Friday, 7 May 2010

Some Useful Idioms

Idioms ဆိုတာ တကယ်တော့ ဗန်းစကား၊ အရပ်သုံးစကား ဖြစ်လို့ပညာတတ် လူတန်းစားနဲ့တော့ သိပ်မသင့်တော်ပါ။ ဒါပေမယ့် မသိသင့်တဲ့ ပညာဆိုတာတော့ မရှိတာမို့ သိအောင်လုပ်ထား ဖို့တော့ လိုပါတယ်။ ဒါကြောင့် အသုံးများတဲ့ Idioms အချို့ကို စုဆောင်းတင်ပြလိုက်ပါတယ်။


from A to B - အစအဆုံး

He knows the facts of the case from A to Z।( ဒီဖြစ်စဉ်ရဲ့ အချက်အလက်တွေကို သူအစအဆုံးသိတယ် )


about to – အံ့ဆဲဆဲ

When you called, I am about to leave।(မင်းခေါ်တဲ့အချိန်က ငါအပြင်ထွက်ကာနီးပဲ)


ace in the hole – ၀ှက်ဖဲ

His strength in a crisis is an ace in the hole।(အကြပ်အတည်းကြားထဲမှာ သူ့ရဲ့ခွန်အားဟာ သူ့ရဲ့ဝှက်ဖဲပဲ)


hot air – ကြွားလုံး

He talks a lot of hot air।(သူတော်တော်ကြွားလုံးထူတာပဲ)


alive and kicking – ဒေါင်ဒေါင်မြည် ကျန်းမာသော

He is alive and kicking now। (သူအခုတော့ ဒေါင်ဒေါင်မြည် ကျန်းမာနေပြီ)


all in one – စွယ်စုံသုံး

It is a corkscrew and bottle-opener all in one।( ဒါက ဖော့ဆို့နဲ့ ပုလင်းဖွင့်တဲ့ စွယ်စုံသုံး ကိရိယာပဲ)


alpha and omega – အစအဆုံး၊ အရာရာ

She is the alpha and omega of his life।(သူမဟာ သူ့ဘ၀အတွက် အရာရာပဲ)


answer back – ပြန်ရန်တွေ့သည်၊ ခံပြောသည်

When your mother scolds you, you should not answer back।(မင်းအမေ မင်းကိုဆူရင် မင်းကပြန်ခံ မပြောသင့်ဘူး)


arm-chair critic – လက်တွေ့မသိဘဲ ဝေဖန်သူ

U Ba is nothing, but an arm-chair critic।(ဦးဘဟာဘေးထိုင်ဘုပြောသမားကလွဲပြီး ဘာမှမဟုတ်ပါဘူး)


with open arms – လှိုက်လှိုက်လှဲလှဲ

His father received him with open arms।(သူ့အဖေက သူ့ကိုလှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်)


under arms – လက်နက်တပ်ပြီး အဆင်သင့်ဖြစ်သော

We will be under arms within two years।(ငါတို့တွေ နှစ်နှစ်အတွင်း လက်နက်တပ်ပြီး အဆင်သင့်ဖြစ်မယ်)

No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger