Sunday 9 May 2010

တိုက်ရိုက်မွေးစားစာလုံးများ . . .

မြန်မာဝေါဟာရတွေထဲမှာ အင်္ဂလိပ်ဘာသာစကားကနေ တိုက်ရိုက်မွေးစားထားတဲ့ ဝေါဟာရတွေ တော်တော် များများ ရှိပါတယ်။ တစ်ချို့ဝေါဟာရတွေကတော့ ပုံမပျက်ရှိကြပေမယ့် တော်တော်များများကတော့ ပုံစံပြောင်းသွားကြပါတယ်။ အထူးသဖြင့်တော့ ကိုလိုနီခေတ်လောက်က မွေးစားထားတဲ့ ဝေါဟာရတွေဟာ မူလပိုင်ရှင်ဖြစ်တဲ့ အင်္ဂလိပ်တောင် မမှတ်မိနိုင်လောက်အောင် ပုံပြောင်းသွားတာများပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီအချိန်က အင်္ဂလိပ်စာနဲ့ အထိအတွေ့နည်းကြလို့ပါ။ နားကတော့ ကြားပေမယ့် ပါးစပ်ကလိုက်ပြီူးအသံထွက်ဖို့ အခက်အခဲဖြစ်တာကြောင့် ခပ်လွယ်လွယ်ပဲ ခေါ်လိုက်ရင်းနဲ့ နောက်ပိုင်းမှာ နှုတ်ကျိုး၊ လူသုံးများလာပြီး ဝေါဟာရသစ်တွေ ဖြစ်သွားကြတာပါ။ အဘွားပြောသလို ရောဘတ်ကနေဒီ ဆိုတော့ ခေါ်ရခက်လို့ ထောပတ်ဂျလေဘီလို့ပဲ ခေါ်လိုက်တာမျိုးပေါ့။

ဒီဘက်ခေတ်မှာတော့ တော်တော်များများက အင်္ဂလိပ်စာနဲ့ ရင်းနှီးနေကြပြီဖြစ်လို့ မွေးစားရင်တောင် သိသိ သာသာ၊ပီပီသသရှိပါတယ်။ ဥပမာ ။ ။ကွန်ပြူတာ၊ အီကွေတာ၊ ဒါရိုက်တာ တို့လို စကားလုံးမျိုးတွေပေါ့။
တစ်ချို့မွေးစားဝေါဟာရတွေကတော့ အသုံးနည်းလို့ ပျောက်သလောက်ရှိနေပါပြီ။ ဘာပဲဖြစ်ဖြစ် နောက်မျိုးဆက်သစ်တွေ ဗဟုသုတဖြစ်အောင် လက်လှမ်းမီသလောက် စုဆောင်းပေးလိုက်ပါတယ်။

ဆားပုလင်း(Surveillance) လူဆိုးထိန်းပုလိပ်
ပတ္တရောင်လှည့်(Part round) အချိန်ပိုင်းလှည့်လည်စစ်ဆေးသည်၊ ကင်းလှည့်သည်
သမ္မာန်စာ(Summon)ဆင့်ခေါ်စာ၊ အကြောင်းကြားစာ
စာသင်ပုလိပ်(Sergent)တပ်ကြပ်ကြီး
သပြုသီးအရာရှိ(Deputy officer)လက်ထောက်အရာရှိ
မော်တော်ကား(motor car) ကား
ဘုတ်အုပ်(Book) စာအုပ်
ဝရမ်း(Warrant)ဖမ်းဆီးခွင်ံ့၊ ရှာဖွေခွင့်လက်မှတ်
တာယာ(Tyre) စက်ဘီး၊ ဆိုင်ကယ်တာယာ
ကျွတ်(Tube) လေထည့်ထားနိုင်သောရာဘာပြွန်
အိပ်ဇောပိုက် ( Exhaust pipe)အညစ်အကြေး၊ မီးခိုးထွက်ပိုက်
ဖောက်(Fork) စက်ဘီး၊ ဆိုင်ကယ်ဘီးများအခုန်သက်သာစေရန်တပ်ထားသော ခက်ရင်းခွ
ထောင်ဝါဒါ(Warden) ထောင်မှူး
ဂိုဒေါင်(Godown) ကုန်လှောင်ရုံ
ဘောက်ချာ(Voucher) ငွေစာရင်းဖြတ်ပိုင်း
ဂိုလီဘာ(Goal keeper) ဘောလုံးဂိုးဖမ်းသမား
ဖောင်းဘော(Foul ball) ပစ်ဒဏ်ဘော
ဘတ်သီး(Bulb) လျှပ်စစ်မီးသီး
ရှော့ဘား(Shock absorber) လမ်းကြမ်းများတွင် ကားအခုန်သက်သာစေရန်တပ်ထားသော လေးကိုင်းများ
ဟန်လယ်(Handle) ကားစက်နှိုးရာတွင်သုံးသော လက်ကိုင်ပါအတံ
ယူနီဖောင်း(Uniform) တူညီဝတ်စုံ
လယ်ဂျာ(Ledger) စာရင်းဇယားစာအုပ်
အင်စပိတ်တော်(Inspector)စစ်ဆေးရေးအရာရှိ
ပုလိပ်(Police) ရဲသား

ဒီ Post က မပြည့်စုံသေးပါဘူး၊ မကြာခင် ပြန်ပြီးဖြည့်ရေးပါဦးမယ်။



No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger