Monday 18 October 2010

ထိတ်လန့်စရာအကောင်းဆုံး ရုပ်ရှင် ၁၀ကား . . .

ရုပ်ရှင်ဆိုတာ
ကြည့်သူတွေကို ရင်ရှုပ်အောင်လုပ်တဲ့ အရာဖြစ်ပါတယ်။ ဟာသကား၊ စစ်ကား၊ အချစ်ကား၊ စုံထောက်ကား၊ လျှို့ဝှက်သည်းဖိုကားစသည်ဖြင့် ဇာတ်လမ်းပေါင်းကလည်း စုံတကာစေ့လို့ နေပါတယ်။ ဇာတ်ကားအများစုကတော့ နံမည်ကြီးသရုပ်ဆောင်တွေနဲ့ အားဖြည့်ပြီး ဇာတ်အိမ်ဝေေ၀ဆာဆာနဲ့ ရိုက်ကူးထုတ်လုပ်လေ့ရှိပါတယ်။ ဒါမှလည်း ပရိသတ်ကြိုက်တဲ့ ဇာတ်ကားဖြစ်လာမှာပါ။


ဒါပေမယ့် နံမည်ကြီးသရုပ်ဆောင်တွေ သိပ်မပါဘဲ ပရိသတ်ကြိုက်အောင် ရိုက်နိုင်တဲ့ဇာတ်ကားအမျိုးအစားကတော့ ထိတ်လန့်သည်းဖို ခပ်လွယ်လွယ်ခေါ်ရရင်တော့ သရဲကားတွေဖြစ်ပါတယ်။

နည်းပညာမတိုးတက်ခင် တိပ်သားခေတ်တုန်းကတော့ ရုပ်ရှင်တစ်ကားကြည့်ဖို့အရေး အတော့်ကို ၀ါယမစိုက်ရပါတယ်။ ကားကောင်းဖြစ်ပေမယ့် အိမ်မှာဝယ်ထားနိုင်ဖို့ မလွယ်ပါ။ ဗီစီဒီခေတ်ရောက်လာတော့ ရုပ်ရှင်ကြည့်ရတာ အတော်အဆင်ပြေလာပါတယ်။ အခုခေတ်လို နည်းပညာရေစီးကြောင်း အရှိန်ကောင်းနေချိန်မှာတော့ ရုပ်ရှင်ကြိုက်သူတွေအတွက် အင်မတန်မှ အဆင်ပြေလှပါတယ်။

ကိုယ်တို့နိုင်ငံမှာတော့ မူပိုင်ခွင့်ဥပဒေကလည်း အသက်မ၀င်သေးတာကြောင့် ဇာတ်ကားပေါင်း၂၀လောက်ပါတဲ့ ဒီဗီဒီတစ်ခွေကိုမှ ၁၀၀၀ ၀န်းကျင်ပဲပေးရတာဆိုတော့ ရုပ်ရှင်ကြိုက်တဲ့ ၀ါသနာအိုးတွေအတွက် အချိုရှာသကာတင်မကာပဲ ပျားရည်အိုးပါတွေ့လို့နေပါရဲ့။ အဲဒီခွေဆိုင်တွေမှာကြည့်ရင် အရောင်းရဆုံးဇာတ်ကားခွေတွေထဲမှာ သရဲကားခွေတွေ ပါနေတာတွေ့နိုင်ပါတယ်။ ယိုးဒယားသရဲကား၊ အင်ဒိုသရဲကားတွေအပြင် တလောဆီက မြန်မာသရဲကားတွေပါ ထွက်လာပါသေးတယ်။ ဒါပေမယ့် မြန်မာသရဲကားကတော့ မိတ်ကပ်အဖွေးသားနဲ့ အင်္ကျိအဖြူကြီးတွေဝတ်ပြီး သရဲပုံဖမ်းထားပေမယ့်
အလင်းအမှောင်နဲ့ ကင်မရာအယူအဆတွေလိုနေသေးတာကြောင့် ကြောက်ရမယ့်အစား ရယ်စရာပိုကောင်းပါသေးတယ်။ ဒါတောင်မှ အဲဒီမြန်မာသရဲကားတွေကြည့်ပြီး သွေးလန့်တဲ့လူကလန့်ကြသေးတာမို့ အခုတော့လည်း မြန်မာသရဲကားတွေ မရိုက်ရတော့တာမို့ မျက်စိနောက်တော့ တော်တော်သက်သာသွားပါပြီ။

အနောက်တိုင်းသားတွေကတော့ ဘာမဆိုမှတ်မှတ်သားသားရှိကြတာကြောင့် သမိုင်းတစ်လျှောက် ရိုက်ကူးတင်ဆက်ခဲ့ကြတဲ့ ထိတ်လန့်သည်းဖိုဇာတ်ကားတွေထဲကမှ ကြောက်စရာအကောင်းဆုံးဖြစ်အောင် ရိုက်ကူးနိုင်ခဲ့တဲ့ ဇာတ်ကားပေါင်း ၁၀ကားကို အောက်ပါအတိုင်း အစီအစဉ်တကျ တင်ပြထားပါတယ်။

The Exorcist

The Exorcist: The Version You've Never Seen (DVD - 2000)
ဒါရိုက်တာ William Friedkin က စာရေးဆရာ William Peter Blatty ရဲ့ဝထ္ထုကို အသက်သွင်းခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ကြောက်စရာရသ အမြောက်ဆုံးဇာတ်ကားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဇာတ်ကားတစ်ကားလုံးဟာ သရုပ်ပီပြင်ပြောင်မြောက်လှတဲ့ အထူးပြုလုပ်ချက်တွေနဲ့ ဇာတ်လမ်းရဲ့အရှိန်ကို ကျမသွားအောင် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ကားဟောင်းကို ပြန်လည်ပြုပြင်ပြီး နောက်တစ်ကြိမ်ပြန်လည်ထုတ်လုပ်ထားတဲ့ ကားသစ်မှာတော့ အထူးပြုလုပ်ချက်တွေကို ပိုပြီးပီပြင်အောင် ပြန်လည်ပြုပြင်ထားပါသေးတယ်။ ဒီဇာတ်ကားဟာ တကယ့်ဖြစ်ရပ်မှန် ဖြစ်စဉ်ကို အခြေတည်ပြီး ရိုက်ကူးထားခဲ့တာဖြစ်တာကြောင့် သမိုင်းတလျှောက် ထိတ်လန့်စရာအကောင်းဆုံး ဇာတ်ကားဖြစ်တယ်ဆိုတာ ငြင်းချက်ထုတ်စရာမလိုလောက်အောင် ထင်ရှားလှပါတယ်။
http://www.zap2it.com/media/photo/2009-04/46333870.jpg
ထိတ်လန့်စရာအကောင်းဆုံးဇာတ်ဝင်ခန်း-
ဇာတ်ဆောင်က အပေါ်ထပ်စကြံင်္ကနေ သရဲတွေစောင့်နေကြတဲ့ အိပ်ခန်းဆီကို လျှောက်လာတဲ့ ဇာတ်ဝင်ခန်

The Haunting (1963)

The Haunting (DVD - 1963)
၁၉၉၉မှာ အသစ်ပြန်ရိုက်ထားတဲ့ စိတ်ပျက်စရာဇာတ်ကားကို မဆိုလိုပါ။ ၁၉၆၆မှာ ဒါရိုက်တာ Robert Wise ရိုက်ကူးခဲ့တဲ့ မူရင်းဇာတ်ကားကိုသာ ဆိုလိုခြင်းဖြစ်ပြီး အမှန်တကယ်ပဲ ထိတ်လန့်စရာကောင်းတဲ့ ဇာတ်ကားဖြစ်ပါတယ်။ သရဲခြောက်တယ်လို့ နံမည်ကြီးလှတဲ့ စံအိမ်ကြီးမှာ အခြားလူတွေနဲ့အတူ တစ်ညတာနေခဲ့ရတဲ့ အပြစ်ကင်းစင်ပြီး မတည်မငြိမ်ရှိလွန်းလှတဲ့ Eleanor အဖြစ် Julie Harris က အပီပြင်ဆုံး သရုပ်ဆောင်ထားခဲ့ပါတယ်။ အထူးပြုလုပ်ချက်တွေက ပထမတန်းစားတွေမဟုတ်ခဲ့ပေမယ့် ထိတ်လန့်စရာကောင်းအောင်တော့ ပြုလုပ်နိုင်စွမ်းခဲ့ပါတယ်။
http://photos.shebloggedbynight.com/images/A_3/5/2/2/12253/faves_haunting_720_df8fd.jpg
ထိတ်လန့်စရာအကောင်းဆုံးဇာတ်ဝင်ခန်း-
တစ်စုံတစ်ယောက်က
Eleanor အခန်းတံခါးကို လာခေါက်နေတာကြောင့် အခန်းဖော်ဖြစ်တဲ့ Theo ကို သူမရဲ့လက်ကို ဖျစ်ညှစ်နေတာကို ရပ်ဖို့ပြောခဲ့ပေမယ့် Theo က အခန်းအပြင်ကို ထွက်ကြည့်လိုက်ပါတယ်။

Jacob's Ladder

Jacob's Ladder
Jacob Singer အဖြစ်သရုပ်ဆောင်တဲ့Tim Robbins ဟာ ဗီယက်နမ်စစ်ပြန်တစ်ဦးဖြစ်ပြီး ထိတ်လန့်စရာကောင်းလွန်းတဲ့ စစ်ပွဲရဲ့အနိဌာရုံတွေကြောင့် စိတ်ဝေဒနာခံစားနေရသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါဟာ စစ်တပ်ရဲ့ စမ်းသပ်ချက်တွေကြောင့်လား၊ Jacob Singer ရဲ့ တကယ့်စိတ်ဝေဒနာကြောင့်လား၊ အခြားသော အကြောင်းအရာတစ်ခုကြောင့်လား သေသေချာချာ မသိနိုင်ပါ။ မကောင်းဆိုးဝါးတွေကို နေရာတကာမှာ တွေ့မြင်နေရပြီး Jacob Singer တစ်ယောက် ဘယ်သူ့ကို ယုံကြည်ရမယ်ဆိုတာ မဝေခွဲနိုင်တော့ပါ။ ဒီဇာတ်ကားဟာ ပရိသတ်တွေကို Jacob Singer ရဲ့အိပ်မက်တွေထဲကို ဆွဲဆောင်ခေါ်ယူသွားခဲ့ပြီး ဘယ်အရာက တကယ့်အစစ်အမှန်ဖြစ်တယ်ဆိုတာ ဝေခွဲရခက်အောင် ပြုလုပ်နိုင်စွမ်းပါတယ်။
http://www.stomptokyo.com/otf/Carnival-Souls/Carnival5.JPG
ထိတ်လန့်စရာအကောင်းဆုံးဇာတ်ဝင်ခန်း-
Jacob Singer ဟာ ရထားပေါ်က ဆင်းကာနီးအချိန်မှာ ရထားပေါ်မှာထိုင်နေတဲ့ တကယ့်ခရီးသည်တစ်ဦးကို ကြည့်လိုက်မိတဲ့အခါ ကွေးကောက်နေတဲ့ အမြီးတစ်ချောင်းဟာ အဲဒီလူရဲ့အောက်ကနေ ထွက်နေတာကို တွေ့ရပါတော့တယ်။

Poltergeist

Poltergeist
ရိုက်ကူးထုတ်လုပ်ခဲ့သမျှရုပ်ရှင်တွေထဲက အကောင်းဆုံးဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကို အမေရိကန် ကျေးလက်ဒေသရဲ့ လုံခြုံအေးချမ်းမှုနဲ့ ရိုးရှင်းတဲ့မိသားစုတစ်ခုရဲ့ ဘ၀ပုံစံနဲ့ အစချီထားပြီး နောက်ပိုင်းမှာ ထိတ်လန့်စရာကောင်းတဲ့ အိမ်ဖြစ်လာပုံနဲ့ သရုပ်ဖော်ထားပါတယ်။
ဇာတ်လမ်းဆင်ထားပါတယ်။ ငယ်ရွယ်တဲ့ မိသားစုနေထိုင်ကြတဲ့ ကျေးလက်အိမ်ကလေးတစ်အိမ်မှာ ထူးဆန်းပြီး ကြည်နူးစရာကောင်းတဲ့ ဖြစ်စဉ်တွေဖြစ်ပျက်ခဲ့ပြီး နောက်ပိုင်းမှာတော့ ၅နှစ်သမီးလေး ပျောက်ဆုံးသွားရာကစလို့ ထိတ်လန့်စရာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာပါတော့တယ်။ သဘာဝလွန်ဖြစ်ရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေကို ခေါ်ယူပြီး စစ်ဆေးခိုင်းခဲ့ပေမယ့် ထူးဆန်းလှတဲ့ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ဘာအဖြေမှ ထုတ်မပေးနိုင်ခဲ့ပါ။
http://quasi-mundo.com/wp-content/uploads/2010/09/enfield1.jpg
ထိတ်လန့်စရာအကောင်းဆုံးဇာတ်ဝင်ခန်း-
ကလေးပျောက်ဆုံးမှုနဲ့ ပတ်သက်လို့ ဘသာဝလွန်ဖြစ်ရပ်ဆိုင်ရာ ကျွမ်းကျင်သူ စိတ်ပညာရှင်က သူမပတ်ဝန်းကျင်မှာ လက်များစွာက ၀န်းရံနေကြောင်း ရှင်းလင်းပြောကြားရင်း “သူမဟာ ကိုယ်တိုင်အတွက်တော့ သာမန်ကလေးတစ်ယောက် ဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် ကျွန်တော်တို့အားလုံးအတွက်တော့ မကောင်းဆိုးဝါး တစ်ကောင်သာဖြစ်ပါတယ်”ဆိုတဲ့ ထိတ်လန့်စရာ မှတ်ချက်ပေးလိုက်ပါတယ်။

The Sixth Sense

The Sixth Sense
အသက်၉နှစ်အရွယ်သာ ရှိသေးတဲ့ Cole Sear အဖြစ်သရုပ်ဆောင်တဲ့ Haley Joel Osment ဟာ ကြောက်လန့်စရာကောင်းပြီး စိတ်အနှောက်အယှက်ဖြစ်စရာ မြင်ကွင်းတွေကို စိတ်အာရုံထဲမှာ အမြဲမြင်နေရပြီး သူ့ရဲ့မိခင်ဖြစ်သူကလည်း ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို နားမလည်နိုင်ခဲ့ပါ။ ကလေးဟာ ကြည့်ပျော်ရှုပျော်မရှိတဲ့ လူသေအလောင်းတွေကို နေရာအနှံ့မြင်နေသလို ထင်ယောင်ထင်မှားတွေဖြစ်လာတာကြောင့် စိတ်ပညာရှင် Malcolm Crowe (Bruce Willis) နဲ့တွေ့ပြီး အကြံညာဏ်တောင်းရပါတော့တယ်။ ဒါရိုက်တာ M. Night ဟာ ဒီဇာတ်လမ်းကို ခေတ်ဟောင်းက ထိတ်လန့်သည်းဖိုဇာတ်ကား Twilight Zone နဲ့ ခပ်ဆင်ဆင် ရိုက်ကူးခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အထူးပြုလုပ်ချက်တွေကိုတော့ လိုတာထက်ပိုမသုံးဖြစ်အောင် အတော်ဂရုစိုက်ထားပါတယ်။ ဇာတ်လမ်းကို ပါးပါးနပ်နပ်နဲ့ တည်ဆောက်ထားပြီး ထင်မှတ်မှတ်မထားတဲ့ အံ့သြစရာအဆုံးသတ်မျိုးနဲ့ ဇာတ်လမ်းကို သိမ်းထားပါတယ်။
http://images.pictureshunt.com/pics/t/the_sixth_sense-11549.jpg
ထိတ်လန့်စရာအကောင်းဆုံးဇာတ်ဝင်ခန်း-
Cole က အခန်းအလယ်မှာ အကာအကွယ်တွေနဲ့ စီရင်ထားတဲ့ ရွက်ဖျင်တဲတစ်ခုထိုးထားခဲ့ပေမယ့် တဲဆီကိုသူလျှောက်လာတဲ့အချိန်မှာတော့ တဲထဲမှာ မိန်းကလေးငယ်တစ်ယောက်ရဲ့ ၀ိညာဉ်ကသူ့ကို စောင့်နေတာကို တွေ့လိုက်ရပါတယ်။

Rosemary's Baby


Rosemary's Baby (DVD - 1968)
၁၉၆၈မှာ ဒါရိုက်တာ Roman Polanski ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားဟာ ဇာတ်ကားရဲ့ ဇာတ်ဝင်တေး၊ သရုပ်ဆောင် Mia Farrow ရဲ့ ကယောင်ခြောက်ခြားနဲ့ ကြောက်စရာကောင်းတဲ့ သရုပ်ဆောင်မှု၊ Dakota အဆောက်အဦ၊ ကြောင်တောင်တောင်နိုင်ပြီး ဟာသမြောက်လှတဲ့ Ruth Gordon ရဲ့ ဇာတ်ဆောင်စရိုက်၊ တစ်ခန်းလုံးပြည့်နေတဲ့ စေတန်မာန်နတ်ကိုးကွယ်သူ သက်ကြီးရွယ်အိုတွေစတဲ့ စံချိန်မီရိုက်ချက်တွေနဲ့ ဒီနေ့အထိတန်းဝင်ဇာတ်ကား ဖြစ်နေဆဲဖြစ်ပါတယ်။ Rosemary (Farrow) ဟာ ဘာတစ်ခုမှ နားမလည်ခဲ့ရဘဲ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ မိခင်အဖြစ် New York အခြေစိုက် ပညာသည်အဖွဲ့အစည်းကနေ ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သူမဟာ စဉ်းစားလို့တောင်မရနိုင်တဲ့ မကောင်းဆိုးဝါးတစ်ကောင်ရဲ့မိခင်အဖြစ်ကို တကယ်ရောက်နေပြီလားဆိုတဲ့ သံသယတွေဝင်လာပါတော့တယ်။ ဒါပေမယ့် သူမကို ယုံကြည်မဲ့သူမရှိပါ။
http://www.moviemobsters.com/wp-content/uploads/2009/10/rosemarys_baby_still.jpg
ထိတ်လန့်စရာအကောင်းဆုံးဇာတ်ဝင်ခန်း-
Rosemary ရဲ့ ကြောက်စရာ အိပ်မက်တွေ။

The Omen


The Omen (DVD - 1976)
ဒီဇာတ်ကားကတော့ ခရစ်တော်ကိုဆန့်ကျင်သူနေရာမှာ လူကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ ပထမဆုံးဇာတ်ကားဖြစ်ပြီး Damien လို့ခေါ်တဲ့ ကလေးတစ်ယောက်အဖြစ်နဲ့ ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒီကလေးဟာ ဗြိတိန်နိုင်ငံမှာ တာဝန်ကျနေတဲ့ အမေရိကန်သံအမတ်ကြီးရဲ့ ကလေးအဖြစ်မွေးဖွားခဲ့ပါတယ်။ ကလေးဟာ ထိတ်လန့်စရာကောင်းတဲ့ သွေးအေးရက်စက်မှုမျိုးတွေရှိသလို သူ့ပတ်ဝန်းကျင်က အလုပ်သမားတွေ၊လူတွေဟာ သူ့ကိုယုံကြည် ကိုးကွယ်ကြပြီး၊ သူ့ကိုကာကွယ်ဖို့အတွက် ဘာမဆို စွန့်လွှတ်ကြ၊ လုပ်ကြပါတော့တယ်။
http://www.best-horror-movies.com/image-files/the-omen-damien-crosses.jpg
ထိတ်လန့်စရာအကောင်းဆုံးဇာတ်ဝင်ခန်း-
Damien ရဲ့မွေးနေ့ပါတီပွဲမှာ သူ့ရဲ့အထိန်းတော်အမျိုးသမီးဟာ သူ့ကိုသစ္စာရှိမှုကို သက်သေပြဖို့ ခေါင်မိုးကနေ ကြိုးဆွဲချပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။

The Innocents


The Innocents (DVD - 1961)
Henry James ရဲ့The Turn of the Screw ၀ထ္ထုကို ၁၉၆၁ ခုနှစ်မှာရိုက်ကူးခဲ့တဲ့ ဒီရုပ်ရှင်ဟာ ပရိသတ်ကို ၀ိတိုရိယခေတ် အင်္ဂလန်နိုင်ငံရဲ့ ထိတ်လန့်စရာ ၀ိညာဉ်လောကထဲကို တဖြည်းဖြည်းချင်း ဆွဲခေါ်သွားပါတယ်။ မိဘမဲ့ မောင်နှမနှစ်ယောက်ကို စောင့်ရှောက်ဖို့ ငှားရမ်းခံရတဲ့ အထိန်းတော်အမျိုးသမီးအဖြစ် Deborah Kerr က သရုပ်ဆောင်ထားပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ သူ့အိမ်လေးဟာ ကလေးနှစ်ယောက် ရောက်လာချိန်ကစလို့ ထူးဆန်းတဲ့ဖြစ်ရပ်တွေနဲ့အတူ ထိတ်လန့်စရာတွေ ဖြစ်လာပါတော့တယ်။ သူမဟာ ၀ိညာဉ်တွေကို မြင်လာရပြီး အိမ်ရဲ့အတိတ်ကလျှို့ဝှက်ချက်တွေဟာ ပစ္စုပ္ပန်ကာလနဲ့ ကလေးနှစ်ယောက်အပေါ်မှာ ဘယ်လိုအကျိုးဆက်တွေ သက်ရောက်နေတယ်ဆိုတာကိုပါ နားလည်လာပါတော့တယ်။http://www.best-horror-movies.com/image-files/the-innocents-stephens-friend.jpg

Psycho


Psycho (DVD - 1960)
၁၉၈၈ခုနှစ်မှာ ပြန်ရိုက်ခဲ့တဲ့ စိတ်ပျက်စရာဇာတ်ကားကို ဆိုလိုခြင်းမဟုတ်ဘဲ ၁၉၆၀မှာ ဒါရိုက်တာ Alfred Hitchcock ရိုက်ကူးခဲ့တဲ့ ထိတ်လန့်စရာ အဖြူ၊အမည်း ရုပ်ရှင်ကားကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီဇာတ်ကားက သရုပ်ဆောင်မှုတွေ၊ ရိုက်ချက်တွေ၊ ဓာတ်ပုံပညာအယူအဆတွေဟာ တကယ့်ပထမတန်းစားတွေ ဖြစ်ပါတယ်။ Norman Bates အဖြစ်သရုပ်ဆောင်တဲ့Anthony Perkins ရဲ့ ထိတ်လန့်တုန်လှုပ်စရာကောင်းလောက်အောင် ပြောင်မြောက်လွန်းတဲ့ သရုပ်ဆောင်မှုတွေကို နှိုင်းယှဉ်နိုင်တဲ့ သရုပ်ဆောင်လည်း ဒီနေ့အထိ မပေါ်ပေါက်သေးပါ။ ဟာ အစစအရာရာ ရှားပါးလှတဲ့ ခေတ်ဆိုးခေတ်ကြပ်ကြီးမှာ အသုံးစရိတ်အနည်းငယ်နဲ့ ဖြစ်အောင်ရိုက်ကူးခဲ့ရတာကြောင့် သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင်နဲ့ သရုပ်ဆောင်မှု၊ တင်ဆက်မှုကလွဲပြီး အခြားသော အထူးပြုလုပ်ချက်တွေကို ဘာတစ်ခုမှ အသုံးမပြုနိုင်ခဲ့ပါ။ ဒါပေမယ့် ဒီဇာတ်ကားဟာ ဇာတ်ကားအဖွင့်စာတမ်းကအစ Bernard Herrmann ရဲ့သရုပ်ဆောင်မှုအဆုံး မေ့ပျောက်လို့မရနိုင်အောင် ထူးခြားပြောင်မြောက်လှတဲ့ကားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
http://course1.winona.edu/pjohnson/h140/studentsf01/psycho/psycho1.jpg
ထိတ်လန့်စရာအကောင်းဆုံးဇာတ်ဝင်ခန်း-
ရေချိုးတဲ့ဇာတ်ဝင်ခန်းလို့ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် တကယ့်ထိတ်လန့်စရာအကောင်းဆုံးဇာတ်ဝင်ခန်းဟာ
Norman Bates က ရုပ်လုံးသွင်းထားတဲ့ငှက်ရုပ်တွေကြားမှာ Marion Crane (Janet Leigh) ကို တုန်တုန်လှုပ်လှုပ်နဲ့ စကားပြောနေတဲ့ အခန်းဖြစ်ပါတယ်။

The Shining

The Shining
Stanley Kubrick ဟာ Stephen King ရဲ့ဝထ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းချင်ခဲ့တာဟာ ရည်မှန်းချက်တစ်ခုပြည့်မြောက်ရုံအတွက်သာမက သွေးလန့်၊ ကြောက်ရွံ့ပြီး မမေ့နိုင်စရာကောင်းလှတဲ့ သည်းထိတ်ရင်ဖိုတွေကို ဝေမျှလိုတဲ့ ဆန္ဒလည်းပါဝင်ခဲ့ပါတယ်။ ဇာတ်လမ်းကို စကြည့်ချိန်မှာတော့ သရုပ်ဆောင် Jack Nicholson ဟာ လူတွေလှုပ်လှုပ်ရှားရှားရှိလွန်းတဲ့ ဌာနတစ်ခုက လက်ရဲဇက်ရဲနိုင်လွန်းတဲ့ လူတစ်ယောက်လို့ထင်ရပါတယ်။ ဒါပေမယ့် သူ့ရဲ့နောက်ပိုင်း သရုပ်ဆောင်မှုတွေကို ကိုဆက်ကြည့်နေရင်းက ပရိသတ်ရဲ့ အာရုံကြောတွေ၊ အရေပြားတွေထဲကိုအထိ စိမ့်ဝင်သွားစေမယ့် ထိတ်လန့်တုန်လှုပ်စရာတွေကို ခံစားရမှာဖြစ်ပါတယ်။ ဇာတ်ဝင်ခန်းတွေဟာ သဘာဝကျလွန်းပြီး ကြောချမ်းစရာကောင်းလှသလို Shelly Duvall ရဲ့ သရုပ်ဆောင်မှုကလည်း သွေးလန့်စရာကောင်းလောက်အောင် ပြောင်မြောက်လွန်းပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားဟာ တစ်ခါပြီးတစ်ခါ ထပ်ကြည့်ချင်စိတ်ဖြစ်ပေါ်စေတဲ့ဇာတ်ကားဖြစ်တယ်ဆိုတာကတော့ သံသယဖြစ်ဖို့မလိုပါ။
http://www.movieriffic.com/wp-content/uploads/2010/07/6a00d8341c7a0853ef0120a63f15e4970b-800wi.jpg
ထိတ်လန့်စရာအကောင်းဆုံးဇာတ်ဝင်ခန်း-
စကြံင်္လမ်းမှာနေတဲ့ သေးသေးသွယ်သွယ် အမွှာညီအစ်မရဲ့ ၀ိညာဉ်တွေ။

အထက်မှာတင်ပြခဲ့တဲ့ ဇာတ်ကားတွေကို အကုန်တော့မကြည့်ဖူးပေမယ့် တ၀က်ကျော်လောက်ကိုတော့ ကြည့်ဖူးပါတယ်။ တကယ့်ကိုပဲ စိတ်လှုပ်ရှားမှုနဲ့အတူ ပီပြင်တဲ့ဘယာနကရသကို ခံစားရတာတော့ တကယ်သေချာလှပါတယ်။

No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger