေတဲ့သူတွေထက် ပိုပြီးအသက်ကြီးရင့်လွယ်ပါသတဲ့။

အိုင်းစတိုင်းရဲ့သီအိုရီကို လူတွေလက်ခံထားကြတာတော့ ကြာခဲ့ပါပြီ။ လက်တွေ့သက်သေထူတာကိုတော့ အခုမှဘဲလုပ်ဖြစ်ပါတော့တယ်။ ရလာတဲ့အဖြေကလည်း အံ့သြဖို့ကောင်းအောင် မှန်နေပါတော့တယ်။ National Institute of Standard and Technology ( Colorado ) က ရူပဗေဒပညာရှင်တွေဟာ ကမ္ဘာ့အတိကျဆုံးနာရီတွေကို သုံးလို့စမ်းသပ်မှုတွေလုပ်ခဲ့ကြပါတယ်။ အဲဒီမှာ နာရီတစ်လုံးဟာ တစ်ခြားတစ်လုံးထက် တစ်ပေလောက် ပိုမြင့်သွားတာနဲ့ ပိုမြန်သွားတာကို တွေ့ကြရပါတယ်။ ဒါပေမယ့် စက္ကန့်ရဲ့အစိတ်အပိုင်းလောက်သာ ပိုမြန်တဲ့အတွက် သာမန်မျက်လုံးမျိုးနဲ့တော့ သိနိုင်မှာမဟုတ်ပါ။ စနစ်တကျ တွက်ချက်မှုတွေအရဆိုရင်တော့ တစ်ပေမြင့်သွားတိုင်း ၇၉နှစ်မှာ တစ်စက္ကန့်ရဲ့ တစ်သန်းပုံမှာ ၇၉ပုံ ပိုမြန်ပါသတဲ့။ ဒါကြောင့် ပေ၁၂၉၀မြင့်တဲ့ Empire State အဆောက်အဦရဲ့ထိပ်ဖျားမှာနေတဲ့သူတစ်ယောက်ဟာ စက္ကန့်တိုင်းမှာ တစ်စက္ကန်ု့ရဲ့တစ်သန်းပုံ ၁၀၂ပုံ ဆုံးရှုံးပါလိမ့်မယ်လို့ ပညာရှင်တစ်ဦးဖြစ်တဲ့ Chin-Wan Chou က ဆိုပါတယ်။

အခုစမ်းသပ်ချက်မှာသုံးထားတဲ့ နာရီတွေက Quantum logic atomic clock တွေပါ။
နှစ်ပေါင်း ၃.၇ဘီလီယံကြာမှ တစ်စက္ကန့်ပဲ အတိမ်းအစောင်းဖြစ်တဲ့အထိ မှန်ကန်ပါတယ်။ ဒါကြောင့် နာရီကိုတော့ သေချာပေါက် ယုံကြည်လို့ရသလို စမ်းသပ်မှုကိုလည်း ယုံကြည်ထိုက်ပါတယ်။

အထက်မှာတွေ့ရှိခဲ့တဲ့ တွေ့ရှိချက်ဟာ လူသားတွေရဲ့လက်ရှိအသက်တမ်းပေါ်မှာတော့ ပြောလောက်အောင် အကျိုးသက်ရောက်မှုတော့ မရှိပါ။ ဒါပေမယ့် အနာဂတ်သိပ္ပံပညာမှာတော့ အများကြီးအထောက်အကူပြုပါလိမ့်မယ်။ ပညာရှင်တွေအဆိုကတော့
နာရီတွေဟာဒီလိုမြန်ရခြင်းကတော့ မြေဆွဲအားဟာ မြေနဲ့ဝေးလေလျော့လာလေ ဖြစ်လို့ပါတဲ့။
အာကာသ သိပ္ပံပညာမှာ အများကြီးအသုံးဝင်မဲ့ အချက်ပါပဲ။



Researchers have demonstrated one of Einstein's theories of relativity - that the further away from the Earth you are, the faster time passes works even on a human scale.

That means – even though the differences are tiny – you really will age faster if you live on the top floor of a skyscraper than in a bungalow.

The discovery, made by scientists in the US, confirms a theory first proposed by Einstein – that clocks run faster the further away from the ground they are.

Although the concept has been accepted for many years, now the difference can be measured for the first time with astonishing accuracy.

Using a pair of the world's most precise clocks, physicists at the National Institute of Standards and Technology, Colorado, discovered that simply going upstairs will make you age faster.

If one of the clocks was moved just a foot higher, then it ran a little bit faster – albeit by a tiny fraction of a second.

So, taking just a couple of steps upwards will remove 90 billionths of a second to a 79-year lifetime.

By moving about 10 feet to the top of the stairs, you would age quicker by 900 billionths of a second.

And if you were to spend your life at the top of the 102-storey Empire State Building (1250 feet) you would lose 104 millionths of a second, said one of the researchers, James Chin-Wen Chou.

The experiments used "quantum logic" atomic clocks which can keep time to within one second over 3.7 billion years.

They prove the theory that clocks at higher elevations run faster because they are subject to less gravitational force.

A NIST spokesman admitted the phenomenon, called "gravitational time dilation", would not impact on people's lives.

"The difference is much too small for humans to perceive but it may provide practical applications in geophysics and other fields," he said.

The team's calculations will be used to improve technology used to measure the Earth and the gravitational field.

The findings are published in the journal Science.

The system does work in space rockets and aircraft as the forward movement offsets the height.

Wednesday, 22 September 2010

ရယ်မိတယ် . . .

“ နားလေးသူမို့ပါ ”
“ ခုနက စင်ပေါ်မှာ အသံအားကောင်းကောင်းနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျားမဟုတ်လား ”
“ ဟုတ်ပါတယ်ခင်ဗျာ ကျွန်တော်က တက်သစ်စ ဟဲဗီးအဆိုတော်ပါ ”
“ ဒါဆို တစ်ဆိတ်ကူညီစမ်းပါဗျာ၊ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့ လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ်လေးအော်ခေါ်ပေးစမ်းပါ။ သူက နားနည်းနည်းလေးတယ် ”

“ အပင်ပန်းမခံပါနဲ့ ”
“ ခင်ဗျားကို ၀မ်းနည်းစကားပြောရဦးမယ်၊ ခင်ဗျားဗိုက်က ချုပ်ရိုးတွေ ပြန်ဖွင့်ရမယ်ဗျာ ”
“ ဘာဖြစ်လို့လဲ ဒေါက်တာ ”
“ ခင်ဗျားဗိုက်ထဲမှာ ကပ်ကြေးတစ်လက်မေ့ကျန်ခဲ့လို့ပါ ”
“ ကတ်ကြေးတစ်လက်များ နှမြောမနေပါနဲ့တော့ ဒေါက်တာရယ်၊
ရော့...ပိုက်ဆံ၊ အသစ်တစ်လက် ၀ယ်လိုက်ပေါ့ ”

“ ပူမနေစမ်းပါနဲ့ ”
“ ဟေ့လူတွေ လိုက်မယ်ဆိုမြန်မြန်လုပ်ကြလေ၊ ဟိုမှာ သင်္ဘောက ဥသြဆွဲနေပြီ ”
“ အိုကွာ...သူ့ဖာသာ ဘယ်လောက်ဥသြဆွဲဆွဲ လက်မှတ်က ငါ့ဆီမှာပဲဟာ ”

“ စေတနာရှင် ”
ဝတ်ကောင်းစားလှနှင့် လူတစ်ဦးသည် လက်ဖက်ရည်ဆိုင်တစ်ခုထဲ ၀င်လာပြီးနောက် -
“ ကဲ...ဆိုင်မှာရှိတဲ့ လူတွေအားလုံး ကျွန်တော်သောက်သလို လက်ဖက်ရည်တစ်ခွက်စီ သောက်ကြပါခင်ဗျား ”
ဆိုင်ထဲရှိလူအားလုံးလည်း ထိုသူဒကာခံမည်အထင်ဖြင့် ပြောသည့်အတိုင်း လက်ဖည်ရည်မှာသောက်လိုက်ကြသည်။ အားလုံးသောက်ပြီးသောအခါ -
“ သောက်ပြီးရင် ကျွန်တော်ရှင်းသလို ရှင်းပေးလိုက်ကြပါခင်ဗျား ”


Monday, 20 September 2010

တော်သလင်း . . .

မနေ့ညက . . .
တစ်ရေးမှတောင် ကောင်းကောင်းမအိပ်လိုက်ရပါ။

ဘာကြောင့်လဲဆိုရင် မနက်ဆိုရင် ရောက်ပြီဖြစ်တဲ့ တော်သလင်းလပြည့်နေ့ကို ကြိုဆိုဂုဏ်ပြု ထောက်ခံသောအားဖြင့် သုနက္ခပါတီက ကိုယ်တို့အိမ်ရှေ့မှာ အူပွဲကြီးကျင်းပနေကြလို့ပါပဲ။ သုနက္ခပေါင်း ၃၀လောက် တစ်ခဲနက်၊ အင်တိုက်အားတိုက် အင်အားပြ အူလိုက်၊ ဟစ်လိုက်ကြတာ အောင်နက်၊ ဂုတ်ကြား၊ ပါပီပါမကျန်ပါ။ ဆွဲဆွဲငင်ငင် အူတဲ့ကောင်ကအူ၊ ဟောင်အူအူတဲ့ကောင်ကအူနဲ့
တစ်ရပ်ကွက်လုံး ပွက်လောကို ညံနေပါရောလား။

ကိုယ်ကလည်း ညကို အိပ်ပစ်ရမှာ နှမြောတဲ့လူစားထဲမှာ ပါတာမို့ မနေ့ညက တစ်နာရီကျော်မှ အိပ်တာပါ။ မအိပ်ခင်အထိ မောင်မင်းကြီးသားများနဲ့ တော်တော်ဒုက္ခရောက်ပါတယ်။ သူတို့က ရှေ့ကအင်တိုက်အားတိုက် အူသမျှကို ကိုယ်လည်းခံနိုင်သလောက်ခံပါတယ်။ ပါတီဝင်ရှိရှိသမျှက တစ်ခဲနက်အားပေးတာဆိုတော့လည်း ကြာကြာသည်းမခံနိုင်ပြန်ပါ။ ဒါနဲ့ တံခါးဖွင့်ပြီး ခေါင်းပြူကြည့်ပြန်တော့လည်း သကောင့်သားများက အမြီးလေးတွေ တလူလူနန့်ပြပြီး ကိုယ့်အိမ်ရှေ့ကနေ ထွက်သွားကြပြန်ပါရော။ စိတ်အေးလက်အေးနဲ့ တံခါးပြန်ပိတ်ပြီး လုပ်စရာရှိတာ ဆက်လုပ်နေပြန်တော့လည်း ကိုယ်တော်မြတ်များက ၁၀မိနစ်လောက်ကြာတော့ ကိုယ့်အိမ်ရှေ့မှာပဲ ထပ်ပြီးအင်အားပြပြန်ပါတယ်။ ဒါနဲ့ တံခါးပြန်ဖွင့်ကြည့်ရပြန်ပါရော။ ကိုယ့်မြင်တော့ ပြန်ထွက်သွားလိုက်ကြ တံခါးပိတ်သွားရင် ပြန်လာလိုက်ကြနဲ့ တော်တော်ပျော်နေကြတဲ့ပုံတောင် ပေါက်နေပါသေးတယ်။

တွေ့တာနဲ့ ကောက်ကက်ပေါက်လိုက်ပြန်ရင်လည်း
ခွေးနဲ့ရန်ဖြစ်လို့ ခွေးထက်မိုက်တဲ့လူ ဖြစ်မှာစိုးတာကြောင့် မလုပ်ရဲပြန်ပါ။
ဒါနဲ့ပဲ သုနက္ခပါတီဝင်တွေနဲ့ ကိုယ်နဲ့ တူတူပုန်းတန်းကစားလိုက်ကြတာ ညနှစ်နာရီလောက်ရောက်တော့ ကိုယ်ပဲလက်နက်ချလိုက်ရပါတယ်။ လုပ်စရာတွေလဲ ပြီးသွားပြီ ဖြစ်တဲ့အပြင် မနက်ကိုလဲ အချိန်မီထရမှာဖြစ်တာကြောင့် အိပ်ရာဝင်ရပါတယ်။ အဲဒီတော့မှပဲ အရန်အင်အားစုတွေပါ စစ်ကူခေါ်လို့ အင်အားပြည့်အူလိုက်ဟောင်လိုက်ကြတာ ကိုယ့်မှာနားကို အတင်းပိတ်လို့ သည်းခံစိတ်ကို မရရအောင်မွေးပြီး ပျော်အောင်အိပ်ဖို့ ကြိုးစားရပြီပေါ့။ အိပ်ဆေးသောက်အိပ်ပြန်ရင်လည်း မနက်မနိုးမှာစိုးတာကြောင့် မသောက်ရဲပါ။ အိပ်ရာထဲမှာ တလူးလူးတလိမ့်လိမ့်နဲ့ မောင်မင်းကြီးသားများ နှိပ်စက်သမျှ မချိမဆန့်ခံစားရင်း မနက်၃နာရီကျော်မှပဲ အိပ်ပျော်ပါတော့တယ်။

မနက်ရောက်တော့ ၇နာရီကျော်မှ အတင်းကုန်းရုန်းထယူရပါတော့တယ်။ ဒါတောင် အိပ်ရေးသိပ်မ၀လို့ မူးနောက်မူးနောက် ဖြစ်နေပါရောလား။ အိမ်ရှေ့ထွက်ကြည့်တော့ တစ်ညလုံး ကိုယ့်ကိုရော ရပ်ကွက်ကိုပါ အားပါးတရ နှိပ်စက်ခဲ့ကြတဲ့ သတ္တ၀ါတစ်အုပ်က ကိုယ့်ကို အမြီးလေးတွေနန့်ပြပြီး သွားလေးတွေပြိုင်တူဖြဲလို့
မင်္ဂလာ မနက်ခင်းပါ ဆရာ ” ဆိုပါလား . . .

ပေါင် ၁၆၀ . . .

မနေ့ညနေက . . .
မတွေ့တာကြာပြီဖြစ်တဲ့ ကိုယ့်သူငယ်ချင်းနဲ့တွေ့ဖို့
သူထိုင်တဲ့ဆေးခန်းကို သွားဖြစ်ပါတယ်။ နှစ်ယောက်လုံးကလည်း အလုပ်ကိုယ်စီ၊ တာဝန်ကိုယ်စီနဲ့ တစ်ချက်မှမအားရသူတွေဖြစ်တာမို့ တစ်ယောက်နဲ့တစ်ယောက်တွေ့ဖို့ဆိုတာ တော်တော်အားထုတ်ယူကြရပါတယ်။ မနေ့ကတောင် ကိုယ့်ပုံမှန်စာသင်ချိန်က ည၈နာရီကျော်မှပြီးတာကို တစ်နာရီစောလွှတ်ပြီး တကူးတကန့် သွားတွေ့ရတာပါ။

သူ့ကိုလည်းတွေ့ရော ကိုယ့်မှာ သူ့ရုပ်ကိုတော်တော်လေး ပြန်ဖမ်းယူရပါတယ်။ သူငယ်ချင်းက နဂိုကပိန်ရတဲ့အထဲမှာ ငှက်ဖျားတစ်ပတ်ကျော်မိလိုက်တာ နဂိုပိန်မှာ ငှက်ပိန်ပေါင်းလို့ အရိုးပေါ်မှာအရေကပ်ပြီး တော်တော်ကြီးကို ပိန်လို့နေပါတော့တယ်။ အင်း...ရောဂါဆိုတာမျိုးကလည်း ဆရာဝန်သော၊ ဘာသော ရွေးတာမှမဟုတ်တာဘဲ။ ဒါကြောင့်လဲ မမှားသောရှေ့နေ၊ မသေသောဆေးသမားလို့ ဆိုကြတာပေါ့။

သူ့ဆေးခန်းမှာ အသင့်တွေ့ရတဲ့ ပေါင်ချိန်စက်ပေါ်မှာ သူပေါင်ချိန်နေတာတွေ့လို့ ကိုယ်လည်းအားကျမခံတက်ချိန်ကြည့်မိပါတယ်။ ပေါင်ချိန်စက်မှာပေါ်နေတဲ့ ဒိုင်ခွက်ထဲကမြားကိုကြည့်ရင်း ကိုယ့်မျက်လုံးကိုတောင် မယုံနိုင်အောင်ဖြစ်သွားရပါရောလား။ သူငယ်ချင်းတုန်းက ၁၀၄မှာပဲ ပြခဲ့တဲ့ ပေါင်ချိန်စက်ဟာ ကိုယ့်ကျမှ ၁၆၀တိတိကို အားပါးတရကြီးပြနေပါတော့တယ်။
အသက်ပဲ ဒီအရွယ်ရောက်လာပါတယ် တစ်ခါမှ ပေါင်၁၁၀မကျော်ခဲ့ဖူးတဲ့ ကိုယ့်ခန္ဓာကိုယ်က အခုတော့ ပေါင်၁၆၀ကျော်ကြီးတောင်ဖြစ်လို့နေပါပြီ။ ကိုယ့်အရပ်က မြန်မာနေရှင်နယ်အရပ်(Myanmar National Height) ပဲရှိတာကြောင့် BMI တွက်ကြည့်ရင် ၀တယ်လို့ပြောလို့ရတဲ့ ခန္ဓာကိုယ် ဖြစ်လို့နေပါပေါ့။

အလုပ်များသလို၊ စိတ်လည်းပင်ပန်းတဲ့ ပညာရေးလောကမှာ တစ်ရက်တစ်ရက်ကို ၁၂နာရီ၊ ကနေ ၁၅နာရီထိ အလုပ်လုပ်နေရတာတောင် ဘာကြောင့်များ ဒီလောက်ပေါင်ချိန်တက်လာရပါလိမ့်လို့ စဉ်းစားမိပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်က ၂၈လက်မပဲရှိတဲ့ ကိုယ့်ခါးကလည်း အခုဆို ၃၂ဖြစ်နေတာမို့ နည်းနည်းတော့ သတိထားမိလာလို့ပါ။ တစ်နှစ်ထက်တစ်နှစ် ၀လာတာမို့ ကိုယ်အလုပ်ပင်ပန်းတယ်ပြောရင် ဘယ်သူမှတောင် မယုံချင်ပါ။ မသိတဲ့လူများဆိုရင် ကိုယ်တော့စားလိုက်၊ အိပ်လိုက်နဲ့ ဇိမ်ခံနေတယ်ထင်စရာကြီး ဖြစ်နေပါရော။ ကိုယ့်ကိုယ်ကို ပြန်တွက်ကြည့်ပြန်ရင်လည်း တစ်ခါမှ နားနားနေနေနဲ့ ဇိမ်မခံဖြစ်ပါ။ ဒါတောင် Weight တက်နေတယ်ဆိုတော့ ကိုယ့်အလုပ်ထဲမှာ စိတ်ချမ်းသာလွန်းလို့ပဲ ဖြစ်ပါလိမ့်မယ်။

အလုပ်ထဲမှာ စိတ်ကတော့ ဘာချမ်းသာသလဲ မမေးပါနဲ့။
မနက်မိုးလင်းလို့ ကျောင်းသူကျောင်းသားတွေမျက်နှာ မြင်လိုက်ရတာနဲ့ ကိုယ့်စိတ်ထဲမှာ
မင်္ဂလာရှိသော နံနက်ခင်းလို့ တွေးလိုက်ပြီးသားပါ။
စာသင်ချိန်တွေမှာ ကျောင်းသားတွေက ကိုယ်ရှင်းပြသမျှ ဒက်ခနဲ၊ ဒက်ခနဲ နားလည်သွားရင် ကိုယ့်ကိုယ်ကို တယ်တော်တဲ့ငါပဲလို့ မရှက်တမ်းကြွေးကြော်ပြီး စိတ်ထဲက ပျော်ပါတယ်။ တစ်ခါနဲ့ နားမလည်ကြပြန်ရင်လည်း နောက်တစ်မျိုးရှင်းပြဖို့ ထပ်စဉ်းစားရတာကြောင့် အပျင်းပြေပါတယ်။ တော်တဲ့ကျောင်းသား၊ ပြောစကားကို မြေ၀ယ်မကျ နားထောင်လိုက်နာတဲ့ ကျောင်းသားနဲ့ တွေ့ရရင် ရင်ထဲမှာ ပီတိအပြည့်နဲ့ ကြည်နူးရပါတယ်။ ညံ့တဲ့ကျောင်းသား၊ ပြောရခက်တဲ့ကျောင်းသားများနဲ့ ကြုံရပြန်ရင်လည်း သူတို့လေးတွေ တော်လာအောင်၊ ပြောစကားနားထောင် လိုက်နာတဲ့ လူလိမ္မာလေးတွေ ဖြစ်ရအောင် နည်းလမ်းမျိုးစုံ၊ ဗျူဟာမျိုးစုံ သုံးလို့ မရိုးနိုင်အောင် ဆုံးမရတာကြောင့်
ပျင်းချိန်၊ စိတ်ပျက်ချိန် နည်းနည်းမှတောင် မရှိပါ။ ဒါကြောင့်လဲ အခုလိုအလေးချိန်တွေ တိုးလာတာဖြစ်ပါလိမ့်မယ်။

အခုလို ဖွံ့ဖွံ့ထွားထွားကြီးဖြစ်လာတာကို ကိုယ့်သူငယ်ချင်းကတော့
“ကောင်းတာပေါ့ သူငယ်ချင်းရာ ... အဟန့်ရှိတာပေါ့”လို့ ထောပနာပြုပါတယ်။ သူပြောတာလည်း ဟုတ်လို့တော့ နေတာပါပဲ။ အလုံးအထည်လေးရှိလာတော့လည်း လူကြားထဲမှာ ထည်ထည်ဝါ၀ါလေးတော့ ရှိသွားတာတော့ အမှန်ပါ။ အရင်က ဖလံလေးဘ၀တုန်းကတော့ လူကြားထဲမှာ ကိုယ့်အကောင်လေးက ပျောက်နေတာကိုး။ ဒါပေမယ့်...
သွားရလာရတာ အရင်ကလောက်တော့ ပေါ့ပေါ့ပါးပါးလေးမရှိတော့တာတော့ ၀န်ခံရပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ပညာရေးလောကမှာ ပျော်ပျော်ရွှင်ရွှင်နဲ့၊ စိတ်ရောကိုယ်ပါ ချမ်းသာနေရလို့ အခုလို ၀နေတယ်လို့ ကိုယ့်တရားကိုယ်စီရင်ပြီး ပေါင် ၁၆၀ ကိုလည်း ကျေကျေနပ်နပ်ကြီးလက်ခံရင်း
ကိုယ်ကတော့...
ဖိန့်ဖိန့်ကြီးနေပြီး မိန့်မိန့်ကြီးပြုံးလို့...

Wednesday, 15 September 2010

ဖိစီးမှုတွေ . . . ဖိစီးမှုတွေ . . .

စိတ်ဖိစီးမှုဆိုတာ . . .
ဒီနေ့လို ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတဲ့ခေတ်ကြီးမှာ လုပ်ငန်းလုပ်နေတဲ့သူ အများစုခံစားနေရတဲ့ အရာပါ။ စိတ်ဖိစီးမှုနဲ့ ပတ်သက်လို့ ဖတ်စရာ၊ လေ့လာစရာတွေများလှသလို လိုက်နာလေ့ကျင့်စရာတွေလည်း ဒုနဲ့ဒေးပါ။ ဒါပေမယ့် ဖိစီးမှုကိုရင်ဆိုင်ဖို့ဆိုတဲ့ ကိစ္စဟာ အပြောလွယ်သလောက် အလုပ်တကယ်ကိုခက်ပါတယ်။

ကိုယ့်မှာလည်း ယောနိသောနဲ့နေဖို့ အထူးအာရုံစိုက်နေပေမယ့်
ပြောမရတဲ့ လောကလူသား၊ ငမိုက်သားပေမို့ အရင်ကလောက် စိတ်မပင်ပန်းတော့ပေမယ့် ဒေါသတွေ၊ ဖိစီးမှုတွေကတော့ အနည်းအကျဉ်းရှိနေဆဲပါ။ ဖိစီးမှုဆိုတဲ့ အရာကလည်း
နည်းနည်းလေးကနေ အများကြီးဖြစ်အောင်ပွားတတ်တဲ့ သဘာဝရှိပေတာမို့ ဖိစီးမှုလေးနည်းနေတုန်းကို နှိမ်ထားမယ်ဆိုတဲ့စိတ်ကူးနဲ့ စာအုပ်တွေရှာဖတ်ရင်းက ဆရာချစ်စံဝင်းရဲ့ဖိစီးမှုနှင့်အတူ နေထိုင်ခြင်းဆိုတဲ့ စာအုပ်ကိုသွားတွေ့ပါတယ်။ တော်တော်ကောင်းတဲ့စာအုပ်ပါ။ တခြားစာအုပ်တွေလို ဆေးပညာဆိုင်ရာဝေါဟာရတွေ၊ စိတ်ပညာဆိုင်ရာဝေါဟာရတွေနဲ့ စာဖတ်သူနားဝေးစရာဘာမှ မပါပါဘူး။ သာမန်လူတွေပါ နားလည်နိုင်အောင်ရေးထားတဲ့ ဆရာရဲ့စေတနာကို လေးစားစရာတွေ့ရပါတယ်။

ကိုယ်တိုင်လည်းဖတ်ရင်း၊ လိုက်နာရင်း ကိုယ်လို စိတ်ဖိစီးစရာလုပ်ငန်းတွေနဲ့ လုံးထွေးနေရသူတွေပါ အကျိုးဖြစ်ထွန်းရအောင် ခေါင်းစဉ်တစ်ခုယူပြီး ရေးသွားပေးဖို့ စိတ်ကူးပါတယ်။
ဒါပေမယ့် စာအုပ်တစ်အုပ်လုံးပြန်ရေးဖို့ထက် လိုအပ်တဲ့၊ အရေးပါတဲ့ အချက်တွေကိုပဲ ကောက်နုတ်ပြီးရေးသွားမှာ ဖြစ်ပါတယ်။

ဒီဆောင်းပါးတွေကို ပြည်ပနိုင်ငံတွေမှာ အလုပ်ကိုယ်စီ၊ ဖိစီးမှုကိုယ်စီနဲ့ ရှင်သန်ဖို့ ရုန်းကန်နေကြရတဲ့ မြန်မာပြည်သားတွေအတွက် အထူးရည်ရွယ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကိုယ်တို့အတွက်က ကြိုက်တဲ့မြန်မာစာအုပ်ကို ကြိုက်တဲ့အချိန်ဝယ်ဖတ်နိုင်ပေမယ့် ပြည်ပမှာတော့ ကိုယ်တို့လောက်မလွယ်ပါ။ ဒါကြောင့် ဖတ်စေလိုတဲ့ စေတနာ၊ ဆန္ဒနဲ့ပါ။


ကဲ...အချီးကို ဒီလောက်နဲ့ ရပ်လို့ စိတ်ဖိစီးမှုတွေအကြောင်း ဇာတ်လမ်းစဖွင့်ကြပါစို့ရဲ့ . . .

ဘာတွေက ကိုယ်တို့ကို စိတ်ဖိစီးအောင်လုပ်နေပါသလဲ...
(၁) အလျင်အမြန်ပြောင်းလဲမှု
(၂) အခြားသူများနှင့်ရင်ပေါင်တန်းနေလိုခြင်း
(၃) ပိုမိုကြီးမားသောတောင်းဆိုမှုများ
(၄) မှားယွင်းသော မျှော်လင့်ချက်များ

ဖိစီးမှုဟာအသက် ၂၀ကနေ ၃၉နှစ်အတွင်းမှာ အဖြစ်များပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီအသက်အပိုင်းအခြားဟာ လူ့လောကထဲကို စ၀င်ကာစ၊ လုပ်ငန်းလောကထဲကိုစ၀င်ကာစ တစ်နည်းပြောရရင် အထိုင်မကျသေးတဲ့ ကာလဖြစ်ပါတယ်။ အရွယ်ကလည်း နုနယ်သေးချိန်ဖြစ်တာကြောင့် သင့်တင့်လျောက်ပတ်အောင် နှလုံးမသွင်းနိုင်သေးချိန်လည်း ဖြစ်နေပါတယ်။ ဒါကြောင့် အဲဒီအရွယ်အတွင်းမှာ စိတ်ဖိစီးမှုကို ပိုပြီးခံရလေ့ရှိတာပါ။ှု

စိတ်ဖိစီးစေတဲ့ အချက်တွေထဲမှာ အများဆုံးကတော့ လုပ်ငန်းခွင်ကြောင့်ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ ဘယ်အချက်တွေက စိတ်ဖိစီးစေသလဲဆိုရင် -
(၁) အလုပ်ချိန်ရှည်ကြာလွန်းခြင်း
(၂) အလုပ်ချိန်မမှန်ခြင်းနှင့် တာဝန်ပြောင်းလဲယူရခြင်း
(၃) အလုပ်အကိုင်သစ်ရှာဖွေရခြင်း
(၅) အလုပ်သစ်နှင့် နေသားတကျဖြစ်အောင် ညှိနှိုင်းသည်းခံရခြင်း
(၇) ရာထူးတိုးခြင်းနှင့် ရာထူးလျှောကျခြင်း
(၈) လုပ်ငန်းတာဝန်ကြီးမြင့်ခြင်း
(၉) အလုပ်ခွင် လုံခြုံမှု၊ အာမခံချက်မရှိခြင်း စတဲ့အချက်တွေကြောင့်ဖြစ်လေ့ရှိပါတယ်။

ကိုယ်ရေးကိုယ်တာ စိတ်ဖိစီးမှုဖြစ်စေတဲ့ အချက်တွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့ -
(၁) ဘ၀၏ အဓိပ္ပာယ်
(၂) လိင်ကိစ္စ
(၃) စိတ်လှုပ်ရှားမှု ပြဿနာ
(၄) လူငယ်ဘ၀ ကျား၊ မပေါင်းသင်းဆက်ဆံရေး စတဲ့အချက်တွေကြောင့် ဖြစ်ပါတယ်။

မိသားစုတွင်း ဖိစီးမှုဖြစ်စေတဲ့ အချက်တွေကတော့ -
(၁) ကိုယ်ဝန်ဆောင်ရခြင်း
(၂) ကလေးငယ်ကို ပြုစုပျိုးထောင်ရခြင်း
(၃) ကလေးများ ကျောင်းထားခြင်းနှင့် ကလေးတို့၏ စာမေးပွဲများ
(၄) မိသားစုတွင်း သက်ကြီးရွယ်အိုများ မကျန်းမာခြင်း
(၅) အိမ်ထောင်ရေးပဋိပက္ခများ
(၆) အိမ်ထောင်ဆက်၏ ဆွေမျိုးသားချင်းများ
(၇) မိသားစုနှင့် ခွဲခွာနေထိုင်ရခြင်း

သီးခြားခံစားမှုကြောင့် ဖြစ်ရသော စိတ်ဖိစီးမှုတွေကတော့ -
(၁) ကျန်းမာရေးချို့တဲ့ခြင်း၊ ဖျားနာခြင်း
(၂) ချစ်ခင်တွယ်တာရသူများ သေဆုံးခြင်း
(၃) ခွဲစိတ်ကုသခံရခြင်း
(၄) အိမ်ရာကိစ္စပူပန်ရခြင်း
(၅) စီးပွားရေးကိစ္စများ

အထက်ပါအချက်တွေအပြင် အထွေထွေစိတ်ဖိစီးမှုဖြစ်စေတဲ့ အချက်တွေလည်း ရှိပါသေးတယ်။ အဲဒီအချက်တွေကတော့ -
(၁) မိတ်ဆွေများ၊ ပေါင်းသင်းဆက်ဆံရေး
(၂) ဘ၀ကို နေသားတကျဖြစ်အောင် ထိန်းညှိပြုပြင်ရခြင်း
(၃) ပွဲလမ်းသဘင်များ၊ အားလပ်ရပ်များ
(၄) ဆူညံသံများ
(၅) ယာဉ်စည်းကမ်းပြဿနာများ

အထက်မှာဖော်ပြခဲ့တာတွေက စင်ကာပူမှာကောက်ယူခဲ့တဲ့ စစ်တမ်းအပေါ်အခြေခံထားပါတယ်။ အချို့အချက်တွေဟာ ကိုယ်တို့တိုင်းပြည်နဲ့ သိပ်တော့မသက်ဆိုင်ပေမယ့် အများစုကတော့ ကိုယ်တို့တိုင်းပြည်နဲ့ ဆီလျော်ပါတယ်။

အထက်မှာဖော်ပြထားတဲ့ ဖိစီးမှုအမျိုးအစားအလိုက် ဖြစ်ပွားမှုရာခိုင်နှုန်းတွေကတော့ -
အလုပ်အကိုင် - ၃၁ ရာနှုန်း
ကိုယ်ရေးကိုယ်တာ - ၂၃ ရာနှုန်း
သီးသန့်ကိစ္စများ - ၁၄ ရာနှုန်း
မိသားစု - ၁၂ ရာနှုန်း
အထွေထွေ -၉ ရာနှုန်း
အခြားကိစ္စများ - ၈ ရာနှုန်း


ဆက်ပါဦးမယ်...

Thursday, 9 September 2010

ဂဏန်းတစ်ကောင်၏ မာန . . .

မနက်ဖြန် ခရီးတိုတစ်ခု သွားစရာရှိပါတယ်။

လောကလူ့ဘောင်ဆိုတော့လည်း ကျယ်ပြန့်လှတဲ့လူမှုရေးတွေနဲ့ ထွေးလုံးရစ်ပတ်နေရတာပါပဲ။ တစ်သက်လုံးသင်ယူနေရမယ့် မြန်မာ့လူမှုရေးပညာရပ်တွေကို ကိုယ်တော့အခုထိ မတတ်သေးတာ ၀န်ခံရပါလိမ့်မယ်။

ဘာကြောင့်လဲဆိုရင်
လူမှုရေးနယ်ပယ်မှာ အရေးအကြီးဆုံးက ဟန်ဆောင်ကောင်းဖို့ပါ။ ဟန်မဆောင်ဘဲ စိတ်ထဲရှိရှိတဲ့အတိုင်း ပြောနေ၊ လုပ်နေ၊ ပွင့်လင်းနေလို့ကတော့ လူရိုင်း၊ ယဉ်ကျေးမှုမရှိတဲ့သူဆိုတဲ့ ကင်ပွန်းတပ်ခံရမှာ မလွဲပါ။
ကိုယ်ဆိုတာကလည်း ဟန်ဆောင်ရတဲ့အလုပ်ကို အင်မတန်မှ စိတ်ပျက်တဲ့သူဖြစ်လို့ မြန်မာ့လူမှုရေးကို တစ်ခါတစ်ခါ စိတ်ကုန်ပါတယ်။ ဒါပေမယ့်လည်း လူကြီးဖြစ်နေတာကြောင့် လူမှုရေးမှာ လူရိုင်းမဖြစ်ရလေအောင် အလုပ်မအားတဲ့ကြားကပဲ ခရီးထွက်ပြီး မင်္ဂလာဆောင်ကို သွားရပါတော့မယ်။ မြန်မာ့ယဉ်ကျေးမှုမှာ
သူ့မို့၊ ငါ့မို့ဆိုတဲ့ မို့တွေကလည်း အများသားဖြစ်တာကြောင့် သူများမသွားရင် ပြဿနာသိပ်မကြီးပေမယ့် ကိုယ်မသွားရင်တော့ ဘယ်လိုမှမဖြစ်တာလဲ တော်တော်ကိုဆိုးတာပါကလား။

တစ်ခါတစ်ခါ ကိုယ်တို့မြန်မာ့ယဉ်ကျေးမှုအကြောင်းကို စဉ်းစားမိရင် စိတ်ပျက်ချင်သလိုလိုပါ။ ဘာကြောင့်လဲဆိုရင် အပေါ်ယံတွေများနေသလားလို့။ ကိုယ်ထမင်းစားနေတုန်း ဧည့်သည်လာရင် “စားပါဦး”လို့ ခေါ်ရပါတယ်။ ကျွေးချင်စိတ်ရှိတာ၊ မရှိတာနောက်ထားပေါ့လေ။ အလိုက်မသိတဲ့ ဧည့်သည်ကတကယ်များ ၀င်စားလိုက်ရင် တော်တော်ကြည့်ကောင်းပါလိမ့်မယ်။ ရှိပါသေးတယ် တစ်ခါတစ်ခါ လမ်းမှာတွေ့ရင် “စားပြီးလား”လို့ လောကွတ်ချော်ပါတယ်။ ဒီလောက်ကတော့ရပါသေးတယ်။ ဆိုးတာက စားပြီးပြီလို့ဖြေလိုက်ရင်“ဘာဟင်းလဲ”လို့ထပ်မေးတာပါပဲ။ ဟင်းမကောင်းရင် သူပဲကျွေးမလို့လား မသိတော့ပါ။

အဆိုးတကာ့ အဆိုးဆုံးကတော့ လူချင်းရင်းနှီးလာရင် ပုဂ္ဂိုလ်ရေးမေးခွန်းတွေ မေးတာပါပဲ။ ကိုယ့်လူမျိုးကလည်း ဒါမျိုးမှ ပွင့်လင်းရင်းနှီးတာလို့ ယူဆထားလေတော့လည်း ခက်လို့တောင်နေပါရော။ ကိုယ်တို့လို ပုဂ္ဂိုလ်ရေးလွတ်လပ်မှုကို ရှေ့တန်းတင်တတ်သူတွေမှာတော့ ဒုက္ခမကြာမကြာတွေ့ရပါတယ်။ အဲဒီလိုမေးခွန်းမျိုးတွေကို မဖြေပြန်ရင်“ဒါလေးမေးတာများ ဘာဖြစ်သွားတာမှတ်လို့”ဆိုပြီး ကိုယ်တို့တွေကို စိတ်ကြီးဝင်သူတွေလို့ သမုတ်တာခံရပါသေးရဲ့။ ကိုယ်တစ်ခါတစ်ခါ စဉ်းစားပါတယ်။ အဲဒီမဆီမဆိုင်မေးခွန်းတွေကို ကိုယ်မဖြေတော့ရော သူတို့မှာဘာဖြစ်သွားလို့လဲ၊ ဘာတွေများ ဆုံးရှုံးသွားသလဲလို့။ ကိုယ်ကတော့ရှင်းပါတယ်။ ယဉ်ကျေးမှုခေါင်းစဉ်၊ ရင်းနှီးမှုခေါင်းစဉ်အောက်က တောင်မေးမြောက်မေး မေးခွန်းတွေကို ရှောင်တဲ့အနေနဲ့ စာကပ်ထားလိုက်ပါတယ်။
“မိမိနှင့် မသက်ဆိုင်သောမေးခွန်းများကို မေးမြန်းခြင်း မပြုရလို့။

ကိုယ့်ကျောင်းသားလေးတွေက ကိုယ့်ကိုတစ်ခါတစ်ခါ ပညာရေးနဲ့မဆိုင်တဲ့ ပုဂ္ဂိုလ်ရေးမေးခွန်းတွေမေးရင် ကိုယ်ကတော့ခပ်ပြောင်ပြောင်ပဲ -
“ဘာလဲ...မြန်မာ့စိတ်ရင်း စပ်စုခြင်းလား”လို့ ပြန်မေးတာပါပဲ။

နောက်ထပ်မကြိုက်တာတစ်ခုက ခင်မင်ရင်းနှီးရင် အိမ်လည်တာပါပဲ။ တကယ်ဆိုရင် သူများအိမ်ကို အကြောင်းမရှိအကြောင်းရှာ အလည်သွားတယ်ဆိုတာ အတော်စိတ်ပျက်စရာကောင်းတဲ့ အလေ့အကျင့်ပါ။ အားလို့ဧည့်သည်သွားလုပ်တယ်ဆိုပေမယ့် အိမ်ရှင်လုပ်တဲ့လူခမျာ မအားဘဲဧည့်ခံရတာ ဘယ်လောက်ဆိုးတဲ့ အလေ့အကျင့်ပါလိမ့်။

အိမ်လည်တဲ့အကျင့်ကို ကိုယ်ကတော့ ရှေ့တန်းကနေ တက်တက်ကြွကြွ ဆန့်ကျင်ပါတယ်။ အိမ်မှာအားတဲ့ဧည့်သည်လာရင် ကိုယ်တော့ခပ်ရှင်းရှင်းပဲ မအားဘူးလို့ ပြောလွှတ်တာပါပဲ။ ဟုတ်တယ်လေ ကိုယ်အိပ်ချင်လည်းအိပ်နေမှာပေါ့။ ဒါပေမယ့် အိပ်တယ်ဆိုတာလည်း အကြောင်းမဲ့မှမဟုတ်တာ။ အလုပ်လုပ်ဖို့အားမွေးနေတာပါပဲ။ တနည်းပြောရရင်တော့ အိပ်တဲ့အလုပ်လုပ်နေတာပေါ့။

နောက်ဆုံးတစ်ချက် ကိုယ်မကြိုက်တဲ့ ယဉ်ကျေးမှုကတော့ လူကြီးသူမကို ပြန်မပြောရဘူးဆိုတဲ့ အချက်ပါ။ ဒီတစ်ချက်ကတော့ တိုင်းပြည်နဲ့လူမျိုးကိုပါ လူညွန့်တုံးအောင်လုပ်တဲ့ အချက်ပါပဲ။
လူကြီးပြောရင် ဟုတ်ဟုတ်၊ မဟုတ်ဟုတ်နားထောင်ရမယ်၊ ပြန်မပြောရဘူး၊ ပြန်ပြောရင် ရိုင်းတယ်ဆိုတဲ့ အချက်ပါ။ အဲဒီမှာတင် အသိပညာ၊ အတတ်ပညာတွေဟာ တစ်လမ်းမောင်းဖြစ်ကုန်ပါတယ်။ သက်ကြီးစကား သက်ငယ်ကြားရမှာဖြစ်သလို၊ သက်ငယ်စကားကိုလည်း သက်ကြီးကြားဖို့ လိုအပ်ပါတယ်။ ဒါမှ ခေတ်အချင်းချင်း ဖလှယ်နိုင်ပြီး ပိုတိုးတက်၊ ပိုကောင်းမွန်လာတဲ့ ခေတ်သစ်ကို ထူထောင်နိုင်မှာပါ။
နောက်တစ်ချက်က လူကြီးဖြစ်ဖြစ်၊ လူငယ်ဖြစ်ဖြစ် အမှားနဲ့မကင်းနိုင်ကြပါ။ လူငယ်မှားရင် လူကြီးထောက်ပြသလို လူကြီးမှားရင်လည်း လူငယ်ကထောက်ပြခွင့်ရှိကိုရှိရပါလိမ့်မယ်။ အဲဒီလိုမဟုတ်ရင် လူကြီးတွေကို အထိန်းအကွပ်မရှိတော့တာကြောင့် ထင်ရာစိုင်းခွင့်ပေးသလို ဖြစ်နေပါလိမ့်မယ်။ ပြန်ဆွေးနွေးတာဟာ စော်ကားတာမဟုတ်ပါ။ ပြန်ပြီးထောက်ပံ့ကူညီခြင်းသာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်လေးစားခြင်းသာဖြစ်ပါတယ်။

ကိုယ်ကတော့ ကိုယ့်ကျောင်းသူကျောင်းသားတွေကို တရားဝင်ငြင်းခုန်ခွင့် မှန်တယ်ထင်ရင် ပြန်ပြောခွင့် အပြည့်ပေးထားပါတယ်။ ကျောင်းသားဘက်ကမှန်ပြီး ဆရာ့ဘက်ကမှားနေရင်လည်း ဦးမလေးဘဲ ချက်ချင်းတောင်းပန်လိုက်တာချည်းပါပဲ။ အဲဒီလိုလုပ်တဲ့အတွက်လည်း ကလေးတွေရဲ့ လေးစားမှုမလျော့ပါ။ ပိုလို့တောင်လေးစားလာပါသေးတယ်။ ပြီးတော့ ကိုယ့်အားနည်းချက်တွေကို သူတို့ကို ထောက်ပြခွင့်ပေးထားသလို ဝေဖန်ခွင့်လည်းပေးထားတာကြောင့် ကိုယ်ကိုယ်တိုင်လည်း သတိထားပြီးသားဖြစ်သွားလို့ ပိုပြီးတိုးတက်လာပါတယ်။ ကလေးတွေကိုလည်း ကိုယ်အမြဲပြောပါတယ်။
“ငါရှင်းပြတာကို ဘာမှပြန်မဆွေးနွေးဘဲ ခေါင်းညိတ်နေတာ ငါ့ကိုစော်ကားတာ၊ သေချာနားထောင်ပြီး ပြန်ဆွေးနွေးတာ၊ မှန်တယ်ထင်ရင် ပြန်တင်ပြ၊ ပြန်ငြင်းတာကမှ ငါ့ကိုတကယ်လေးစားတာ”လို့ပါ။

ပြောရရင်တော့ မြန်မာ့ယဉ်ကျေးမှုရိုးရာထဲမှာ ကိုယ့်စိတ်နဲ့မတွေ့တာတွေ အများကြီးပါ။ အဲဒီလိုပြောလို့လည်း ကိုယ်ကမြန်မာ့ယဉ်ကျေးမှုကို တန်ဖိုးမထားသူလို့တော့ ယောင်လို့တောင်မထင်စေချင်ပါ။ အနောက်တိုင်းလို အ၀တ်များပေမယ့် မြန်မာ့ဂီတ၊ မြန်မာ့အနုပညာ၊ စာပေကို ကိုယ်ဘယ်လောက်မြတ်နိုးထိန်းသိမ်းသလဲဆိုတာ ကိုယ်တိုင်အသိဆုံးပါ။ ဒါပေမယ့် ကိုယ်မြတ်နိုးလို့ဆိုတဲ့အကြောင်းပြချက်တစ်ခုထည်းနဲ့ အရာရာကို မဝေဖန်ပဲ စွတ်ပြီးကောင်းနေရင် ခေါင်းထဲကဦးနှောက်တွေ အလကားဖြစ်ပြီပေါ့။

အင်း...တချို့တချို့သော ယဉ်ကျေးမှုတွေကြားထဲမှာတော့ ကိုယ်က “ဂဏန်း”တစ်ကောင်ပေါ့နော။
ဂဏန်းဖြစ်ချင်လည်း ဖြစ်ပါစေတော့...မကြိုက်တာကြီးကိုတော့ မျက်စိမှိတ်ပြီး ကြိုက်ဟန်မဆောင်ချင်တာမို့ ဂဏန်းဘ၀မှာပဲ ပျော်ပျော်ကြီးပေါ့...

Wednesday, 8 September 2010

ယောနိသောနဲ့ နေတော့မယ် . . .

“ယောနိသော မနသီကာရ”
သင့်တင့်လျှောက်ပတ်စွာနှလုံးသွင်းပါ။

ရှင်တော်ဘုရားဟောကြားတော်မူခဲ့တာပါ။
လောကီရော၊ လောကုတ္တရာအတွက်ပါ လိုက်နာကျင့်သုံးသင့်တဲ့ တရားတော်ပါပဲ။
ဒီခေတ်၊ ဒီအခါလို အမြင်မတော်တာတွေ၊ စိတ်ဖိစီးစရာတွေများလွန်းတဲ့ လောကကြီးမှာ သင့်တင့်လျှောက်ပတ်အောင် နှလုံးမသွင်းနိုင်ရင်တော့ ကိုယ်ပဲဒုက္ခရောက်ဖို့များပါတယ်။

လောလောဆယ်တော့ သင့်တင့်လျှောက်ပတ်အောင် နှလုံးမသွင်းနိုင်သေးတဲ့ ကိုယ့်မှာရောဂါစနေပါပြီ။ နှလုံးသိပ်မကောင်းတော့တာပါပဲ။ ကိုယ့်အသက်က ၃၀ပတ်လည်ဆိုတော့ တကယ်တမ်းပြောရရင် ဒီရောဂါမျိုးနဲ့ ဘယ်လိုမှမပတ်သက်သင့်တဲ့ အရွယ်ပါ။ ဘာကြောင့်ဒီရောဂါ အစပျိုးတာပါလိမ့်လို့ စဉ်းစားမိတော့ အထက်ကတရားတော်ကို သွားတွေ့တာပါပဲ။

ကိုယ့်အကျင့်ဆိုးတစ်ခုက အမြင်မတော်တာတွေတွေ့ရင် ဘယ်လိုမှမနေနိုင်တာပါ။ သူများဝေဒနာကို ကိုယ့်ရင်နဲ့ခံစားတတ်သူလို့ စကားလုံးလှလှ ပြောရင်ပိုကောင်းမယ်ထင်ပါရဲ့။ ဒါပေမယ့် ဘာမှမလုပ်နိုင်တဲ့ အနေအထားမှာ ထိုင်သနားနေခြင်းဟာ အတ္တကိလမထ(ကိုယ့်ကိုယ်ကို နှိပ်စက်ခြင်း)သက်သက်ပါပဲ။ ကိုယ့်ကိုယ်ကိုနှိပ်စက်လာလိုက်တာ နှစ်ပေါင်း၂၀ကျော်ကျော်ဆိုတော့လည်း နှလုံးခမြာမခံနိုင်တော့ရှာဘူးထင်ပါရဲ့။ အသက်ရှူကောင်းကောင်းမ၀တာ၊ အပင်ပန်းမခံနိုင်တာ၊ ကျောဘယ်ခြမ်းကအောင့်တာတို့နဲ့ ကိုယ့်ကိုအချက်ပေးပါတော့တယ်။

ကိုယ့်လုပ်ငန်းသဘာဝက စိတ်ပင်ပန်းလွန်းပါတယ်။ ပညာရေးလောကဆိုတော့ နကိုကမှတာဝန်ကြီးရတဲ့ကြားထဲမှာ ကိုယ်ကိုယ့်ကိုပေးထားခဲ့တဲ့ တာဝန်တွေကပိုလို့တောင်များနေပါသေးတယ်။ ဒါ့အပြင် ရည်ရွယ်ချက်တူပေမယ့် မကြည်ဖြူနိုင်ကြတဲ့ အခြားပညာရေးလောကသား ဆရာ၊ ဆရာမတွေရဲ့ တိုက်ခိုက်ထိုးနှက်တာတွေလည်း တော်တော်များများခံရပါသေးတယ်။ ဒါကိုတော့ ကိုယ်ခေါင်းထဲတောင် ထည့်မစဉ်းစားတာမို့ ပြဿနာမဟုတ်ပါ။ ကိုယ့်ကိုဒုက္ခပေးနေတာက ဘာမဆိုအကောင်းဆုံးဖြစ်ချင်တဲ့စိတ်ပါပဲ။ ကျောင်းသားဘ၀ကတည်းက ဘာပဲလုပ်လုပ်ကောင်းကောင်းလေးလုပ်ချင်ခဲ့တာဆိုတော့ ဒီအကျင့်ကလည်း အရိုးစွဲနေတော့တာပါပဲ။ ပိုဆိုတာက ကိုယ့်ပတ်ဝန်းကျင်ကိုလည်း ကောင်းစေချင်လွန်းတာပါ။ ကိုယ့်ကျောင်းသားတွေကိုလည်း သူများထက်ပိုတော်၊ ပိုစိတ်ဓာတ်ကောင်းတဲ့
တိုင်းပြည့်သားကောင်းတွေ ဖြစ်စေချင်တာပါပဲ။

ကိုယ့်ကိုယ်ကို အကောင်းဆုံးလုပ်တာတော့ ဘာပြဿနာမှ မရှိပါ။
ကိုယ့်စိတ်ကို ကိုယ်ပိုင်တာဖြစ်လို့ အခက်အခဲလည်း မရှိခဲ့ပါ။ သူများကို ကောင်းအောင်ပြုပြင်ရာမှာတော့ တော်တော်ကိုခက်ခဲပါတယ်။ အထူးသဖြင့် သူငယ်တန်းကနေ ကိုးတန်းလောက်ထိ စိတ်ဓာတ်၊ စည်းကမ်း၊ ဇွဲ ဘာတစ်ခုမှမပါခဲ့တဲ့ ကျောင်းသားလေးတွေကို အရှင်မွေးနေ့ချင်းကြီးသလိုဖြစ်အောင် လုပ်ရတဲ့ကိစ္စက အပြောမလွယ်သလို၊ အလုပ်ကလည်း တကယ်ခက်ပါတယ်။ ဒီကြားထဲမှာ မလုပ်နိုင်လို့ ဘေးထိုင်နေပေမယ့် ပါးစပ်မငြိမ်တဲ့ပုဂ္ဂိုလ်ထူးတွေရဲ့ လေသေနတ်ကိုလည်း ခံရပါသေးတယ်။
ကုလားမနိုင်၊ ရခိုင်မဲတတ်တဲ့ ချစ်စွာသောကျောင်းဆရာမတို့ရဲ့ ဗျူဟာဖြစ်တဲ့ ကိုယ့်ကိုစိတ်အလိုမကျလို့ ကိုယ့်ကျောင်းသားလေးတွေကို
ရမယ်ရှာရန်လုပ်တိုင်းလည်း ကလေးတွေအတွက် စိတ်တိုရတာတွေလည်း မနည်းမနောပါ။

ဒီအခက်အခဲတွေကို အံတုပြီးရင်ဆိုင်လာခဲ့တာ ခုနစ်နှစ်မြောက်ပါပြီ။
လူလည်းတော်တော်အီနေပါပြီ။
သေမှာကိုတော့ မကြောက်ပါ။ လူဆိုတာ တစ်နေ့မဟုတ် တစ်နေ့တော့ သေရမှာချည်းပါပဲ။
အလုပ်မလုပ်နိုင်မှာကိုတော့ သေတာထက်ပိုကြောက်ပါတယ်။ ကိုယ်ဘာမှမလုပ်နိုင်ရင် ကိုယ့်ပညာတွေ အလကားဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့်ကိုယ့်ကိုယ်ကို ဆုံးမနေရပါပြီ။ စိတ်မတိုအောင်၊ ဒေါသမထွက်အောင် အမြဲသတိထားပါတယ်။ ကိုယ့်အတွက် အခက်ဆုံးဖြစ်တဲ့ ဥပေက္ခာပါရမီကိုလည်း ဖြည့်နိုင်ဖို့ကြိုးစားပါတယ်။ ကိုယ်မပြောနဲ့ ရှင်တော်ဘုရားတောင်မှ ချွတ်လို့မကျွတ်ခဲ့တဲ့ သတ္တ၀ါတွေပဲလို့ ဖော့တွေးပြီး သက်သာအောင်လည်းနေပါတယ်။

ရှင်းရှင်းပြောရရင်တော့ အဲဒီလိုနေတာဟာ ကိုယ့်စရိုက်မဟုတ်တာကြောင့် တော်တော်လေးတော ကသီလင်တနိုင်ပါတယ်။ မတော်တဲ့အ၀တ်ကြီးကို ၀တ်နေရသလိုပါပဲ။ ဒါပေမယ့် မနိုင်ဝန်ကြီးအတွက် ကိုယ့်ကိုယ်ကိုနှိပ်စက်ပြီး အသက်ကုန်သွားတာထက်စာရင်တော့ နိုင်သလောက်လေးလုပ်ပြီး အသက်ရှည်အောင်နေတာက ပညာရှိပိုဆန်တာကြောင့် ဒီနေ့ကစလို့
ယောနိသော မနသီကရောတော ပါ။

Sunday, 5 September 2010

ဒန့်ကျွဲပင်က ပုခက်များ . . .

ကိုယ်တို့မျိုးဆက်သစ်တွေ တိုးတက်နေပါပြီ...

တကယ်ပါ။ မယုံမရှိပါနဲ့...

ပညာရေးပိုင်း၊ စိတ်ဓာတ်ပိုင်း၊ ညာဏ်ရည်ပိုင်း တိုးတက်တာတော့ မဟုတ်ပါ။ ကျောင်းသားအရွယ်လေးတွေနဲ့ ရည်းစားထားတတ်လာကြတာကို ပြောတာပါ။

ကိုယ်တို့ငယ်ငယ်ကဆိုရင် ကျောင်းသားအရွယ်မှာ ရည်းစားထားဖို့ဆိုတာ အင်မတန်မှ ၀န်လေးပါတယ်။ အပြစ်တစ်ခုလို့ ယူဆထားလို့ ယောင်လို့တောင် မစဉ်းစားရဲပါ။ ကျေုာင်းသားအရွယ်မှာ ရည်းစားထားတဲ့သူတွေ မရှိဘူးလို့တော့ မဆိုလိုပါ။ ကိုယ်တို့ထက် အသက်ကြီးတဲ့ကျောင်းသားကြီးတွေတော့ ရည်းစားတွေဘာတွေထားကြတာ တွေ့ဖူးပါတယ်။
ဒါပေမယ့်...
လူမသိသူမသိအောင် တိတ်တိတ်ပုန်းပြီး ထားကြရတာပါ။


ခေတ်တွေပြောင်းလာတဲ့နောက်မှာတော့ ဒီနေ့မျိုးဆက်သစ်တွေ အလှည့်မှာတော့ ကျောင်းသားအရွယ်မှာ ရည်းစားထားတာဟာ မထူးဆန်းတော့တဲ့ ဖက်ရှင်ဖြစ်လာပါပြီ။ မိန်းကလေးတစ်ချို့ဆိုရင် ခြောက်တန်းကျောင်းသူအရွယ် အသက်၁၂၊ ၁၃ လောက်မှာတောင် ရည်းစားထားနေပါရောလား။ ယောက်ျားလေးကတော့ ကြီးကောင်ဝင်တာ နောက်ကျတဲ့သဘာဝကြောင့် ခုနှစ်တန်း၊ ရှစ်တန်းလောက်မှာမှ ရည်းစားစထားကြပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်မျက်စိထဲမှာ ကလေးလို့မြင်ထားကြတဲ့ အရွယ်လေးတွေ အတွဲကိုယ်စီနဲ့သွားနေကြတာမြင်ရတော့ စိတ်ထဲမှာ အီလည်လည်ကြီးပါ။ ပညာရေးစကား၊ စာမေးပွဲအကြောင်း၊ သူငယ်ချင်းတွေအကြောင်း ပြောရမယ့် ပါးစပ်လေးတွေကနေ ချစ်ပါတယ်၊ ကြိုက်ပါတယ်ဆိုတဲ့ စကားသံတွေထွက်နေတာ ကြားလို့ဘယ်လိုမှ အဆင်မပြေပါ။

လူရယ်လို့ဖြစ်လာကြရင်တော့ လောကနိယာမအရ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားကြစမြဲပါ။ ဒါကတော့ သဘာဝဖြစ်တာမို့ အပြစ်ပြောလို့မရပါ။ ဒါပေမယ့် အရွယ်မရောက်သေးခင် လေး၊ ငါးတန်းအရွယ်မှာ ရည်းစားထားတာကတော့ ကန့်ကွက်ရပါလိမ့်မယ်။ အဲဒီအရွယ်မှာလည်း ဆန့်ကျင်ဘက်လိင်ကို စပြီးတော့ စိတ်ဝင်စားတတ်တာ မှန်ပါတယ်။ ဒါပေမယ့် လက်တွေ့အကောင်အထည်ဖော်ရဲလောက်အောင်တော့ သတ္တိမရှိသင့်သေးတဲ့ အရွယ်ပါ။

ဘာကြောင့်များ ကလေးတွေငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားထားချင်စိတ်တွေ ၀င်ကုန်ကြတာလဲ...

ဒီမေးခွန်းကို တစ်ခုတည်းဖြေလို့ ပြည့်စုံမှာမဟုတ်ပါ။ အခြေခံ အကြောင်းရင်း တော်တော်များများရှိတာကြောင့် ခေါင်းစဉ်ခွဲတွေနဲ့ ဖြေမှ ပိုပြည့်စုံပါလိမ့်မယ်။

(၁) ကလေးတွေကို ကလေးသဘာဝအတိုင်း မထားခြင်း
ကိုယ်တို့ငယ်ငယ်ကဆိုရင် ခြောက်တန်း၊ ခုနစ်တန်းအရွယ်အထိ ယောက်ျားလေး၊ မိန်းကလေး ကျောပိုးတမ်းကစားတုန်းပါပဲ။ ဘယ်သူ့ဘယ်သူမှ ရှက်ရမှန်းတောင် မသိပါ။ တစ်ယောက်ကိုတစ်ယောက်လက်ဆွဲပြီး ပြေးလို့လွှားလို့ကောင်းတုန်းရှိပါသေးတယ်။ ဒီဘက်ခေတ်မှာတော့ ကလေးတွေဟာ ငါးတန်းလောက်အရွယ်ကစလို့ ဆန့်ကျင်ဘက်လိင်အပေါ်မှာ ရှက်စိတ်ဝင်နေပါပြီ။ လွန်ခဲ့တဲ့လေးငါးနှစ်က ဖြစ်ရပ်လေးကို ပြန်ဖောက်သည်ချရရင် ပိုကောင်းမယ်ထင်ပါတယ်။

အဲဒီအချိန်က မူလတန်း၊ အလယ်တန်းကျောင်းသားတွေကို ကိုယ်က နွေရာသီမှာ အခြေခံအင်္ဂလိပ်သဒ္ဒါကို အခမဲ့ပညာဒါနအဖြစ်သင်ပေးပါတယ်။ လေးတန်းကစလို့ ခုနစ်တန်းရှစ်တန်းအရွယ်လေးတွေပါပါတယ်။ အဲဒီလိုသင်ပေးလိုက်တဲ့ လေးတန်းကျောင်းသူလေးတစ်ယောက်က ကျောင်းဖွင့်တော့ ငါးတန်းကျောင်းသူကြီးဖြစ်ပြီပေါ့။ ဒါနဲ့ တစ်ရက်မှာ အဲဒီငါးတန်းကျောင်းသူကြီးနဲ့ ကိုယ်နဲ့ လမ်းမှာဆုံကြတော့ ကိုယ်က ကိုယ့်တပည့်ကို နှုတ်ဆက်မိပါတယ်။ အဲဒီမှာ ခေါင်းကြီးရတော့တာပါပဲ။ ဘာကြောင့်လဲဆိုရင် အဲဒီတပည့် ပိစိကွေးလေးက ဆရာနဲ့စကားပြောရတာတောင် ရှက်ပြီး အပျိုကြီးစတိုင်ဖမ်းနေတာ သွားတွေ့ရလို့ပါပဲ။ တကယ်ဆို ဒီအတန်းလေးတွေဆိုတာ ရိုးရိုးသားသားဖြုဖြူစင်စင်နဲ့ ချစ်စရာကောင်းနေရမှာပါ။ အခုတော့...

ဘာကြောင့် ဒီလိုဖြစ်ရလဲဆိုရင် ကလေးတွေကို အရွယ်မရောက်ခင်မှာ မိဘတွေက အလှပြင်ပေးလွန်းလို့ပါပဲ။ သုံးလေးတန်းအရွယ် သမီးဖြစ်သူကို အပျိုကြီးတွေ ဆင်သလိုဆင်ပေးမှတော့ဖြင့် ဒီကလေးဟာ မြန်မြန်အပျိုဖြစ်ပါလေရော။ ပိုဆိုးတာက ကျောင်းတွေမှာ ငါးတန်းကစလို့ ရင်ဖုံးအကျီင်္ဝတ်ခိုင်းတာပါပဲ။ ရင်ဖုံးဝတ်လိုက်တဲ့ကလေးဟာ သူ့ကိုယ်သူ အပျိုလို့ထင်သွားပါတော့တယ်။ ဆေးပညာအရပဲဖြစ်ဖြစ်၊ စိတ်ပညာသဘောအရဖြစ်ဖြစ် ကြီးကောင်ဝင်မှုကို အကျိုးသက်ရောက်စေတဲ့ အရာတွေမှာ အ၀တ်အစား၊ ပတ်ဝန်းကျင်စတာတွေ ပါပါတယ်။ ငါးတန်းနဲ့ အပျိုဖြစ်တဲ့ကလေးတစ်ယောက်ဟာ ရှစ်တန်းမှာ ရည်းစားထားတာ သိပ်တော့မထူးဆန်းတော့ပါ။ ရင်ဖုံးလေးနဲ့ ကြည့်လို့လှရုံတစ်ချက်တည်းနဲ့ ကလေးတွေ အရွယ်အမြန်ရောက်ကုန်ကြတာ မထိုက်တန်ပါ။ ဆင်ခြင်ပေးနိုင်ရင် ကောင်းပါလိမ့်မယ်...

(၂) ကိုရီးယားဇာတ်ကားတွေ ခေတ်စားလွန်းခြင်း
ဒီဘက်ခေတ်က ကိုရီးယားမှ ကိုရီးယားဖြစ်နေတာ လွန်လွန်းပါတယ်။ တကယ်လို့များ ကိုရီးယားက မြန်မာနိုင်ငံကို လာသိမ်းမယ်ဆိုရင် ကြည်ကြည်ဖြူဖြူနဲ့ ပေးကြမယ်ထင်ရပါတယ်။ “အိုပါး”ချင်း မိုးမွှန်အောင်ခေါ်ပြီး ကိုရီးယားကို အပြေးကလေး လင်တော်ချင်သူတွေကလည်း အများသားဖြစ်နေတယ် မဟုတ်လား။ ကိုရီးယားကားနှစ်ကား၊ သုံးကားတော့ကြည့်ဖူးပါတယ်။ ရည်းစားထားတာရယ်၊ ဆေးရုံတက်တာရယ်၊ ထမင်းစားတာရယ်၊ ဆိုဂျုသောက်တာရယ်ပဲ တွေ့ရပါတယ်။ အ၀တ်အစား၊ အသုံးအဆောင် ကြော်ငြာနေတာ များတာပါပဲ။ အဆိုးဆုံးကတော့ တစ်ချစ်ထဲချစ်နေတာပါ။ တစ်ခါတစ်လေများ တစ်ယောက်ကတစ်ယောက်ကို ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ လိုက်ကြိုက်နေလိုက်ချေပါသေးတယ်။

ဈေးပေါပေါရတဲ့ ကိုရီးယားကားတွေ များများကြည့်ပြီး ဘာရောဂါတွေဖြစ်ကုန်ကြသလဲဆိုရင် ယောက်ျားလေးတွေက ခပ်ပျော့ပျော့ ခပ်ခြောက်ခြောက်တွေဖြစ်ကုန်ကြပြီး မိန်းကလေးတွေက ရည်းစားတွေသူ့ထက်ငါထားကုန်ကြတာပါပဲ။ ကလေးတွေရည်းစားထားတာနဲ့ သူတို့နဲ့မဆိုင်ဘူးလို့ မပြောစေချင်ပါ။ ကိုယ်တက္ကသိုလ်ကျောင်းသားဘ၀က အိမ်ဘေးကရှစ်တန်းကျောင်းသားလေးပြောတာ နားထောင်ကြည့်စေချင်ပါတယ်။

တစ်ရက်မှာ အဲဒီကျောင်းသားလေးက ကိုယ့်ကိုပြောပါတယ်။ သူရည်းစားထားချင်ပါသတဲ့။ ကိုယ်လည်းခေါင်းကြီးသွားတာနဲ့ ဘယ်လိုဖြစ်သလဲပေါ့၊ ကလေးက ကလေးလိုမနေချင်တာကို မေးကြည့်ပါတယ်။ အဲဒီမှာ သူဘာပြန်ပြောသလဲဆိုတော့ အစ်ကိုရာတဲ့ အိမ်ကမြန်မာကားတွေ ငှားငှားကြည့်တော့ ဇာတ်ကားတွေထဲမှာ သူများတွေရည်းစားထားတာမြင်ပြီး သားလည်းအားကျလို့ပါတဲ့။ ကိုယ်တော်တော်လေး စဉ်းစားမိသွားပါတယ်။ ကြားပါများတော့ယဉ်၊ မြင်ပါများတော့ ရိုးဆိုတဲ့အတိုင်း နေ့ရှိသ၍ ရည်းစားထားတာ၊ ချစ်တာကြိုက်တာတွေ မြင်နေရတဲ့ မျိုးဆက်သစ် ကျောင်းသားအရွယ်လေးတွေဟာ ရည်းစားထားခြင်းကို အပြစ်လို့မမြင်ကြတော့ဘဲ ခပ်လွယ်လွယ်၊ အပျော်ကိစ္စလို့ သတ်မှတ်လိုက်ကြပါတော့တယ်။

(၃) မိမိကိုယ်မိမိ တန်ဖိုးထားမှု စံလွဲခြင်း
တကယ်ဆို ကျောင်းသားတစ်ယောက်ဟာ သူ့ပညာရေးဟာ သူ့ဂုဏ်သိက္ခာဖြစ်တယ်ဆိုတာ သဘောပေါက်ရမှာပါ။ ပညာရေးမှာ အောင်မြင်ခြင်းသည် သူ့ရဲ့အဓိက ရည်မှန်းချက်ဖြစ်ကြောင်း နားလည်ထားရမှာပါ။

ဒီခေတ်ကလေးတွေမှာ ဘာတွေသွားတွေ့သလဲဆိုရင် လူကြိုက်များခြင်း၊ စာလိုက်ပေးသူများခြင်းကို ဂုဏ်တစ်ခုလို့ ယူဆနေကြတာပါပဲ။ ဖြစ်သင့်တာက အဲဒီကိစ္စဟာ ဒီအရွယ်မှာ မဖြစ်သင့်သေးကြောင်း၊ ကြိုက်တဲ့သူများခြင်းဟာ မထူးဆန်းတဲ့အကြောင်းပြောထားသင့်ပါတယ်။ ဒါဟာ သူ့အတွက် မက်လောက်စရာ ဂုဏ်သိက္ခာ မဟုတ်သေးတာကို သိအောင်လုပ်ပေးသင့်ပါတယ်။

အခုတော့ ကလေးတွေဟာ သူတို့ရဲ့ဂုဏ်သိက္ခာကို ဘယ်မှာသွားရှာရမှန်း မသိဘဲဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုရင် ကျောင်းသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာ ဘာလဲမသိကြလို့ပါ။

(၄) မိဘ၊ ဆရာတို့ထံမှ မေတ္တာတရားနှင့် ဂရုစိုက်မှုကို လုံလောက်အောင်မရခြင်း
ကျောင်းက ဆရာ၊ အိမ်ကမိဘတို့ရဲ့ ပြုစုစောင့်ရှောက်မှုကို ပြည့်ပြည့်၀၀မရတဲ့ကျောင်းသားတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားထားလေ့ရှိကြပါတယ်။ မေတ္တာအစစ်မရနိုင်လို့ မေတ္တာအတုကို ရှာတဲ့သဘောပါပဲ။ တစ်ချို့ကျတော့လည်း ရည်းစားများတာ စိတ်ဝင်စားတဲ့လူများတာကို ဂုဏ်ယူတတ်ပါသေးတယ်။ ဒါဟာ သဘာဝဖြစ်ပါတယ်။ ဘယ်သူမဆို ကိုယ့်ကို လှတယ်ပြောတာတော့ ကြိုက်ကြတာပါပဲ။ အမှားအမှန်ကို သေသေချာချာ မသုံးသပ်နိုင်သေးတဲ့ ကလေးအရွယ်မှာ ပိုဆိုးပါတယ်။ ဒါကြောင့်

ဆရာနဲ့၊ မိဘတို့က ကလေးတွေရဲ့ အနေအထားကို အမြဲသတိရှိဖို့လိုပါတယ်။ ဆန့်ကျင်ဘက်တို့ရဲ့ သဘာဝကိုလည်း လိုအပ်သလို သိအောင်ပြောထားသင့်ပါတယ်။



(၅) လုံလောက်သော ပညာပေးမှု မရခြင်း
မိဘအများစုနဲ့ ဆရာအများစုက ကလေးတွေရည်းစားထားတာကို မကြိုက်ကြပါ။ မှန်ပါတယ်။ ဘယ်သူမှမကြိုက်ပါ။ ဒါဆိုရင် သူတို့ဘာလုပ်ကြပါသလဲ။ ရည်းစားထားမိတဲ့ ကလေးကို အပြစ်ရှိတယ်လို့ယူဆပြီး ရိုက်နှက်ဆုံးမလေ့ရှိပါတယ်။ ဒါဟာ အလွန်မှားပါတယ်။ မိဘနဲ့ ဆရာဆီက ရိုက်နှက်မှု၊ အပြစ်တင်ဆဲဆိုမှုတွေဟာ ကလေးကို သူ့ရည်းစားနဲ့ ပိုနီးစပ်အောင်၊ ပိုအားကိုးသွားအောင် လုပ်သလိုဖြစ်စေပါတယ်။ အားကိုးရာမရှိတော့ရင် မရှိရှိတာ အားကိုးတတ်တဲ့လူ့သဘာဝအရ အရွယ်မတိုင်ခင် အိမ်ကထွက်ပြေးပြီး အိမ်ထောင်ကျရတဲ့ အဖြစ်မျိုးတွေကြုံမှာ ဖြစ်ပါတယ်။

အရိုးဆုံးနဲ့ အရှင်းဆုံးပြောရရင်တော့ ကလေးတွေကို စေတနာအပြည့်နဲ့ စောင့်ရှောက်ပေးမယ်ဆိုရင် ဘယ်ကလေးမှ ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားထားဖြစ်မှာ မဟုတ်တော့ပါ။

တစ်ချို့မိဘတွေရှိပါတယ်။ သူတို့သမီးကို စာလိုက်ပေး၊ စကားလိုက်ပြောတဲ့ ကောင်လေးတွေကို ပါးစပ်နဲ့ရော ကိုယ်ထိလက်ရောက်ပါ ကျူးလွန်လေ့ရှိပါတယ်။ အဲဒီတော့ ဘာအကျိုးရှိပါသလဲ။ သေချာတာတစ်ခုကတော့ အဲဒီလို လုပ်ခြင်းဟာ ကိုယ့်ကလေးကို အဲဒီကောင်လေးနဲ့ ပိုပြီးနီးစပ်အောင်လုပ်ပေးနေတာပါပဲ။ ဘာကြောင့်လဲဆိုရင် သနားတတ်တဲ့မိန်းကလေးသဘာဝအရ မိဘမောင်ဘွားတွေရဲ့ ကိုယ်ထိလက်ရောက်လုပ်ခံရတဲ့ ကောင်လေးကို မိန်းကလေးက သနားပြီး မေတ္တာသက်ဝင်သွားလေ့ရှိလို့ပါ။

ဖြစ်သင့်တာက ကလေးတွေ ကြီးကောင်ဝင်ကတည်းက ကျားသဘာဝ၊ မသဘာဝတွေကို နားလည်အောင်ပြောထားရပါမယ်။ ကိုယ်တို့ငယ်ငယ်က ကိုယ့်မေမေက မိန်းမတွေသဘာဝကို ပြောထားတော့ အကြောင်းသိနေပြီဖြစ်လို့ မိန်းကလေးတွေနဲ့ကြုံတော့ ထူးပြီးရင်မခုန်တော့ပါ။ ဒီလိုပဲ ကိုယ့်ညီမကိုလည်း ကိုယ့်အဖေက ယောက်ျားတွေအကြောင်းကို ကြိုပြောထားပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ဆန့်ကျင်ဘက်လိင်အကြောင်းကို သိသွားပြီး လက်တွေ့စူးစမ်းစရာမလိုတဲ့အတွက် ရည်းစားထားချင်စိတ် စောစောစီးစီးမပေါ်တော့ပါ။

ကလေးတွေ ကျောင်းသားအရွယ်မှာ ရည်းစားထားတော့ ဘာပြဿနာဖြစ်နိုင်လဲ...

ပြဿနာမှ တကယ့်ပြဿနာကြီးတွေ ဖြစ်ပါလိမ့်မယ်။ အဲဒီပြဿနာတွေက..

(၁) ပညာရေးဘက်မှာ အာရုံစိုက်မှု ကျဆင်းခြင်း
ကျောင်းသားတစ်ယောက်မှာ ရည်းစားထားတာပဲဖြစ်ဖြစ်၊ ရည်းစားထားချင်စိတ် ၀င်လာတာပဲဖြစ်ဖြစ် ပထမဆင့်ကတော့ ကျောင်းစာကို အာရုံမစိုက်တော့တာပါပဲ။ ကျောင်းစာအစား အလှပြင်တာ၊ အပြင်ထွက်တာတွေကို ပိုပြီးအလေးပေးလာပါတော့တယ်။ ကျောင်းသားတစ်ယောက်အနေနဲ့ သူ့ရဲ့အဓိက တာဝန်ဖြစ်တဲ့ ပညာရေးကို အာရုံစူးစိုက်မှု ကျဆင်းသွားခြင်းဟာ တကယ့်မဟာ ပြဿနာဖြစ်ပါတော့တယ်။

(၂) အရွယ်မတိုင်ခင် အိမ်ထောင်ကျခြင်း
ရည်းစားထားတာချင်းတူပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားထားသူတွေမှာ စောစောစီးစီးအိမ်ထောင်ကျဖို့ အခွင့်အရေးပိုများပါတယ်။ ဘာကြောင့်လဲဆိုရင် ကျောင်းသားအရွယ်မှာ ဘာကိုမဆိုမစူးစမ်းမဆင်ခြင်ဘဲ လုပ်တတ်တဲ့ဥာဉ်ကလေးတွေ ရှိတတ်တဲ့အပြင် မျိုးဆက်ပွားပညာရေးနဲ့ ပတ်သက်လို့လည်း အသိဥာဏ်ဖွံ့ဖြိုးမှု မရှိသေးတာကြောင့်ပါပဲ။ ကိုယ်တို့တိုင်းပြည်မှာ လိင်ပညာပေးဆိုတာ အခုထိနားစိမ်းနေဆဲပါ။ တကယ်တော့ လူရယ်လို့ဖြစ်လာရရင် ဒီကိစ္စတွေဟာ သဘာဝတရားတွေပဲမို့ င်္ကြီးကောင်ဝင်တာနဲ့ ကလေးတွေကို အသိထည့်ပေးဖို့ လိုကိုလိုအပ်ပါတယ်။ အခုတော့ မိဘရော၊ ဆရာရောက အဲဒီကိစ္စကို ရှက်စရာလို့ သဘောထားပြီး ကလေးတွေကို အသိမပေးဘဲထားလေ့ရှိတာကြောင့် ကလေးတွေမှာ အနေအထိုင်မှားသွားလို့ ဖြစ်တဲ့ပြဿနာကို မဖြေရှင်းတတ်တော့ဘဲ အိမ်ထောင်ပြုရတာမျိုးတွေ ဖြစ်လာပါတော့တယ်။

အဲဒီလို အရွယ်မတိုင်ခင် အိမ်ထောင်ကျတဲ့ အတွဲတွေအနက်က အများစုဟာ ၃နှစ်အတွင်းမှာ ကွဲလေ့ရှိပါတယ်။ အဲဒီလိုမှမဟုတ်ရင်လည်း ကလေးတစ်ယောက်ရတဲ့အခါ ကွဲလေ့ရှိပါတယ်။ ငယ်ရွယ်လွန်းတဲ့ မိဘအနေနဲ့ သားသမီးထိန်းသိမ်းမှု ပညာ၊ ဥာဏ်ရည် မဖွံ့ဖြိုးသေးတာကြောင့် မျိုးဆက်သစ်ရဲ့ မျိုးဆက်သစ်ရင်သွေးငယ်လေးတွေမှာ အစစအရာရာ လိုအပ်ချက်တွေနဲ့ ဒုက္ခတွေ့ရပါတော့တယ်။ တိုင်းပြည်ရဲ့ စာရိတ္တမဏ္ဍိုင်ပါ ကျဆင်းပါလိမ့်မယ်။ ပိုဆိုးတာက ကလေးရနေပေမယ့် အရွယ်လေးတွေက ပျော်ချင်ပါးချင်တဲ့ အရွယ်ဖြစ်နေတာကြောင့် ကလေးကို ထိန်းသိမ်းရတာ ၀န်ထုပ်ဝန်ပိုးလို့ ခံစားလာရတတ်ပြီး ကလေးဘ၀မှာ စိတ်ဒဏ်ရာတွေဖြစ်စေပါတယ်။ အဲဒီကလေးရဲ့ အနာဂတ်လည်း လှပမှာ မဟုတ်တော့ပါ။


(၃) လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ပြန့်ပွားလွယ်ခြင်း
ကျောင်းသားအရွယ်ဆိုတာ ဘာမဆို လက်တည့်စမ်းချင်တဲ့အရွယ်ပါ။ ဒီခေတ်သမီးရည်းစားနဲ့ ကိုယ်တို့ခေတ်က သမီးရည်းစားတော်တော်ကို ကွာနေပါပြီ။ ကိုယ်တို့ခေတ်က ကိုယ့်ရည်းစားရဲ့လက်ကလေးကိုင်ဖို့တောင် တော်တော်သတ္တိမွေးရပေမယ့် ဒီခေတ်မှာတော့ အဲဒီအပရိက ကိစ္စလေးတွေဟာ ကလေးတွေအတွက် စာရင်းမ၀င်တဲ့ အသေးအဖွဲလေးတွေဖြစ်နေပါပြီ။ တချို့ဆိုရင် ကျောင်းသားအရွယ် သမီးရည်းစားဘ၀နဲ့ လင်မယားအရာမြောက်ပြီးသူတွေ တော်တော်များလာပါပြီ။

လိင်ကိစ္စဆိုတာ အရွယ်မတိုင်ခင် အထမမြောက်သင့်တဲ့ အရာဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်တို့တိုင်းပြည်မှာပါ။ အနောက်တိုင်းမှာတော့ ပြဿနာမရှိပါ။ ဘာကြောင့်လဲဆိုရင် သူတို့ဆီက မိန်းကလေးတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ စိတ်ဓာတ်ခွန်အား စတာတွေမှာ ကိုယ်တို့ကလေးတွေလို မဟုတ်ပါ။ ကိုယ်တို့ကလေးတွေကတော့ မိဘအုပ်ထိမ်းမှုအောက်မှာ ရှိတဲ့အပြင် ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း နည်းကြတာမို့ စွဲလမ်းစေတတ်တဲ့ ဒီကိစ္စနဲ့ အရွယ်မရောက်ခင် ရင်းနှီးသွားရင် မိဘမောင်ဖွား အရှက်ရစရာတွေ ဖြစ်လာပါလိမ့်မယ်။

နုနယ်တဲ့အရွယ်မှာ လိင်ကိစ္စကိုအာရုံဝင်စားသွားရင်တော့ Sexual transmitted disease(STD)ဆိုတဲ့ လိင်မှတစ်ဆင့် ဖြစ်ပွားစေတတ်သော ရောဂါတွေ ပြန့်ပွားမှုကို ထိန်းချုပ်ရာမှာ အခက်အခဲတွေတွေ့မှာမလွဲပါ။

အဲဒီလောက်ဆိုရင် ကျောင်းသားအရွယ်မှာ ရည်းစားထားခြင်းဟာ ဘယ်လောက်အန္တရာယ်ကြီးတယ်ဆိုတာ သိလောက်ပါပြီ။ ဆောင်းပါးလည်း တော်တော်ရှည်နေပြီဖြစ်လို့ နိဂုံးချုပ်မှဖြစ်ပါလိမ့်မယ်။ ကျောင်းသားတွေ အရွယ်မရောက်ခင် အိမ်ထောင်ရေးကို စိတ်မ၀င်စားအောင် ဘယ်လိုနည်းလမ်းတွေ သုံကြရမယ်ဆိုတာကို နောက်ဆောင်းပါးတွေမှာ ထပ်တင်ပြပါဦးမယ်။

မျိုးဆက်သစ်တို့ရဲ့ နုပျိုတဲ့စိတ်ဓာတ်အင်အားတွေနဲ့ တိုင်းပြည်ရဲ့အနာဂတ်ကို လှပအောင်တည်ဆောက်နိုင်ဖို့ ၀ိုင်းဝန်းကူညီ ကြိုးစားပေးကြပါစို့လား။


Thursday, 2 September 2010

စာမေးပွဲ . . . စာမေးပွဲ . . .

ဒီရက်ပတ်တွေမှာ အလုပ်အင်မတန်မှ များပါတယ်။ ကိုယ့်ကျောင်းသားတွေကို လစဉ်စာမေးပွဲစစ်တဲ့ သီတင်းပတ်ဖြစ်နေလို့ပါ။ လူရွှင်တော်တွေပြောတဲ့လေနဲ့ပြောရရင်တော့
ယားတာတောင်မကုတ်အားလို့ ထုံးတို့မှတ်ထားပြီး အားတဲ့နေ့မှ စုကုတ်ရတယ်လို့ပဲ ပြောရမယ်ထင်ပါတယ်။

စာမေးပွဲဆိုတဲ့အရာဟာ တန်ဆေး၊လွန်ဘေးပါ။
စာမေးပွဲမရှိပြန်ရင်လည်း ကျောင်းသားတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ မလုပ်နိုင်ပါဘူး။ စာမေးပွဲငယ်တွေနဲ့ကျင့်ပေးမှ သူတို့တွေ စာဘယ်လောက်ရနေတယ်၊ ဘယ်နေရာတွေမှာ အားနည်းနေတယ်ဆိုတာ သူတို့ကိုယ်တိုင်သိလာမှာပါ။ အရေးကြီးတာကလည်း သူတို့ကိုယ်တိုင်သိဖို့ဖြစ်ပါတယ်။ ဆရာသိဖို့ဆိုတာက ဒုတိယဦးစားပေးပါ။ သူတို့သိမှ သူတို့ပြင်နိုင်မှာဖြစ်ပါတယ်။ ဆရာ့အလုပ်က ကျောင်းသားတွေသူတို့ အားနည်းချက်တွေကို မမြင်နိုင်ရင် မြင်အောင်ပြောပြပေးဖို့ပါပဲ။ နောက်တစ်ချက်က စာမေးပွဲတွေဖြေရင်းနဲ့မှ ဘယ်မေးခွန်းတွေက အမှတ်ဘယ်လိုရတယ်ဆိုတာကို သူတို့တွေ သဘောပေါက်လာမှာဖြစ်ပါတယ်။

လတ်တလောအနေအထားအရတော့ ပညာရေးလောကမှာ စာမေးပွဲစံနစ်ဟာ ကျောင်းသားတွေကို ပြုစုပျိုးထောင်လေ့ကျင့်ပေးတဲ့နေရာမှာ အသင့်တော်ဆုံးဖြစ်နေပါတယ်။ ဒါပေမယ့် အကောင်းဆုံးလို့တော့လည်း မဆိုနိုင်သေးပါ။ ဘာကြောင့်လဲဆိုတော့ စာမေးပွဲစံနစ်ဟာ မေးခွန်းအပေါ်မှာ အားပြုထားတာဖြစ်လို့ မေးခွန်းအခြေအနေအရ အရည်အသွေးစံသတ်မှတ်ချက်တွေ ကွာခြားသွားနိုင်လို့ပါပဲ။ ဘာပဲဖြစ်ဖြစ် ကျောင်းသားတွေရဲ့ အရည်အသွေးကို မြှင့်တင်ဖို့ကြိုးစားတဲ့နေရာမှာ ကိုယ်တို့လည်း စာမေးပွဲစံနစ်ကိုပဲ အကောင်းလုပ်ပြီး သုံးနေရတုန်းပါ။

တစ်ခုပြောစရာရှိတာက အများစုအနေနဲ့ ကျောင်းသားတွေကို စာမေးပွဲငယ်တွေနဲ့ လေကျင့်ပေးတဲ့နေရာမှာ အများစုရဲ့ရည်ရွယ်ချက်က အတန်းတင်စာမေးပွဲကြီးအတွက် အထောက်အကူဖြစ်ဖို့ပါ။ ဒါပေမယ့် ကိုယ်ကတော့ အတန်းတင်စာမေးပွဲဆိုတာကို ခေါင်းထဲမှာ တစ်ခါမှထည့်မထားပါ။ ရင်လည်းမခုန်ပါ။ ကိုယ့်ကျောင်းသားလေးတွေကို စာမေးပွဲငယ်တွေစစ်ရခြင်းရဲ့ရည်ရရွယ်ချက်က သူတို့တွေရဲ့ ခေါင်းထဲမှာကိုယ်ထည့်ပေးလိုက်တဲ့ အသိတွေကို လက်တွေ့အခြေအနေမှာ ဘယ်လိုအသုံးချမလဲဆိုတာ လေ့ကျင့်ပေးတာပါ။ ကိုယ်က စာသင်တယ်ဆိုတာထက် သူတို့ဘ၀နေနည်းကို ပိုလို့ဦးစားပေးပြီးသင်ပေးတာပါ။ ဘယ်တော့မှလည်း ကိုယ်ဖြစ်စေချင်တဲ့ပုံစံထဲကို ကျောင်းသားတွေကို ရိုက်မထည့်ခဲ့ပါ။ သူတို့နဲ့သင့်တော်မယ့် သူတို့အတွက်ဖြစ်သင့်တဲ့ နည်းစံနစ်အတိုင်း၊ ပုံစံအတိုင်း ကိုယ်လိုက်လုပ်ပေးတာပါ။ ကိုယ့်အယူအဆကတော့ အဲဒါကပဲ ဆရာ့အလုပ်လို့ထင်ပါတယ်။

စာမေးပွဲစစ်ရာမှာ တန်ဆေး၊ လွန်ဘေးလို့ အထက်မှာ ကိုယ်ပြောခဲ့ပါတယ်။ စာမေးပွဲများသွားရင်လည်း ကျောင်းသားတွေဆိုတာ ညည်းငွေ့သွားပါတယ်။ ဒါ့အပြင် သူတို့အတွက် မထူးဆနုးတဲ့အရာ ဖြစ်သွားတာမို့ တန်ဖိုးထားမှု၊ အလေးထားမှုပါ လျော့သွားနိုင်ပါတယ်။ အဲဒီလို အခြေအနေမျိုးရောက်သွားရင် စာမေးပွဲဟာ အရှုံးပေါ်သွားပါပြီ။ အချိန်တွေ၊ ငွေတွေ၊ စိုက်ထုတ်မှုတွေနဲ့ရင်းထားရတဲ့ စာမေးပွဲတစ်ခု အလဟဿဖြစ်သွားရင် တကယ်နှမြောဖို့ကောင်းပါတယ်။

တန်ဆေးနဲ့ လွန်ဘေးကြားမှာ အလွှာပါးပါးလေးပဲ ရှိတာဖြစ်လို့ ကိုယ်တို့မှာ အတော်ကြီးကို သတိထားရပါတယ်။ စာမေးပွဲကို ကျောင်းသားတွေမကြောက်အောင်ကျင့်ပေးတာမှန်ပေမယ့် တန်ဖိုးမထားတဲ့အဆင့်ထိရောက်သွားဖို့ ရည်ရွယ်မထားတာကြောင့် စာမေးပွဲကို ကျောင်းသားတွေမရိုးအောင် နည်းမျိုးစုံနဲ့လုပ်ရပါတော့တယ်။ တစ်ခါတစ်ခါပျော်စရာကောင်းအောင်တောင် လုပ်ပေးရပါသေးတယ်။ ပညာရေးလောကဆိုတာ ချဲ့ရင်ချဲ့သလောက်ကျယ်သလို၊ လုပ်ရင်လုပ်သလောက် အလုပ်များတာကြောင့် လစဉ်ပထမပတ်စာမေးပွဲကာလတိုင်းမှာ ကိုယ်တော့ယားတာတောင် မကုတ်အားပါလို့ပြောရပါလိမ့်မယ်။

ဒီဆောင်းပါးကိုတောင် ကျောင်းသားတွေစာမေးပွဲဖြေနေချိန်မှာ အချိန်လုပြီးရေးပါတယ်။ ညပိုင်းဆိုရင်လည်း မေးခွန်းထုတ်ရ၊ အဖြေလွှာစစ်ရနဲ့ နှစ်နာရီလောက်မှ အိပ်ရတာများပါတယ်။ အိပ်ရာထဲဝင်အိပ်ရင် မနက်ပိုင်းမှာ မနိုးမှာစိုးရတာကြောင့် ကုလားထိုင်ပေါ်မှာပဲ အိပ်ရတာလည်း သိပ်တော့မနိပ်လှပါ။ ဒါပေမယ့် ဆရာဖြစ်နေမှတော့ အပင်ပန်းခံရမှာပေါ့လို့အားတင်းပြီး ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက်တော့လည်း ကြိုးစားပါတယ်။

ကိုယ်ဆုံးဖြတ်ထားတာက စေတနာအပြည့်နဲ့ လုပ်နေနိုင်သမျှ ဒီလောကထဲမှာ ကိုယ်လုပ်မယ်။ တကယ်လို့ စေတနာမထားနိုင်တော့ဘူး၊ စေတနာ မသန့်တော့ဘူးလို့ ကိုယ့်ကိုယ်ကို ယူဆတဲ့နေ့ရောက်ရင်တော့ ပညာရေးလောကကို နှုတ်ဆက်ပါမယ်။ ဘာကြောင့်လဲဆိုရင် ဆရာအလုပ်ဆိုတဲ့ မွန်မြတ်သန့်စင်တဲ့ အသက်မွေးဝမ်းကျောင်းမှုကို တန်ဖိုးထားလေးစားလို့ပါ။

ဒီဆောင်းပါးကို ဆရာလုပ်တာ လွယ်ပါတယ် ၊
ဆရာတွေဟာ ငွေကိုလွယ်လွယ်ရနေကြပါတယ်လို့ထင်သူများအတွက် အထူးရည်ရွယ်ပြီးရေးပါတယ်...

ကြိုက်ရင်ပေါ့လေ . . .