Wednesday 12 May 2010

တွေးမိတယ် . . .

ဘ၀ဆိုတဲ့ အဓိပ္ပာယ်ကို မကြာမကြာစဉ်းစားမိပါရဲ့။ စဉ်းစားတိုင်းလည်း ခေါင်းတွေချာချာလည်ပါတယ်။ ထွက်သမျှအဖြေကလည်း တစ်ခါနဲ့တစ်ခါ မတူပါ။ ဘာကြောင့်မတူပါလိမ့်ဆိုတာ စဉ်းစားမိရင် ပိုပြီးခေါင်းရှုပ်ရ ပြန်ပါတယ်။ ဘ၀ဆိုတာ ပျော်ရင်တစ်မျိုး၊ စိတ်ညစ်ရင်တစ်ဖုံ ပုံပြောင်းတတ်တဲ့ သတ္တ၀ါတစ်ကောင်များ ဖြစ်နေမလားမသိ။

တကယ်လို့များဘ၀ဆိုတာ အဲဒီလိုသတ္တ၀ါတစ်ကောင်သာဖြစ်ခဲ့ရင် ဖမ်းပြီး ပုလင်းထဲထည့်ထားစရာ ကောင်းတယ်။ ဒါမှအရောင်မပြောင်းနိုင်မှာ။ အဲဒီလိုမှမလုပ်ရင် ပုံစံအမျိုးမျိုးနဲ့ လူတွေကို ဒုက္ခအမျိုးမျိုး ပေးနေမယ်။ ဘ၀ကို လိုသလို ပုံသွင်းပြီး၊ စိတ်ကြိုက်ဖြစ်မှ ပြန်လွှတ်ပေးရရင်ကောင်းမယ်။ တစ်ခါတစ်လေ ဘ၀ဆိုတာကို လူတွေက စီမံခွင့် ရရင် ဘယ်လိုများနေမလဲလို့ တွေးမိတာပါ။ ဘာရယ်မဟုတ်ပါဘူး။

တစ်ခါတစ်ခါ ပြောင်းပြန်တွေးကြည့်မိတာလည်း တစ်မျိုးတော့ပျော်စရာကောင်းပါတယ်။ ကိုယ့်ကိုအမြဲတမ်းအနိုင်ကျင့်နေတဲ့သူကို ပြန်အနိုင်ယူရသလိုမျိုးနဲ့ခပ်ဆင်ဆင်ဖြစ်မယ်ထင်ရဲ့။

ဘာရယ်မဟုတ်ပါဘူး။ ညဘက်အိပ်မပျော်တာနဲ့ တွေးမိတာလေးပါ...

No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger