Tuesday 18 May 2010

မိုးတွေရွာနေပြီ. . .

ရာသီဥတုလေးသာယာလာတော့လည်း လောကကြီးကကြည်နူးစရာကောင်းနေပြန်ရော။ မိုးကလေး ဆက်တိုက် ရွာပေးနေတာ သုံးရက်ရှိသွားပြီ။ မိုးကလေးကတော့ တကယ့်ကို မိုးကလေးပါပဲ။ ရွာတယ်ဆိုရုံ ဖွဲဖွဲလေး။

ဖွဲဖွဲလေးလည်း ချစ်စရာကောင်းပါတယ်။ လောကကို အအေးဓာတ်ပေးနေတယ်လေ။ ပူပူလောင်လောင်ကြီးနေခဲ့ရတဲ့ကာလက နည်းတာမှမဟုတ်ဘဲ၊ လေး၊ ငါး၊ ခြောက်လလောက်ဆိုတော့ မသက်သာဘူး။ မနက်မိုးလင်းလို့ အလင်းရောင်ရပြီဆိုတာနဲ့ ပန်ကာဖွင့်ထားမှ နေလို့ရတယ်။ ပန်ကာကလေး ခမျာလည်း တစ်နေကုန်တစ်နေခန်း လူအိပ်တာတောင်မအိပ်ရရှာဘူး။ ကြာရင်သူလည်း စောစောစီးစီး သက်တန်းစေ့သွားရှာလိမ့်မယ်။

ညနေညနေ ၄ နာရီလောက်ဆိုရင် မိုးကလေးတစ်ဖွဲဖွဲနဲ့ဆိုတော့ ရင်ထဲမှာ အေးအေးချမ်းချမ်းခံစားရတာတော့
အမှန်ပါ။ မိုးဆိုတာလည်း လူတွေရဲ့ဒဏ်ကို တော်တော်ခံရရှာတာပါ။ မရွာတော့လည်း မရွာလို့၊ မိုးရွာပြန်တော့
နည်းတဲ့အခါလည်း နည်းပြန်ပြီ၊ များရင်လည်းများပြန်ပြီဆိုပြီး ဘယ်ဘက်ကမှ အပြောအဆိုမလွတ်ရှာပါဘူး။ လူတွေများတော့ ခက်ပါတယ်။ လောကကို အကောင်းမြင်စိတ်ကလေးနဲ့ ကြည့်ကြရင် အရာရာလှသွားမယ်ဆိုတာ
မသိကြဘူးထင်ပါရဲ့။

ဘာပဲဖြစ်ဖြစ်လေ မိုးရွာတော့ နေလို့ကောင်းတာကတော့ အမှန်ပါပဲ။ ကြိုဆိုပါတယ်မိုးရေ...

No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger