Wednesday 12 May 2010

ဘ၀ထဲက ညကဗျာ...

ည...
တိတ်ဆိတ်ငြိမ်သက်
အိပ်မက်ဗလာ

ဘ၀...
တိတ်ဆိတ်ငြိမ်သက်
အိပ်မက်ဗလာ

ကဗျာ...
အိပ်ပျက်ညရဲ့
ဘ၀အဖော်
အိပ်မက်ပေါ်က
သောကခြေရာ
ငါ့ကမ္ဘာ ။ ။

ဟန်ကြည်

၁၂.၅.၁၀(မနက်၎နာရီ)

3 comments:

chocothazin said...

တညလုံးများ ရေးထားတာလား အစ်ကိုရေ။
အိမ်ကိုများလွမ်းနေသလားပဲ။
ပျော်ရွှင်ပါစေ နော်။

Han Kyi said...

တစ်ပြည်မခြားပေမယ့် မတွေ့အားတဲ့ ဘ၀ဆိုတော့
လွမ်းတာပေါ့ ညီမရေ။ ဘ၀ဆိုတာ ဒီလိုပါပဲ...

Unknown said...

အားပေးသွားပါသည်

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger