Sunday 3 October 2010

ချောကလက်နဲ့လုပ်တဲ့လှေ . . .

ချောကလက်ဆိုတာ
စားစရာကို ခေါ်မှန်းတော့ ငယ်ငယ်ကတည်းက သိခဲ့တာပါ။ အရသာက အီလည်လည်ကြီးဆိုတော့ ခံတွင်းမလိုက်တာနဲ့ တစ်ခါမှမက်မက်စက်စက် မစားခဲ့ဖူးပါ။ အရွယ်လေးရောက်လာလို့ စိတ်ကစားတဲ့အချိန်ရောက်လာတော့ သူများနိုင်ငံကသတ်မှတ်ထားတဲ့
St. Valentine's Day ကို အချောင်မွေးစားထာပြီး အတင်းကာရောမြန်မာမှုပြုလို့ “ချစ်သူများနေ့” ဖြစ်လာတဲ့ ဖေဖော်ဝါရီ ၁၄မှာတော့ ချောကလက်တစ်ဗူးလောက်ဝယ်ပြီး ပေးစရာလိုက်ရှာခဲ့ဖူးပါတယ်။ အူကြောင်ကြား၊ သစ်ငုတ်တိုမို့ ပေးစရာလည်းမရှိ၊ ယူမယ့်သူလည်း မရှိတာကြောင့် နှမြောတာနဲ့ ကိုယ့်ချောကလက်ကို ကိုယ့်ဖာသာ ကြိတ်မှိတ်ပြီးတော့ နှစ်တိုင်းလိုလို စားခဲ့ဖူးပါတယ်။

အခုတော့ ထူးထူးဆန်းဆန်း
ပြင်သစ်ပြည်က ချောကလက်လုပ်သမားတစ်ယောက်က ချောကလက်သက်သက်နဲ့ လုပ်ထားတဲ့လှေကိုအောင်အောင်မြင်မြင် ရေချနိုင်တဲ့သတင်းကို တအံ့တသြ ဖတ်လိုက်ရပါတယ်။
၂၀၁၀ စက်တင်ဘာ ၁၆ရက်နေ့ကပါ။

ပြင်သစ်လူမျိုး
Georges Larnicol ဟာ ပြင်သစ်နိုင်ငံအနောက်ပိုင်းမှာ ချောကလက်ဆိုင်ပေါင်း တစ်ဒါဇင်ပိုင်ဆိုင်တဲ့သူ ဖြစ်ပါတယ်။ သူဟာ ချောကလက်နဲ့ သကြားရောပြီးလုပ်ထားတဲ့ ၃.၅မီတာအရှည် လှေတစ်စီးကို ပရိတ်သတ်ရာပေါင်းများစွာရဲ့ရှေ့မှာပဲ ပြင်သစ်ပြည် Concarneau ဆိပ်ကမ်းမှာအောင်အောင်မြင်မြင် ရေချပြခဲ့တာပါ။

အဲဒီပုဂ္ဂိုလ်ကြီးက သူ့မိတ်ဆွေတွေနဲ့ အလောင်းအစားလုပ်ပြီး ရေချလို့ရတဲ့ ချောကလက်လှေကို လုပ်ပြခဲ့တာပါ။ ဘာပဲပြောပြော သူနိုင်သွားပြီပေါ့။ ဒါပေမယ့် ချောကလက်တွေတော့ အလဟဿဖြစ်ကုန်မယ် ထင်ပါရဲ့။ သူတို့လူမျိုးကလည်း သမိုင်းတွင်မဲ့ကိစ္စမျိုးသာဖြစ်ပါစေ ဘာပဲရင်းရရင်းရလုပ်လေ့ရှိတာမို့ ဒီလောက်ကတော့ အသေးအဖွဲလို့များ တွေးနေမလားပဲ။

ကိုယ်ကတော့ အဲဒီဥာဏ်ကြီးရှင်နဲ့များတွေ့ရင် ပင်လယ်ထဲကိုရွက်လွှင့်လို့ရတဲ့ ချောကလက်လှေတစ်စင်းလောက် ဆောက်ခိုင်းရင် ကောင်းမလားစဉ်းစားတယ်။ ဒါဆို လမ်းမှာဘာရိက္ခာမှ သယ်သွားစရာမလိုတော့ဘူးပေါ့။ စီးလည်းစီး၊ စားလည်းစား။ အဆင်တော်တော်ပြေမယ်။

A French chocolatier launched a 3.5m chocolate and sugar boat in front of a crowd of hundreds of onlookers in the port of Concarneau.

Chocolate creator Georges Larnicol, who owns a dozen shops across western France, won a bet by successfully building a seaworthy boat from chocolate.


No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger