Friday 7 May 2010

Some Useful Idioms

Idioms ဆိုတာ တကယ်တော့ ဗန်းစကား၊ အရပ်သုံးစကား ဖြစ်လို့ပညာတတ် လူတန်းစားနဲ့တော့ သိပ်မသင့်တော်ပါ။ ဒါပေမယ့် မသိသင့်တဲ့ ပညာဆိုတာတော့ မရှိတာမို့ သိအောင်လုပ်ထား ဖို့တော့ လိုပါတယ်။ ဒါကြောင့် အသုံးများတဲ့ Idioms အချို့ကို စုဆောင်းတင်ပြလိုက်ပါတယ်။


from A to B - အစအဆုံး

He knows the facts of the case from A to Z।( ဒီဖြစ်စဉ်ရဲ့ အချက်အလက်တွေကို သူအစအဆုံးသိတယ် )


about toအံ့ဆဲဆဲ

When you called, I am about to leave।(မင်းခေါ်တဲ့အချိန်က ငါအပြင်ထွက်ကာနီးပဲ)


ace in the hole ၀ှက်ဖဲ

His strength in a crisis is an ace in the hole।(အကြပ်အတည်းကြားထဲမှာ သူ့ရဲ့ခွန်အားဟာ သူ့ရဲ့ဝှက်ဖဲပဲ)


hot air ကြွားလုံး

He talks a lot of hot air।(သူတော်တော်ကြွားလုံးထူတာပဲ)


alive and kicking ဒေါင်ဒေါင်မြည် ကျန်းမာသော

He is alive and kicking now। (သူအခုတော့ ဒေါင်ဒေါင်မြည် ကျန်းမာနေပြီ)


all in oneစွယ်စုံသုံး

It is a corkscrew and bottle-opener all in one।( ဒါက ဖော့ဆို့နဲ့ ပုလင်းဖွင့်တဲ့ စွယ်စုံသုံး ကိရိယာပဲ)


alpha and omegaအစအဆုံး၊ အရာရာ

She is the alpha and omega of his life।(သူမဟာ သူ့ဘ၀အတွက် အရာရာပဲ)


answer back ပြန်ရန်တွေ့သည်၊ ခံပြောသည်

When your mother scolds you, you should not answer back।(မင်းအမေ မင်းကိုဆူရင် မင်းကပြန်ခံ မပြောသင့်ဘူး)


arm-chair criticလက်တွေ့မသိဘဲ ဝေဖန်သူ

U Ba is nothing, but an arm-chair critic।(ဦးဘဟာဘေးထိုင်ဘုပြောသမားကလွဲပြီး ဘာမှမဟုတ်ပါဘူး)


with open arms လှိုက်လှိုက်လှဲလှဲ

His father received him with open arms।(သူ့အဖေက သူ့ကိုလှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်)


under armsလက်နက်တပ်ပြီး အဆင်သင့်ဖြစ်သော

We will be under arms within two years।(ငါတို့တွေ နှစ်နှစ်အတွင်း လက်နက်တပ်ပြီး အဆင်သင့်ဖြစ်မယ်)

No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger