Saturday 29 May 2010

ဒီနေ့ မပျော်ပါ . . .

စာမရေးဖြစ်တာ သုံးရက်ကြာသွားတယ်။ အလပ်များတာကနည်းနည်း စိတ်မကြည်တာကများများကြောင့်ပါ။ လူတစ်ခု၊ ပူမှုရယ်တဲ့ ဆယ်ကုဋေလို့ ရှေးလူကြီးတွေဆိုထားခဲ့တာ သိပ်မှန်ပါတယ်။ တစ်ခါတစ်ခါ သူများအတွက် ဘာမှမဖြစ်လောက်တဲ့ ကိစ္စလေးတွေက ကိုယ့်အတွက်ကျမှ စိတ်ညစ်စရာကြီးကြီးမားမားဖြစ်နေတတ်တာ သိပ်ဆိုးပါတယ်။ အရွယ်လေးလည်း အထိုက်အလျောက်ရလာပြီဖြစ်တာကြောင့် တရားသဘောနဲ့ဆင်ခြင်နိုင်တဲ့ အသိဉာဏ်နည်းနည်းတော့ရှိလာပြီဆိုနိုင်ပေမယ့် တရာသဘောကပ်မိတာ ဆယ်ခါ့တစ်ခါပါ။ ဒီလိုသာ မကြာမကြာ စိတ်ညစ်နေရရင် အသက်တိုမယ်ထင်ပါရဲ့။

ဘ၀မှာကြုံလာသမျှပြဿနာတွေကို ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါးနဲ့ ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ လူတွေကိုတွေ့တိုင်းအားကျမိပါတယ်။ တကယ်ဆိုရင် ဘ၀မှာလုပ်နေကိုင်နေ၊ ကြိုးစားနေသမျှအားလုံးဟာ ပျော်ရွှင်ချမ်းမြေ့တဲ့စိတ်ခံစားမှုကို ရဖို့ပဲမဟုတ်လား။ ကိုယ့်အဖြစ်ကျမှ ကြိုးစားလေ၊ အောင်မြင်လေ၊ စိတ်ညစ်စရာများလေဖြစ်နေရတာ ပြန်တွေးတိုင်းဝမ်းနည်းပါတယ်။ အဲဒီအချိန်တိုင်း အဝေးကမိဘတွေကို လွမ်းလိုက်တာ...

အခုနေများ မိဘရင်ထဲခေါင်းဝင်တိုးပြီး ခံစားရတာတွေကို ရင်ဖွင့်ပြောနိုင်တဲ့ အခြေအနေကို ချက်ခြင်းရောက်နိုင်ရင် ဘယ်လောက်များကောင်းလိမ့်မလဲနော်......

2 comments:

khin oo may said...

ဒီမှာရင်ဖွင့်လဲရပါတယ။်

မိုးခါး said...

ရင်ဖွင့်ချင်တာတွေကို ဘလော့မှာ ဖွင့်ချလိုက်ပေါ့
အထိုက်အလျောက်တော့ သက်သာသွားမှာပါ
သူငယ်ချင်း မိတ်ဆွေတွေရဲ့ အားပေးစကားတွေနဲ့ ..း))
စိတ်သောကတွေက အမြန်ဆုံး ကင်းဝေးပါစေ ..း))

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger